အပိုင်း (၉၃၈)

152 32 0
                                    


#Unicode


အရာအားလုံးက ငါ့လက်ခုပ်ထဲမှာပဲ။

ကြီးမြတ်တဲ့အဖြူ က ရူဟန် နဲ့ ရှောင်ချိုက်တို့ ကို ဒီမမြင်ရတဲ့ ဓားပိုးကောင် တွေရဲ အသိုက်ဆီ ခေါ်သွားတယ်။ သူတို့ က စုန်းကျိန်စာနေရာဆီက ခွာပြီး ညာဘက်ခြမ်းကို ဦးတည်လို်က်တာ ဖြစ်တယ်။

သူတို့သွားတဲ့အကွာအဝေး အရ ဆိုရင် သူတို့က အခုချိန်မှာ မမြင်ရတဲ့ဓားပိုးကောင် တွေ ရှိရာ ဆီကိုရောက် နေပြီ ဖြစ်တယ်။ ဒါပေမဲ့ထူးဆန်းစွာနဲ့ပဲ ဓားပိုးကောင်တွေက သူတို့ကို မတို်က်ခိုက်ပါဘူ။

စီနီယာအဖြူ ရဲ့ ကံကောင်းခြင်းကြောင့်လား။ ဒါကြောင့် ငါတို့ ဓားပိုးကောင် တွေကို မတွေ့တာဖြစ်မယ်။ ရူဟန် က စဥး်စားလိုက်တယ်။

ဒါပေမဲ့ ရူဟန်က မမြင်ရတဲ့ဓားပိုးကောင်တွေကို မြင်နိုင်တဲ ့အမြင်အာရုံ စွမး်ရည် ပိုင်ဆိုင်မယ်ရင် ကြီးမြတ်တဲ့အဖြူက ဓားပိုးကောင်တွေ မရှိရာကို ရှောင်သွားတာ မဟုတ်ဘဲ ဓားပိုးကောင်တွေက သူနဲ့ ကြီးမြတ်တဲ့အဖြူ တို့ကို ရှောင်သွားတာ ဖြစ်ကြောင်း မြင်နိ်ုင်မှာပါ။

မမြင်ရတဲ့ ဓားပိုးကောင် တစ်သောင်းလောက် က ကြီးမြတ်တဲ့အဖြူ ဆီမှ ပုန်းအောင်းနေကြတယ်။ ကြီးမြတ်တဲ့အဖြု နဲ့ ၁၀ မီတာလောက် မှာ ဓားပိုးကောင် တစ်ကောင်မှ မရှိပါဘူး။ ပြီးတော့ တစ်ရာမီတာ အတွင်းမှာ ရှိတဲ့ ဓားပိုးကောင်တွေက ကြောက်လန့်တကြား နဲ ့တုန်ရီနေတယ်။ ကြီးမြတ်တဲ့အဖြူ က ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်တယ် ဆိုရင် ဓားပိုးကောင်တွေ က နောက်ကို ခြေဆယ်လှမ်းလောက် ဆုတ်သွားတယ်။

ဒီအချိန်မှာတော့ များပြားလှတဲ့အော်သံတွေ က အဝေးတစ်နေရာ ဆီကနေ ထွက်ပေါ်လာတယ်။

ခုနတုန်းက လူစုခွဲပြီး ထွက်ပြေးကြတဲ ့ကျင့်ကြံသူတွေ က ကံကောင်းပုံ မပေါ်ပါဘူး။ သူတို့က မတူညီတဲ့နေရာ အနှံ့ဆီကို ထွက်ပြေးကြတယ် ဆိုပေမဲ့ ဓားပိုးကောင်တွေက ဒီနေရာမှာ နှစ်ထောင်ပေါင်းများစွာ မွေးဖွားနေထိုင်ခဲ့ကြတာကြောင့် သူတို့ရဲ ့အရေအတွက် က ကြောက်ခမန်းလိလိ များပြားလှတယ်။ ကျင့်ကြံသူတွေက လူစုခွဲလိုက်ချိ်န်မှာ ဓားပိုးကောင်တွေကလည်း လူစုခွဲပြီး သူတို့နောက်ကို လိ်ုက်တုန်းပါပဲ။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Where stories live. Discover now