အပိုင်း (၉၉၀)

133 32 0
                                    


#Unicode


ကြီးမြတ်တဲ့စိတ်ဝိညာဉ် လိပ်ပြာက ကြင်နာစွာနဲ့ သတင်းအမှား ပေးခဲ့တယ်။

စီနီယာအဖြူ က မြေကြီးကို လက်လှမ်းပြီး ဆွဲထုတ်လိုက်တယ်။ မကြာမီမှာပဲ မီးအရည်လို အရာ က မြေကြီးကနေ ဆွဲထုတ်ခံလိုက်ရတယ်။

"ဒါ ဘာလဲ" ရီစင့် က စိတ်ဝင်တစားနဲ့ မေးလိုက်တယ်။

"ဒါက ညစ်ညမ်းမှုကြောင့် သန္ဓေပြောင်းသွားတဲ့ မီးဓာတ် စိတ်ဝိညာဉ်သွေးကြောပဲ။ နောက်ဆုံးမှာတော့ သန္ဓေပြောင်း စိတ်ဝိညာဉ်သွေးကြော အဖြစ် သတ်မှတ်လို့ရတဲ့ အရာပဲ။ ကြမ်းတမ်းတဲ့ စိတ်ဝိညာဉ်သွေးကြော ၊ သေစေနိုင်တဲ့ စိတ်ဝိညာဉ်သွေးကြော၊ ကပ်ဘေးစိတ်ဝိညာဉ် သွေးကြော၊ ကျင့်ကြံသူတွေ၏ သတ်ဖြတ်သူ စတဲ့ နာမည် အမျိုးမျိုးရှိတယ်။" ကြီးမြတ်တဲ့အဖြုူ က ပြောရင်း ထိုအရာကိုသေချာ စည်းချလိုက်တယ်။ ပြီးနောက် ကြီးမားတဲ့ ဖန်ပုလင်း တစ်ခုထဲ ထည့်လိုက်တယ်။

"ကျင့်ကြံသူတွေ ကို သတ်ဖြတ်နိုင်တဲ ့စိတ်ဝိညာဉ်သွေးကြောလား။ ငါကြားဖူးတာတော့ အဲ့အရာက ကျင့်ကြံသူတွေကို မြင်ရင် ကိုယ်ပေါ် ပြေးကပိ်လာပြီး ပေါက်ကွဲသွားတတ်တယ်တဲ့" ရီစင့် က သူမ ရှေးစာအုပ်ထဲက ဖတ်ထားတာကို ပြန်စဉ်းစားမိပြီး ပြောလိုက်တယ်။

ထိုအရာက ကျင့်ကြံသူ အများအပြားရှိတဲ့နေရာကို ပြေးလာရတာ ကြိုက်နှစ်သက်တယ်။ သူ ရဲ့ အသွင်ဖျောက်စွမ်းရည်က အရမ်းကို အားကောင်းပြီး မမြင်ရတဲ့ ဓားပိုးကောင်တွေလိုပါပဲ။ သာမာန်ကျင့်ကြံသူတွေက သူ့ရဲ့ တည်ရှိမှုကို ရှာတွေ့ဖို့ မလွယ်ကူပါဘူး။

သူက ကိုယ်ယောင်ဖျောက်ပြီး ကျင့်ကြံသူတွေ ကြားရောက်လာမယ်။ စိတ်အချဉ်ပေါက်လာရင် ချိန်ကိုက်ဗုံးလို ဖောက်ခွဲပစ်မှာပါ။

သူ့ စိတ်အခြေအနေ ဆိုးရွားစေမယ့် ကိစ္စတွေကလညိ်း တော်တော်များများ ရှိပါတယ်။ ဥပမာအားဖြင့် ကျင့်ကြံသူတွေ က လေ့ကျင့်နေတုန်းမှာ ဆူညံနေရင်....၊ တိတ်ဆိတ်စွာ ကျင့်ကြံရင်း ငြိမ်သက်နေရင် ... ၊ အပျော်လွန်ပြီး ယမကာ အသောက်လွန်ရင် .... ၊ သူရှိတဲ့ နေရာကို အမှတ်မထင် တံတွေးထွေးမိရင် ... စသဖြင့်ပါ။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)حيث تعيش القصص. اكتشف الآن