အပိုင်း (၉၇၂)

125 30 2
                                    


#Unicode


အပြစ်အနာအဆာရှိတဲ့ မမြင်ရတဲ့ဓားပိုးကောင်များ။

"........" ရူဟန်။

ဒီခြေထောက် တစ်စုံရဲ့ ပြင်းအားက တော်တော်ကြီးမားတယ်။ ရူဟန် ရဲ့ လက်ရှိ စွမ်းအင်အဆင့်နဲ့တောင် မှ ထိရိုက်မိချိန်မှာ နာကျင်မှုကို ခံစားရတယ်။ ဒါက သေချာပေါက် အနီးကပ ်တိုက်ခိုက်မှု မှာ ကျွမ်းကျင်သူ တစ်ယောက် ရှိသင့် ရှိထိုက်တဲ့ အရာပဲ။

ပိုပြီး အရေးကြီးတာက ဒီကောင်လေး က မွေးခါစ ပဲ ရှိပါသေးတယ်။ အမွှေးတွေနဲ့ ဥ ထဲက ထွက်လာလာချင်း ဘယ်လိုဖြစ်ပြီး ဒီလောက်ကြီးမားတဲ့ အားအင်ကို ပိုင်ဆိုင်နေရတာလဲ။

ဒီအကောင်သာ နည်းနည်း ကြီးလာမယ် ဆိုရင် ချစ်စဖွယ် အမူအရာ ပြုလုပ်ရင် လူသေနိုင်တယ်။

သားပိုက်ကောင်တွေက အရွယ်ရောက်လာရင် ၁.၆ မီတာ မြင့်ပြီး ၁၀၀ ကီလို လေးတယ်လို့ ပြောကြတယ်။ သူတို့ရဲ့ အမြီှး ကို ဝေ့ယမ်းပြီး လူတစ်ယောက်ကို သတ်ပစ်နိုင်တယ်။ တစ်ချို့ကောင်တွေ ဆိုရင် နှစ်မီတာလောက်မြင့်ပြီး ခန္ဓာကိုယ်ပေါ်မှာ ကြွက်သွားအမြှောင်းမြှောင်းနဲ့ပါ။

ချစ်စရာမျက်နှာနဲ့ ဒီလောက်အားကောင်တဲ့ ကြွက်သားတွေ ရှိနေတာ ဘယ်လို သတ္တဝါမျိုးလဲ။ ဒီကောင် နီကျား လား။

မဟုတ်ဘူး။ ဒါက သားပိုက်ကောင်ပဲ။

သြစတေးလျ က သားပိုက်ကောင်တွေ က လူတောင် သတ်နိုင်တယ်တဲ့။ ဒါဆိုရင် စီ်နီယာအဖြူ ရဲ့ စိတ်ဝိညာဉ် သားရဲကောင် ဆိုရင်ရော ...။

ပြီးတော့ စီနီယာအဖြူ ရဲ့ သားရဲကောင် ဖြစ်တာကြောင့် နှစ်မီတာ မပြောနဲ့။ ဆယ်မီတာလောက် ကြီးလာရင်တောင်မှ သူ အံသြမှာ မဟုတ်ပါဘူး။

ဒါပေမဲ့ စိတ်ဝိညာဉ်နယ်မြေ က အနီးကပ်တိုက်ခိုက်ရေး ကျွမ်းကျင်သူ တစ်ယောက ်အနေနဲ့ ဒီအကောင် က ချစ်ဖို့ကောင်းနေပါတ်ယ။် အနာဂတ်မှာ ကြွက်သားတွေ အမြောင်းမြောင်း နဲ့ ကောင်ကြိး တော့ ဖြစ်လာနိ်ုင်တယ်။

ဒီအချိန်မှာ ဆယ်မီတာကျော်မြင့်တဲ့ သားပိုက်ကောင်ကြိးက ပျော်ရွှင်စွာ အော်ဟစ်ပြီး သူ့သခင်ကို ချစ်ခင်မှု ပြသနေတဲ့ မြင်ကွင်းကို မြင်ယောင်ကြည့်လိုက်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Where stories live. Discover now