အပိုင်း (၈၈၈)
164 25 0
#Unicode
ပေါင်းစပ် .. ပေါင်းစပ်စမ်း။
ရီစင့် က ပြောလိုက်တယ် "မဖြစ်ပါစေနဲ့လို့ မျှော်လင့်ရမှာပဲ။ သူမ မျက်နှာကို ကြည့်ရတာ ငါ့အတွက် ဖိအားတော်တော်များတယ်။ သူမ က အသိစိတ်တောင် ရှိလာမယ်ဆိုရင် ငါ ပုန်းနေရုံကလွဲရင် တခြားလုပ်စရာ မရှိတော့ဘူး။"ဒီအချိန်မှာတော့ သီလအလင်းတွေ က တည်ငြိမ်သွားတယ်။ သူ့ခန္ဓာကိုယ်အထက်ပိုင်း က ရွှေရောင်ဖြစ်ကာ လှပတဲ့အမှတ် နဲ့ အမျိးသမီး ပုံစံ ရှိနေတယ်။ ခန္ဓာကိုယ် အောက်ပိုင်းကတော့ မြွေပုံစံပါ။ ဖီးနစ်မျက်လုံးက လွဲရင် သူမ မျက်နှာရဲ့ ကျန်တဲ့ အပိုင်းတွေက ခံစားချက် ကင်းမဲ့နေတယ်။ တစ်ချက်ကလေးတောင်မှ မလှုပ်ပါဘူး။ "ကြည့်ရတာ ... သူမ ဆီမှာ သိစိတ်ရှိပုံမပေါ်ဘူး။" ရူဟန် က ပြောလိုက်တယ် ။ သူက သီလအလင်းရဲ့ သခင် ဖြစ်တာကြောင့် သူက လာမီယာ (အပေါ်ပိုင်းတွင် အမျိုးသမီးပုံ၊ အောက်ပိုင်တွင်မြွေပုံ) နဲ့ ပတ်သတ်တဲ့အချက်အလက်တွေကို စုစည်းသိမ်းစည်းလိုက်တယ်။ ဒီလာမီယာ က သီလအလင်း ကနေ ဖွှဲ့တည်လာတာဖြစ်တယ်။ ဒါကြောင့် သူမ က နောက်ဆုံးမှာ သီလအလင်းက သီလအလင်းပါပဲ။ ဒီစကားကို ကြားတော့ရီစင့့် က သက်ပြင်းချလိုက်တယ်. ပြီးနောက် သူမ က ရူဟန် ကိုယ်ထဲကထွက်လာပြီး လာမီယာ ကို မျက်နှာချင်းဆိုင် ကြည့်လိုက်တယ်။ ကြောက်စရာ မလိုဘူး။ ငါတည်ငြိမ်ဖို့ လိုမယ်။ အကြွေးရှိတယ်ဆိုရင်တောင်မှ နတ်မိမယ် ချန်လင်း တင်ခဲ့တဲ့ အကြွေးပဲ။ ငါနဲ့ ဆိုင်တာ မဟုတ်ဘူး။ ရီစင့်က တွေးလိုက်တယ်။ ဒီရင်းနှီးနေတဲ့ ဖီးနစ် မျက်ဝန်းတစ်စုံကို ကြည့်ပြီးတဲ့နောက် သူမ က မကြောက်လန့်တော့ပါဘူး။ ရီစင့် က လာမီယာ ကို စိုက်ကြည့်လိုက်တယ်။ တဖက်က ဘာတုံ့ပြန်မှုမှ မရှိတောကြောင့် သူမ က ပိုပိုပြီး ရဲတင်းလာတယ်။ ဒါကြောင့်လက်ကို ဆန့်တန်းပြီး လာမီယာ ရဲ့ မျက်နှာကို လက်ချောင်းလေးနဲ့ ထိကြည့်လိုက်တယ် "အမ်.. ငါသူ့ကို ထိလို့ရတာပဲ။ သူမ က တကယ့် အရာဝတ္တု တစ်ခု ဖြစ်နေတယ်။ ထိကြည့်လိုက်တော့ နွေးတောင် နွေးနေသေးတယ်။"ပြီးနောက် သူမ က လက်ကို နောက်တစ်ကြိမ် ဆန့်တန်းလိုက်ပြီး လာမီယာ နဲ နှာခေါင်းအောက်မှာ ထားလိုက်တယ် "သူ အသက်မရှုဘူးပဲ"အင်း .. သူ က သက်ရှိအရာတစ်ခု မဟုတ်တော့ .. အသက်မရှုဘူး ဆိုတာက သာမာန်ပဲ။ ပြီနောက် ရီစင့်ကို သူမ နှာခေါင်းကို ကုတ်ကာ မေးထောက်ပြီး လာမီယာ ရဲ့ အမြီးကို ကလေးတစ်ယောက်လို ပွတ်သပ်လိုက်တယ်။ သူမ က လာမီယာ ကို ခေါင်းအစ ခြေအဆုံး ထိကြည့် ပြီးတဲ့နောက် သူမ ဆီမှာ ရှိတဲ့ ကြောက်ရွံမှု တွေ အားလုံးက ပျောက်ကွယ်သွားပါပြီ။ "ရူဟန်... ငါတို့ ပါးစပ်ကို ဟပြီး အထဲကို ကြည်ကြည့်ရအောင် .. သူလျှာ က လူသား လား၊ မြွေ လား ဆိုတာ သိရအောင်" ရီစင့် က လာမီယာ ရဲ့ လုံးဝန်းတဲ့ နှုတ်ခမ်းတွေကို စိုက်ကြည့်ရင်း ပြောလိုက်တယ်။ ရူဟန်က ပြောလိုက်တယ် "ငါထင်တာတော့ လူသားလျှာပဲ။" ပြီးတော့ သီလအလင်း ရဲ့ အပေါ်ပိုင်းက လှပတဲ့ အမှတ်နဲ့ အမျိုးသမီးပုံစံလေ။ ဒါကြောင့် လူသား လျှာပဲ သူမ မှာ ရှိလိမ့်မယ်။"ပြောရမယ်ဆိုရင် သူမ ဆီမှာည မြွေလို လျှာရှိလိမ့်မယ်လို့ ငါထင်နေတယ်။ ကြည့်ကြည့်ရအောင်" ရီစင့် က ပြုံးကာ ပြောလိုက်တယ်။ သူမ ဆီမှာ ရှိတဲ့ ကြောက်ရွံမှုတွေ ပျောက်ကွယ် သွားပြီတဲ့နောက် ရီစင့် က ပိုပိုပြီး ရဲတင်းလာခဲ့တယ်။ သူမ က လက်ကို ဆန့်တန်းပြီး လာမီယာ ရဲ့ မေးစေ့ကို ကိုင်လိုက်တယ်။ နောက်တော့ တခြားလက်တစ်ဖက် နဲ့ နှုတ်ခမ်းတွေကို ဆွဲဖွင့်လိုက်တယ်။ ဒါဆိုရင် သူမ က အတွင်းက လျှာဘယ်လို ပုံစံ လဲ ဆိုတာကို သိနိုင်မှာပါ။ လက်ရှိဖြစ်နေတဲ့ ပုံစံက ၁၈ အပေါင်း ဇာတ်ဝင်ခန်းလိုပါပဲ။ ရူဟန် က တိတ်တဆိတ် နဲ့ နောက်မှာ ရပ်ကြည့်နေတဲ့မွန်းစတား အမျိုးသမီး ကို ကြည့်လိုက်တယ်။ ဒီအချိန်မှာတော့ မွန်းစတား အမျိုးသမီး က ဆွံ့အနေတယ်။ ငါရီစင့်ကို ရ့ပ်ဖို့ ပြောလိုက်ရင်ကောင်းမလား .. ရူဟန် က တွေးလိုက်တယ်။ ဒါပေမဲ့ ဒီအချိန်မှာပဲ ပုံမှန် ခံစားချက် မဲ့ နေတဲ့ လာမီယာက သူမ က ဘာသာ လှုပ်ရှားလာတယ်။ သူ ဒီလာမီယာ ကို ဘာအမိန့်မှာ မပေးခဲ့ဘူး ဆိုတာ ရူဟန် က ကျန်ဆိုရဲတယ်။ လာမီယာ ရဲ့ လက်တွေက ရှေ့ကို တိုးသွားပြီး ရီစင့်ကို တင်းတင်းကျပ်ကျပ် ဖက်လိုက်တယ်။ နောက်တော့ လာမီယာ က ရီစင့် တု့ံပြန်ချိန် မရသေးတာကို အခွင့်အရေး ယူပြိး သူမ ရဲ့ လုံးဝန်းနေတဲ့ နှုတ်ခမ်းနီထွေးထွေး တွေနဲ့ ရီစင့် နှုတ်ခမ်းကို ပူးကပ်လိုက်တယ်။ တစ်ချ်ိန်တည်းမှာပဲ ရီစင့်က တစ်စုံတစ်ခုကို သိရှိသွားတယ်။ သေချာပါတယ်။ လာမီယာ ရဲ့ လျှာက မြွေတစ်ကောင်ရဲ့ လျှာမဟုတ်ပါဘူး။ လူသား လျှာ စစ်စစ်ပါ။ ဒါပေမဲ့ ဒီနည်းလမ်းနဲ့ သိရှိချင်တာ မဟုတ်ပါဘူး။ "အင်း .." ရီစင့် က အားရှိသလောက် ရုန်းကန် လိုက်တယ်။ မွန်းစတား အမျိးသမီး က လက်ကို ဆန့်တန်းပြီး မျက်လုံးကို အုပ်လိုက်တယ်။ ပြီးနောက် တီးတိုးရေရွတ်လိုက်တယ် "အတင်းကာရောကြီးပါလား"ရူဟန် "........"
