အပိုင်း (၁၀၇၂)

107 30 0
                                    


#Unicode


ပိုမိုရှုပ်ထွေးတဲ့ အမိန့်များ။

ရူဟန်က ချည်နှောင်ခြင်း အမိန့်လို့ အော်လိုက်တော့ လေထဲမှာ မမြင်ရတဲ ့စွမ်းအင်တွေ စုဝေးလာပြီး ဒေါင်ဖန်းခြောက် ရဲ့ခန္ဓာကိုယ်ကို သက်ရောက်လာတယ်။

"တကယ်ဖြစ်တာပဲ" အဲကွန်း ပေါ်မှာ ထိုင်နေတဲ့ သခင်လေး ဖီးနစ် သတ်ဖြတ်သူ က မျက်စိတွေ ပေကလပ် ပေကလပ် ဖြစ်သွားတယ်။

အခန်းထဲမှာ ရှိတဲ့လူအားလုံးက စွမ်းအင်တွေကို ခံစားမိတယ် ။

ရူဟန်က မေးလိုက်တယ် "အလုပ်ဖြစ်လား"

ဒေါင်ဖန်ခြောက်က ခေါင်းကို ယမ်းခါလိုက်တယ် "မဖြစ်ဘူး။ ငါက တစ်ခုမှ ချည်နှောင်တာကို မခံစားရဘူး:"

"မဟုတ်ဘူး။ ဒီလို မဖြစ်နိုင်ဘူး။ သူငယ်ချင်းလေး ရူဟန် အမိန့်ပေးလိုက်ချိန်မှာ မင်းကိုယ်ပေါ်မှာ စွမ်းအင် အနည်းငယ ်သက်ရောက်သွားတယ်" သခင်လေး ဇီးနစ် သတ်ဖြတ်သူ က ပြောလိုက်တယ် ။

ဒေါင်ဖန်းခြောက် က ခဏလောက် စဉ်းစားလိုက်တယ်။ ပြီးနောက် "ငါ့ကို တစ်ခုခုက ရစ်ပတ်လိုက်တာကိုတော့ ခံစားမိတယ်။ ဒါပေမဲ့ ငါ့ကို မချည်နှောင်ဘဲ လွတ်ထွက်သွားပုံ ရတယ်"

ရှောင်ချိုက် က စိတ်ဝင်တစား နဲ့ ပြောလိုက်တယ် "မင်း ခန္ဓာကိုယ်ကနေ ချော်ထွက်သွားတာလား။ ဘယ်လိုဖြစ်တာလဲ"

"တာအိုရောင်းရင်းစွန်း ရဲ့ အဆင့်က ဒေါင်ဖန်းထက် နိမ့်နေလို့ ဖြစ်မယ်။ စီနီယာ ခုနှစ်ယောက်မြောက် ကြီးမြတ်သူ သီလ ပြောသလို ဆိုရင် ဒီလုပ်ဆောင်ချက်က အသုံးပြုသူူရဲံ အားအင် က နိမ့်ကျနေမယ်ဆိုရင် မဖြစ်နိုင်လောက်ဘူး" မိစ္ဆာနတ်ဘုရား နိဗ္ဗာန်က ခန့်မှန်းလိုက်တယ်။

"အဲလိုမဟုတ်လောက်ဘူး။ ချည်နှောင်ခြင်းစွမ်းရည် က သက်ရောက်တယ်။ သူမကို တစ်ခုခု ရစ်ပတ်သလို ခံစားမိတယ်လို့ ဒေါင်ဖန်းခြောက်က ပြောတယ်မဟုတ်လား။ ဒါပေမဲ့ လွတ်ထွက်သွားတယ်။ ဒီဖြစ်စဉ်မှာ တစ်ခုခု မှားနေတာပဲ ဖြစ်ရမယ်" ခုနှစ်ယောက်မြောက် ကြီးမြတ်သူ သီလ က သူ့မေးစေ့ကို ပွတ်သပ်ရငး် ပြောလိုက်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Where stories live. Discover now