အပိုင်း (၉၇၅)

117 30 2
                                    


#Unicode


ရူဟန် တစ်ဦးတည်းကို ဓားပိုးကောင်အုပ်ကြီး ဝိုင်းထားတယ်။ မြင်ကွင်းကတော့ တကယ့် သွေးထွက်သံယို ဖြစ်လိမ့်မယ်။

ဓားပိုးကောင်ရာကျော် က ရူဟန် နောက်ကို မုန်းတီးမှု အပြည့်နဲ့ လိုက်လာတယ်။

ဒီအချိန်မှာတော့ ဓားမော့ပိုးကောင်ကလည်း အလိုလို ထိုးထွင်းသိမြင်စိတ်ကနေ သူ့အဖော်တွေကို အာရုံခံမိတယ်။

"Buzz, buzz, buzz," ဓားမော့ပိုးကောင် က ရူဟန်ကို အော်ပြီး သတိပေးလိုက်တယ်၊

"ဟမ် .. ဓားပိုးကောင်တွေ လိုက်လာပြီလား။" ရူဟန်က ရုတ်တရက် ထိတ်လန့်သွားတယ်။

ဟင်း.. ကြောက်စရာ ကိစ္စတွေကတော့ဖြစ်လာခဲ့ပြီ။

လွန်ခဲ့တဲ့ တစ်စက္ကန့်လောက်ကတင် ဓားပိုးကောင်တွေ သူ့နောက် လိုက်လာမှာကို စိုးရိမ်နေခဲ့ပါသေးတယ်။ အခု တကယ် လိုက်လာကြပါပြီ။

"ကံဆိုးလိုက်တာ" ရူဟန်က သက်ပြင်းချလိုက်တယ်။ အစောကတည်း က သာ သိရင် ဓားမော့ပိုးကောင်ကို လျှောက်စီးမှာ မဟုတ်ပါဘူး။ အနည်းဆုံးတော့ စီ်နီယာအဖြူ ပြန်လာတဲ့အထိ စောင့်နေအုန်းမှာပါ။

"မြန်မြန်.. ရီစင့်ဆီ ပြန်ကြစို့" ရူဟန်က ပြောလိုက်တယ်။

ငါနဲ့ ရီစင့် နဲ့ ပူးပေါင်း ရင် ဒီဓားပိုးကောင်တွေကို ခုခံနိုင်မလား ကြည့်ရမယ်။

အလုပ်မဖြစ်ဘူး ဆိုရင် ရီစင့်ကို ခေါ်ပြီး ထွက်ပြေးရမှာပါ။ သူ အတွင်းကမ္ဘာထဲကို ထွက်ပြေးမယ် ဆိုရင် ဓားပိုးကောင်တေ ွလိုက်လာလို့ မရပါဘူး။

ဓားမော့ပိုးကောင် က ရူဟန်ကို ခေါ်ဆောင်ပြီး ရီစင့်ဆီ အမြန်ဆုံးသွားလိုက်တယ်။

တစ်ချိန်တည်းမှာပဲ ရီစင့် က ရွှေစာအုပ်ကြီးကို ထုတ်ယူပြီး လာမီယာ နဲ့ တိုက်ခိုက်ရေး သားရဲကောင်တို့ကို ခေါ်ပြီး ရူဟန် ဆီကို ဦးတည်လာတယ်။ သူမ က သူ့ရဲ့ စိတ်ဝိညာဉ်ကောင် ပဲ ဖြစ်တယ်။ ဒါကြောင့် သူတို့က အတွေးချင်း ချိတ်ဆက်နေတယ်။ ဒါကြောင့် ရူဟန် အန္တရာယ်ကျရောက်နေပြီမှန်း သူမ က ကောင်းကောင်း သိတယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Wo Geschichten leben. Entdecke jetzt