နောက်ဆုံးမှာတော့ ရီစင့့် က အဆင့်ငါး ဖြစ်တဲ့ သူမ ရဲံ အားကို အသုံးပြုပြီး လာမီယာရဲ့ ဖက်ခံထားရ ခြင်းကနေ ရုန်းထွက်လိုက်တယ်။ ပြိးနောက် သူမ ကရူဟန် ကိုယ်ထဲကိုပြန်ဝင်သွားပြီး ထွက်မလာရဲတော့ပါဘူး။ သူ့ကိုယ်ထဲမှာ ရီစင့်က ကြိတ်ငိုနေမယ် ဆိုတာကို ရူဟန်က ခံစားမိတယ်။ သူမ စောနတုန်းကထက် ပိုပြီး ကြောက်လန့်သွားနိုင်တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူမ က အဆုံးမဲ့ မျက်ရည် နည်းစနစ် ကို ကောင်းကောင်း အသုံးပြုလို့ရတော့မှာပါ။ ရီစင့်ကို အတင်းနမ်းပြီးတဲ့နောက် လာမီယာက ခံစားချက် မဲ့တဲ့ ပုံသဏ္ဍာန် ပြန်ဖြစ်သွားတယ်။ တစ်ချက်ကလေးမှတောင် မလှုပ်ပါဘူး။ သူမ က ဘေးမှာ ခပ်တည်တည်နဲ့ မတ်တပ်ရပ်နေပါတယ်။ စောန တုန်းက အတင်းနမ်းခဲ့တာ သူမ မဟုတ်သလိုပါပဲ။ "ရူဟန် .. အဟင့်..အဟင့် ..စောနတုန်းက မင်း လာမီယာ ကို ထိန်းချုပ်ထားတာ မဟုတ်လား" ရီစင့် က ငိုရင်း ပြောလိုက်တယ်။ ရူဟန် က ခေါင်းကို ခါလိုက်တယ်။ "အဟင့်..အဟင့် ..ဒါဆိုရင် ဘာကြောင့် ဒီလို ဖြစ်ရတာလဲ" ရီစင့်က မေးလိုက်တယ်။ ရူဟန် က ခဏလောက် စဉ်းစားပြီး ပြောလိုက်တယ် "ငါ က လှပတဲ့အမှတ် နဲ့အမျိုးသမီး ရဲ့ ဝိညာဉ်ကို သယ်ယူ ပို့ဆောင်လိုက်လို့ ဖြစ်လာတာ နေမယ်။ သူမ ရဲ့ နောက်ဆုံးဆန္ဒကို မင်းမှတ်မိလား။ သူမ က နတ်မိမယ် ချန်လင်း အကြွေးတင်ခဲ့တဲဲံ အနမ်းတစ်ပွင့် အကြောင်းပဲ ပြောခဲ့တာလေ။"သီလအလင်းက ကိုယ့်ဘာသာ အသိစိတ်မရှိဘူးဆိုပေမဲ့ တစ်ခါတစ်လေ မှာတော့ ကိုယ့်ဘာသာ လှုပ်ရှားမှုတွေကို ပြုလုပ်တတ်ပါတယ်။ ဥပမာ အားဖြင့် ရူဟန် က မိစ္ဆာစွမ်းအင်၊ ကျိန်စာ ဒါမှမဟုတ် ဝိညာဉ်တွေရဲ့ တိုက်ခိုက်မှုကို ခံရမယ် ဆိုရင် သူ့ရဲ့ သီလအလင်းက သူ့ကို အလိုလို ထွက်ကာ ကာကွယ်ပေးမှာပါ။ အခု .. သူ့ရဲ့ သီလအလင်းတွေက လှပတဲ့ အမှတ်နဲ့ အမျိုးသမီးရဲ့ လွှမ်းမိုးမှုကို ခံလိုက်ရတယ်။ ဒါကြောင့် သူမ က ကိုယ့်ဘာသာ ရီစင့်ကို အတင်းနမ်းသွားတာ ဖြစ်ပါလိမ့်မယ်။ ရီစင့်ကလည်း မေးကို ကိုင်ပြီး နှုတ်ခမ်းတွေကို သွားဖြဲသေးတယ် မဟုတ်လား။ "......." ရီစင့် ပြောရမယ် ဆိုရင် သူမ က ကိုယ့်ဘာသာ သေလမ်းရှာခဲ့တာပဲ။ "ရူဟန် .. မင်း သီလအလင်း အချိန်အတိုင်းအတာ တစ်ခု အထိ စစ်ဆေးကြည့်ပါလား။ ငါ အခု ဖိအားဒဏ် နှစ်ဆ တောင် ခံလာရပြီ" ရီစင့်က ငိုရှိုက်ရင်း ပြောလိုက်တယ်။ ရူဟန်က ပြုံး ကာ လာမီယာ ကို သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ထည့်လိုက်တယ်။ လာမီယာ နဲ့ ရီစင့်ကို သူ့ခန္ဓာကိူုယ်ထဲ ပြန်ရောက်ချ်ိန်မှာတော့ ရူဟန် က သက်ပြင်းချလိုက်တယ် သူ့ရဲ့ သီလအလင်းက လှပတဲ့ အမှတ်နဲ့ အမျိုးသမီး ပုံ ဖြစ်လာလိမ့်မယ်လို့ သူမထင်မိပါဘူး။ ပြီးနောက် ရူဟန်က ခေါင်းလှည့်ကာ မွနး်စတား အမျိုးသမီးကို ကြည့်ပြီး ပြောလိုက်တယ် "တာအိုရောင်းရင်း .. ဒီနေရာကနေ အရင် ထွက်သွားကြတာပေါ့။ အကြီးအကဲ ဂူဝု က အောက်မှာ ရှိနေသေးတယ်။ ထွက်ရင်း သူ ပြန်လာမလား ကြည့်ကြတာပေါ့""သေချာတာပေါ့" မွန်းစတား အမျိုးသမီး က ခေါင်းညိတ်ကာ ပြောလိုက်တယ် "ငါမင်း နဲ့ ကြက်သွန်လေး ကို တကယ်ပဲ ကျေးဇူးတင်တယ်။"ရူဟန် က သူမကို ပိရမစ် အတွင်းမှာ ရှိတဲ့မိစ္ဆာစွမ်းအင်တွေ လက်ကနေ ကယ်တင်ခဲ့တဲံအပြင် ရွှေကြာပန်းစေ့ နဲ့ သက်ရှိစမ်းရေ ကိုပါ ပေးပါသေးတယ်။."ရတယ်" ရူဟန် က ပြုံးကာ ပြောလိုက်တယ်။ ပြောပြီးတဲ့နောက် သူက စောန တုန်းက တိုက်ဝင် လာခဲ့တဲ့ တံခါးကို ဖွင့်လိုက်တယ်။ အခန်းအပေါက်ဝမှာ ရှိနေတဲ့ မိစ္ဆာစွမ်းအင်တွေ အားလုံးက ခြောက်ကပ်နေပါပြီ။ ဒါကြောင့် ရူဟန် က အောက်ခြေမှာ ရှိတဲ့ အပေါက်တွေကို မြင်နေရတယ်။ "အကြီးအကဲဂူ .. မင်းရှိလား" ရူဟန်က အော်လိုက်တယ်။ "ဝှစ်" အကြီးအကဲဂူရဲ့ ခန္ဓာကိုယ် က အပေါက်ထဲကနေ ထွက်ပေါ်လာတယ်။ ကြည့်ရတာ အကြီးအကဲဂူ အန္တရာယ်ကင်းပုံပေါ်တယ်။ ဒါပေမဲ့ သူတွေးနေတုန်းမှာပဲ"ဘန်း" အကြီးအကဲဂူ ရဲ့ ခန္ဓာကိုယ်က ဘန်း ဆိုတဲ့ အသံအကျယ်ကြီး နဲ့ အတူ ရူဟန် ရှေ့ကို ကျဆင်းလာတယ်။ "အား..." အကြီးအကဲဂူ က နာကျင်စွာ အော်ဟစ်လိုက်တယ်။ သူ့ရဲ့ လက်ခုနှစ်ခု နဲ့ ခြေရှစ်ချောင်း က ဒီအချိန်မှာ ဆိုးရွားစွာ တွန့်လိမ်နေတယ်။ "သတိ..