အပိုင်း (၈၉၄)

124 26 0
                                    


#Unicode


ကန့်သတ်မြို့တော် တောင်ကုန်းပေါ်ရှိ လရောင်အောက်က တိုက်ပွဲ။

မြောက်ပိုင်းမြစ်ကို ဖိအားပေးနိုင်သူ ဆိုရင် တာအိုရောင်းရင်း အားလုံး က တစ်ယောက်သော သူကို ချက်ချင်း စဉ်းစား လိုက်မိတယ်။

ပြီးတော့ မြောက်ပိုင်းမြစ် က ကိုးစီရင်စု ဂရုထဲမှာ ရန်သူ ရှိလှသူ မဟုတ်ပါဘူး။

အမြဲတန်း လိုင်းပေါ်မှာ ရှိနေတတ်တာကြောင့် လူတွေ အားလုံးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိကြတယ်။ ထရွင်ဂန် က လွဲရင် သူက အားလုံးနဲ့ စကားကောင်းကောင်း ပြောနိုင်တယ်။

ထပ်ပြောရရင် မြောက်ပိုင်းမြစ် က မိန်းမလည်း ရှိတာ မဟုတ်ပါဘူ။ အရင်တုန်းက မိန်းကလေး တစ်ယောက်ကိုချစ်ခင် နှစ်သက်ခဲ့တယ် ဆိုတာကြားဖူးပေမဲ့ သူမ ဘယ်သူလဲ ဆိုတာ ဘယ်သူမှ မသိပါဘူး။

အတိုချုပ်ပြောရရင် သူက ရန်သူ မရှိသလို ချစ်ခြင်းနဲ့ သက်ဆိုင်တဲ့ တာအိုလက်တွဲဖော် လည်း မရှိပါဘူး။ ဒါကြောင့် သူ့ကို ဖိအားပေးနိုင်မယ့် သူတွေက ကျင့်ကြံခြင်းလောကရဲ့ စီနီယာ ကြီးတွေပဲ ရှိပါတော့တယ်။ .. ဒါမှမဟုတ် အမြဲတန်ူး ကံကောင်းမှုကို ပိုင်ဆိုင်ပြီး ချောမောလှသူ ကြီးမြတ်တဲ့အဖြူ ပေါ့။

အကောင်းဆုံးရွေးချယ်သင့်တာကကြီးမြတ်တဲ့ အဖြူ ရဲ့အရင်ပုံစံဖြစ်တဲ့ ချောမောမှု အော်ရာတွေကို ထိနး်ချုပ် မရနိုင်သေးတဲ့ အဖြူရောင် အစစ်အမှန် နတ်ဘုရား ပါပဲ။

အဖြုရောင်အစစ်အမှန်နတ်ဘုရား အဆင့်တုန်း က စီနီယာ အဖြူ အနေနဲ့ ကိုးစီရင်စု ဂရုက တာအိုရောင်းရင်းတွေ အားလုံးကို ဖိအားပေးနိုင်ခဲ့တယ်။

"ဘာကြောင့် ငါ့ကို ကြည့်နေကြတာလဲ" ကြီးမြတ်တဲ့အဖြူ က ဇဝေဇဝါ နဲ့ မေးလိုက်တယ်။

"ဘာမှမဟုတ်ဘူး။ ဘာမှမဟုတ်ဘူး" များပြားလှတဲ့ တာအိုရောင်းရင်းတွေ က ရယ်ပြီး ထရွင်ဂန် ဆီ ခေါင်းလှည့်သွားကြတယ်။

သောက်တလွဲ ရှေ့ဖြစ်ဟောတဲ့ကောင်ကတော့ ကြီးမြတ်တဲ့ အဖြူ အဖြစ် ရုပ်ပြောင်းမှာ မဟုတ်ဘူး မလား။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Tempat cerita menjadi hidup. Temukan sekarang