အပိုင်း (၈၉၅)

130 28 1
                                    


#Unicode


ဒီနေ့ကစပြီး ငါ့ကို အစစ်အမှန် နတ်ဘုရား ထရွင်ဂန် လို့ ခေါ်တော့။

မြောက်ပိုင်းမြစ် က နှာခေါင်းရှုံလိုက်တယ် "သောက်တလွဲ ရှေ့ဖြစ်ဟောဆရာ .. မင်းက ရှီလျှူလေးအဖြစ် ရုပ်ပြောင်းထားလို့ ငါ့ကို လွယ်လွယ်နဲ့ ရင်ဆိုင်လို့ ရမယ်လို့ ထင်နေတာလားး ငတုံး .. မင်းက သူမ ပုံစံအတိုင်း ရုပ်ပြောင်းထားတယ် ဆိုရင်တောင်မှ ငါ့မျက်လုံးထဲမှာတော့ မင်းက အတုပဲ။ ငါက ညှာတာ နေမှာမဟုတ်ဘူး။"

"ငါက ဒီလောက် တွေးထားတာမဟုတ်ဘူး" ထရွင်ဂန် က ပြုံးကာ ပြောလိုက်တယ် "ဒီပုံစံကို ရုပ်ပြောင်းရတာ နည်းနည်း အားထည့်ရတယ်ဆိုပေမဲ့ ဒါက လုံလောက်တယ်။ ပြီးတော့ ပေါက်ကရ တွေ ပြောနေတာ ရပ်လ်ိုက်တော့။ မင်းမှာ ရှိတဲ့ အရာအားလုံးထုတ်ပြိး ငါ့ဆီလာခဲ့။ မဟုတ်ရင် .. အခွင့်အရေးမပေးဘူးလို့ အပြစ်မတင်နဲ့"

"ငါက မင်းလိုပဲ ပြောချင်တာ" မြောက်ပိုင်းမြစ် က လက်နှစ်ဖက်ကို မြှောက်လိုက်တော့ သူ့ခန္ဓာကိုယ်ထဲကနေ ဓားစက်ဝန်းတွေ အတွဲလိုက် ထွက်ပေါ်လာတယ်။

ဓားစက်ဝန်း တစ်ခုချင်းဆီ တိုင်း က မြောက်ပိုင်းမြစ်ရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေနဲ့ သန်မာအောင် ထပ်တလဲလဲ အားဖြည့်ထားတဲ့ ဓားချီမျှင် တွေနဲ့ ပြုလုပ်ထားတာ ဖြစ်တယ်။ ပြီးတေ့ ဓားစက်ဝန်းတွေ က မယုံနိုင်လောက်အောင် ထက်မြက်တယ်။ဒါကြောင့် ခံစစ်ကို ချိုးဖောက် နိုင်ဖို့ အကောင်းဆုံး လို့ ပြောရမှာ ဖြစ်တယ်။

ဓားအလငး်ကို အသုံးပြုတဲ့ကျင့်ကြံသူတွေက တိုက်ခိုက်နေတုန်းမှာ သာမာန်ဓားပျံ အသုံးုပြုတာထက် ပိုပြီး အနည်းငယ်ပဲစိတ်စွမ်းအင် ကုန်ဆုံးပါတယ်။ သာမာန်အချိန်မှာ ဓားစက်ဝန်းချည်မျှင် နှစ်ခု ၊ သုံးခုကို ပဲ အသုံးပြုကြတယ်။ ဒီထက် ပိုများတဲ့ အရေအတွက်ကို ထိန်းချုပ်နိုင်ဖို့ ဆိုတာက ပိုမို ရှုပ်ထွေးတယ်လေ။

ဒါပေမဲ့ ဒီအချိ်နိ်မှာတော့ မြောက်ပိုင်းမြစ်ရဲ ကိုယ်ထဲကနေ ဓားစက်ဝန်းတွေ တစ်ခုပြီး တစ်ခု ထွက်ပေါ်နေတယ်။ နောက်ဆုံးမှာတော့ သူ့ခန္ဓာကိုယ် ပတ်ပတ်လည်မှာ ဓားစက်ဝန်း ဆယ့်နှစ်ခုက ရပ်တန့်လျှက်ရှိတယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Donde viven las historias. Descúbrelo ahora