ထား..." အကြီးအကဲ က တုန်ရီစွာ ပြောလိုက်တယ်။ နောက်တော့ သူခေါင်း တစ်ဖက်ကို ကျဆင်းကာ ဇာတ်ကျိုးသွားတော့တယ်။ တစ်ချိန်တည်းမှာပဲ ကြမ်းတမ်းတဲ့ အော်ရာတွေက အောက်ခြေအပေါက်ဆီကနေ ထွက်ပေါ်လာတယ်။ ဒီကြမ်းတမ်းတဲ့ အော်ရာတွေ ထွက်ပေါ်လာချိန်မှာတော့ ရွှေ့ကြာပန်းရဲ့ များပြားလှတဲ့ အမြစ်ပေါင်း တစ်သောင်းလောက်က ပြန်ရောက်လာတယ်။ ရွှေကြာပန်း ပုံရိပ်ယောင် ကြီးကလည်း ပျောက်ကွယ်သွားတယ်။ ပိရမစ်ထဲမှာ ရှိနေတဲ့ မိစ္ဆာစွမ်းအင် အားလုံးက စုပ်ယူခံလိုက်ရတာ မဟုတ်သေးပါဘူး။ ရွှေကြာပန်းက နောက်ဆုတ်ဖို့ ဖိအားပေးခံလိုက်ရတာ ဖြစ်တယ်လို့ ရူဟန်က ခံစားမိတယ်။ အောက်က ထွက်ပေါ်လာတဲ့ အော်ရာ ပိုင်ရှင်က ဘယ်သူလဲ။ "နောက်ဆုတ်စို့" ရူဟန်က အကြီးအကဲဂူ ရဲ့ ခန္ဓာကိုယ် ကို ခြေဖြင့်ချိတ်ကာ အခန်းအပြင်ဘက်သို့ ဆွဲထုတ်လိုက်တယ်။ နောက်တော့ သူက မိုင်တစ်သောင်း ခြေလှမ်းကွက်ကို ထုတ်သုံးကာ အမြန်ဆုံးနှုန်း နဲ့ နောက်ဆုတ်လိုက်တယ်။ ဒါပေမဲ့ သူက ခြေတစ်လှမ်းနောက်ကျနေတုန်းပါပဲ။ကြမ်းတမ်းတဲ့ အော်ရာတွေ က သူ့ခန္ဓာကိုယ်ကို မာကျောတဲ့အရာတစ်ခု နဲ့ ရိုက်နှက်လိုက်သလို ထိမှန်သွားတယ်။ ရူဟန်က သူ့ကို ကြီးမားတဲ့ တူကြီးနဲ့ လွှဲရိုက်လိုက်သလို ခံစားလိုက်ရပြီး ခန္ဓာကိုယ် တစ်ခုလုံးက နောက်ကို လွင့်စင်သွားတယ်။လေထဲမှာတော့ လာမီယာက ချက်ချင်းထွက်လာပြီး ရူဟန်ရဲ့ ကိုယ်ကို ရစ်ပတ်ကာ ကာကွယ်ထားတယ်။ ရီစင့်ကလည်း ထွက်ပေါ်လာတယ်။ သူမ မျက်နှာပေါ်မှာ မျက်ရည်စီးကြောင်းတွေ ရှိနေတုန်းပါပဲ။ သူမက လက်သင်္ကေတ တစ်ခု ပြုလုပ်ကာ ရူဟန် ရှေ့့မှာ အတားအဆီး တစ်ခု ပြုလုပ်လိုက်တယ်။ နောက်တော့ ရူဟန် က အခန်းနံရံကို ဖောက်ထွင်းသွားတယ်။ ဒါပေမဲ့ သူ့ကိုယ်မှာ အကာအကွယ် နှစ်ထပ် ဖြစ်နေတာကြောင့် နာကျင်မှုကို မခံစားရပါဘူး။ ကြမ်းတမ်းတဲ့ အော်ရာတွေ ရိုက်နှက်ခံလိုက်ရတဲ့ သူ့ရင်ဘတ်သာ အနည်းငယ် နာကျင်သွားခဲ့တယ်။ ရီစင့်က သတိပေးလိုက်တယ် "သတိထား.. တစ်ခုခု လာနေပြီ"အဆင့်ငါး မွန်းစတား အကြီးအကဲ ဂူဝု ကို မဲပြာနေအောင် ရိုက်နှက်ခဲ့တဲ့ သတ္တဝါ ၊ အော်ရာနဲတင် ရူဟန် ကို လွင့်စင်သွားအောင် လုပ်နိုင်တဲ့ သတ္တဝါ .. ဒီပိရမစ် အောက်ခြေမှာ ဘယ်လို အမျိုးအစား မွန်းစတား က ပုန်းအောင်းနေတာလဲ။ "ဘန်း"ပိရမစ် အောက်ခြေရှိပုံရိပ် က အခန်းအပြင်ဘက်ကို ဆင်းသက်လာတယ်။ ဒါက သိပ္ပံကားတွေ ထဲက သံလူသားလိူပါပဲ။ ခန္ဓာကိုယ် တစ်ခုလုံးက သံမဲတွေနဲ့ ပြုလုပ်ထားပြီး မျက်နှာကလည်း အသက်ဝင်လှတယ်။ ပြီးတော့ သူ့ခန္ဓာကို်ယ်က သံရည်တွေနဲ့ ပြုလုပ်ထားသလိုမျိုး အမြဲတန်းပြောင်းလဲကာ မတူညီပါဘူ။ ခဏလောက်ကြာတော့ အမဲရောင်သံလူ က ခြေလှမ်းကျဲကြီးတွေနဲ့ ရူဟန် ဆီ ဦးတည်လာတယ်။ "ဒီလူ ငါ့ဆီလာနေတာလား" ရူဟန်က ပြောလိုက်တယ် "ငါတို့ ထိပ်တိုက် ပြန်ချရမလား"ရီစင့် က ပြောလိုက်တယ် "သူ့အားအင် ကို ငါအာရုံခံလို့မရဘူး"ဒါက နည်းနည်း တော့ ပြဿနာရှိတယ်။ "မကြောက်နဲ့။ တည်တည်ငြိမ်ငြိမ်နေ" အရွယ်အစားလျော့ချခြင်း အိတ်ထဲက ကြက်သွန်လေး က ပြောလိုက်တယ် ။"အဟစ် ..အဟစ်.." အမဲရောင် သံလူသားက ထူးဆန်းစွာ ရယ်ပြီး ရုတ်တရက် သူ့လက်ကို မြှောက်လိုက်တယ်။ နောက်တော့ တခြားသော မမြင်ရတဲ့ စွမ်းအင်လှိုင်းတွေက ထွက်ပေါ်လာတယ်။ ဒီစွမ်းအင်လှိုင်းက တော်တော်ကြီး စွမ်းအားပြင်းထန်တယ်။ ရူဟန် နဲ့ မွန်းစတားအမျိုးသမီးတို့က ဆွဲမပြိး မျက်နှာကျက်ကို အပစ်ခံလိုက်ရသလို ဖြစ်သွားတယ်။ ပြီးနောက် အမဲရောင်သံလူသား က ခြေလှမ်းကျဲကြီး နဲ့ လျှောက်လာပြီး ရူဟန် ရပ်နေတဲ့ နေရာဆီကို ဦးတည်လာတယ်။ သူက လက်ဝါးကို ဆန့်ထုတ်ပြီး နံရံကို ပုတ်လိုက်တယ်။"ဘုန်း .. ဘုန်း.. ဘုန်း.."ပေါက်ကွဲသံတွေ ဆက်တိုက် ထွက်ပေါ်လာတယ်။ ထူထဲတဲ့ နံရံမှာ ကြီးမားတဲ့ အပေါက်ကြီး ဖြစ်ပေါ်လာတယ်။ ပိရမစ် ရဲ့ အပြင်ဘက် အလွှာတစ်ခုလုံးကို အစိတ်စိတ် အပိုင်းပိုင်း ဖြစ်သွားခဲ့တယ်။ "အဟစ်..အဟစ်.." အမဲရောင်သံလူ က ရူဟန် နဲ့ မွနး်စတား အမျိုးသမီး တို့ကို မတိုက်ခိုက်ပဲ သူ ပြုလုပ်ထားတဲ့ နံရံအပေါက်ကြီး ကနေ မြန်မြန်ပဲ ထွက်ခွာသွားတယ်။ "ငါဘာမှ မလုပ်နိုင်ဘူး။" ရူဟန်က သွားကို တင်းတင်းစေ့လိုက်တယ်။ သူတို့နှစ်ဖက်ကြား အားအင်က ကွာခြားလွန်းနေတယ်။ သူက လာမီယာ နဲ့ ရီစင့်တို့ထံမှာ အကူအညီကို ရတာတောင်မှ တစ်ဖက်လူရဲ့တိုက်ခိုက်ချက် တစ်ချက်ကိုတောင်မှ မခံနိုင်ပါဘူ။ "ငါတို့ ဘာဆက်လုပ်ရမလဲ" မွန်းစတား အမျိုးသမီး က မျက်နှာကျက်မှာ ကပ်ရင်း တုန်ရီနေတဲ့အသံနဲ့ ပြောလိုက်တယ်။ အမဲရောင်သံလူ နဲ့ ရင်ဆိုင်မိချိန်မှာ သူမ က ဘီလူကြီးနဲ့ရင်ဆိုင်ရတဲ့ ပုရွက်ဆိတ်တစ်ကောင်လို ခံစားလိုက်ရတယ်။ ပြန်တိုက်ခိုက်ဖို့ တွေးတောင်မတွေးမိပါဘူး။ "နောက်က လိုက်ကြည့်တာပေါ့" ရူဟန်က အကြီးအကဲဂူဝုကို ပုခုံးပေါ် တင်ပြီး အမဲရောင်သံလူ ဖန်တီးခဲ့တဲ့ ဥမင်လမ်းထဲ ဝင်လိုက်သွားလိုက်တယ်။ တစ်ချိန်တည်းမှာပဲ ရီစင့်က ရူဟန် ညွှန်ကြားချက် အတိုင်း ဖုန်းကို ထုတ်ကာ ဒေါင်ဖန်းခြောက် ဖုံးနံပါတ်ကို ဆက်လိုက်တယ်။
ဥမင်ကနေ ထွက်ပြီးတဲ့နောက် ပိရမစ် ထိပ်ကို ရောက်နေကြောင်း သူ သတိပြုမိလိုက်တယ်။ သူ့ရှေ့မှာတော့ ချိန်းကြိုးတွေ နဲ့ ပြုလုပ်ထားတဲ့ တံတားကြီးကို မြင်နေရတယ်။ဒါပေမဲ့ ဒီအချိ်န်မှာပဲ ဒေါင်ဖန်းခြောက်က ဖုန်းကိုင်လိုက်တယ် "ဘာလဲ.. ရူဟန်.. မင်း ကြက်သွန်လေး တို့ကို ကယ်ပြီးပြီလား"ရူဟန် က အားတင်းပြုံးပြီး ပြောလိုက်တယ် "ကြက်သွန်လေး နဲ့ တခြားလူတွေ ဘေးကင်းတယ်။ ဒါပေမဲ့ ငါတို့ ဂရုစိုက်ရမယ် ့ ပြဿနာ နောက်တစ်ခု ပေါ်လာပြီ။ ပိရမစ် အောက်ခြေကနေ ဆရာကြီး ထွက်လာပြီ။ အပေါ်ကို ဦးတည်နေတယ်။""အီဂျစ် ဘုရင် အလောင်းက အသက်ဝင်လာတာလား" ဒေါင်ဖန်းခြောက် က ပြောလိုက်တယ်။ "....." ရူဟန်က ပြောလို်က်တယ်။ "စီနီယာဒေါင်ဖန်းခြောက် .. ဟာသ လုပ်ရမယ့် အချိန်မဟုတ်ဘူး။ ဒီထူးဆန်းတဲ့ သံလူသား က ရီစင့်နဲ့ ငါတို့ တု့ံပြန်နိုင်တဲ့ သူ တစ်ယောက်မဟုတ်ဘူး။ သူက အပေါ်တက်မယ့် ဥမင်ထဲကို ရောက်နေပြီ။ ဒါကြောင့် မင်းက ဂရုစိုက်ဖို့ လိုနေပြီ။ ဒေါင်ဖန်းခြောက် အနီးအနားမှာ ကျွမ်းကျင်သူတွေ ရှိလား။ ငါတို့ ကျိန်းသေပေါက် တစ်ယောက်ယောက် ရဲ့ အကူအညီ လိုနေပြီ""ငါနားလည်ပြီ။ ချက်ချင်း အကူအညီခေါ်လိုက်မယ်" ဒေါင်ဖန်းခြောက် က ပြောလိုက်တယ်။ ရူဟန် နဲ့ အမျိုးသမီး မွန်းစတား တို့က အမဲရောင် သံလူ နောက်ကို လိုက်လိုက်တယ်။ ဒေါင်ဖန်းခြောက်က များပြားလှတဲ့စွမ်းအားမြင့် ပုဂ္ဂိုလ်တွေကို ခေါ်နိုင်ရင် ကောင်းမယ်။ ကြီးမြတ်သူု အဆင့် ထက် ပိုမြင့်ရင် ပိုကောင်းပါလိမ့်မယ်။ ကံဆိုးတာက ရူဟန် က ဂျင်နီဖြစ်တဲ့ လုချန်လမ်း မပါခဲ့ပါဘူး။ မဟုတ်ရင် မီးခွက်ထဲက ဂျင်နီကို ဆင့်သလို ဆင့်ခေါ်ပြီး သံလူကို ရပ်တန့်ခိုင်းလို့ ရနိုင်တယ်။ ဒါပေမဲ့ ဒီအချိန်မှာပဲ မွနး်စတား အမျိးသမီး က ပြောလိုက်တယ် "တာအိုရောင်းရင်း .. သံလူက သွားတာနဲ့ သူ့ခန္ဓာကိုယ် က အစိတ်အပိုင်းတွေ ဖြည်းဖြည်းချင်း ဆုံးရှုံးနေတယ်မဟုတ်လား။"မွနး်စတား အမျိုးသမီး က ဒီကိစ္စကို ပြောလိုက်တော့ ရူဟန် က သတိပြုမိသွားတယ်။ သံလူရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေက တစ်ခုဆီ ပြုတ်ကျခဲ့တယ်။ ခရီးဝေးဝေးသွားလေ .. သူ့ခန္ဓာကိုယ် အရွယ်အစား က လျော့လေပါပဲ။ "ကြည့်ရတာ ... အားနည်းနည်း လာသလိုပဲ။ အချိန်ကြာရင် ပြန်တိုက်လို့ ရနိုင်မယ် ထင်တယ်" ရူဟန် က ပြောလိုက်တယ်။ သူတို့ဆွေးနွေးနေတုန်းမှာပဲ သံလူ က ခေါင်းမော့ပြီး အပေါ်ကို ကြည့်လိုက်တယ်။ ပြီးနောက် သူ့ခန္ဓာကိုယ်ကို လှည့်ပတ်ကာ ထွင်းစက် တစ်ခု အဖြစ် ပြောင်းလဲ ပြီး လမ်းကြောင်းကို ထိပ်နဲ့ ထိုးဖောက်လိုက်တယ်။ ဒီကောင် က ပုံသဏ္ဍာန် တောင်မှ ပြောင်းလဲနိုင်ပါသေးတယ်။ "သူက အတားအဆီး အပြင်လွှာကို ရောက်နေပြီ။ အခု ထိုးဖောက်ပြီး အပေါ်ကို ရောက်အောင် ကြိုးစားနေတာ ဖြစ်မယ်" မွန်းစတးာ အမျိုးသမီး က ပြောလိုက်တယ်။ ကြီးမားတဲ့ စွမ်းအား ကြောင့် သူက ပြုလုပ်နိုင်မှာ သေချာတယ်။ "လိုက်သွားကြစို့" ရီစင့် က သူ့ရဲ့ အသက်သွေး ရွှေ့စာအုပ်ကို ထုတ်ပြီး သံလူ ဖောက်ထွင်းခဲ့တဲံ လမ်းအတိုင်း လိုက်သွားလိုက်တယ်။ အသက်သွေး ရွှေစာအုပ်က ဥမင်ထဲကို ဝင်ရောက်သွားတယ်။ သံလူသား က သူ့ရဲ့ လူသားပုံစံကို ပြောင်းလဲချိန်မှာတော့ သူ့ခန္ဓာကိုယ် ရဲ့ သုံးပုံတစ်ပုံသာ ကျန်ပါတော့တယ်။ ဒါတင်မကသေးပါဘူး။ သူက သေးသေးလာတယ်။ သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ဒါပေမဲ့ ဒီအချိန်မှာပဲ သံလူက လက်ကို အပေါ်မြှောက်ပြီး သူ့ကိုယ်ပေါ်က စည်းတစ်ခုကို ချိုးလိုက်တယ် "ပေါင်းစပ် .. ပေါင်းစပ်စမ်း" ပြီးတော့ သူက ဒီစကားကို ရှေးဘာသာစကား ကို အသုံးပြုပြိး ပြောဆိုလိုက်တာ ဖြစ်တယ်။
အပိုင်း (၈၈၈) ပေါင်းစပ် .. ပေါင်းစပ်စမ်း။
ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Hikayelerin yaşadığı yer. Şimdi keşfedin