အပိုင်း (၉၈၂)

128 14 0
                                    
#Unicode

အားရှီလျှူ ကောင်းကင်ဘုံကပ်ဘေး ကျော်ဖြတ်နေပြီ။
ကြီးမြတ်တဲ့အဖြူ က ပေါ်လာပြီးတဲ့နောက် ဓားပိုးကောင် တွေက အသက်တောင် မရှုရဲဘဲ နောက်ဆုတ်သွားကြတယ်။ တကယ်တော့ ဓားပိုးကောင် တွေ ဘာလို့ သူ့ကို တွေ့ရင် ဒီလောက် ကြောက်လန့်နေတာ လဲ ဆိုတာ ကို အရမ်းသိချင်နေတယ်။ သူတို့က တိုက်တောင် မတိုက်ခိုက်ရဲကြဘူး။ ဓားပိုးကောင် တွေက ဘာကိုမှ မကြောက်ရွံတတ်တဲ့ စိတ်ဝိညာဉ်သားရဲတွေပဲ ဖြစ်တယ်။ သေရင်တောင်မှ ကြောက်ရွံစိတ် ရှိတဲ့ ကောင်တွေ မဟုတ်ပါဘူး။ ကျင့်ကြံသူတွေ ရဲ့ စိတ်စွမ်းအင် နဲ့ တောင်မှ သူတို့ကို ခြေရာခံလို့ မရနိုင်ပါဘူး။ သာမာန် ကျင့်ကြံသူတွေ အတွက်တော့ ဒီကောင်တွေ က အိမ်မက်ဆိုးပါပဲ။ ထပ်ပြောရရင် ဓားပိုးကောင်တွေ က အုပ်လိုက်နေတတ်တဲ့သားရဲတွေ ဖြစ်တယ်။ သာမာန်အခြေအနေ မှာ သူတို့က အသိုက်ထဲ ဝင်လာရင် အဆင့်ခုနှစ် ကြီုးမြတ်သူအဆင့် ကို ထားအုန်း။ အဆင့်ရှစ် သူတော်စင်ကိုတောင်မှ တိုက်ခိုက်ရဲကြတယ်။ သူတို့ သေမှာ မကြောက်ရွံကြဘူးဒ ကြီးမြတ်တဲ့ ရူလော့လို တိရီစ္ဆာန် ယဉ်ပါးစေခြင်း နည်းစနစ်ကို လေ့ကျင့် သူတွေ သာလျှင် ဒီကောင်တွေ မတိုက်ခိုက်ဘဲ နေကြတာဖြစ်တယ်။ ကြီးမြတ်တဲ့အဖြူ က ဒီလို နည်းစနစ် မျိုးကို သင်ယူလေ့လာခဲ့သူ မဟုတ်ပါဘူး။ ဒါပေမဲ့ သူချဉ်းကပ် သွားတာ နဲ့ တပြိုင်နက် ဓားပိုးကောင်တွေ က တုန်ရင်ပြီး သူနဲ့ ဆယ်မီတာ အဝေးကို ရှောင်ပြေးသွားကြတယ်။ ဘာတွေ ဖြစ်နေတာလဲ ဆိုတာကို မသိတာကြောင့် စီနီယာအဖြူ က ဇဝေဇဝါ ဖြစ်နေတယ်။ ❄️❄️❄️မမြင်ရတဲ့ ဓားပိုးကောင် တွေက ကြီးမြတ်တဲ့အဖြူ နဲ့ ဆယ်မီတာ အကွာကနေပြီး တစ်ဖက်လူကို ကြည့်နေတယ်။ သူတို့က ဘာကြောင့် ဒီချောမောတဲ့ကျင့်ကြံသူလေး ရဲ့ စွမ်းအင် အဆင့် က အရမ်းနိမ့်ကျသွား တာလဲ ဆိုတာကို စဉ်းစားနေကြတယ်။ သူက တထိုင်တည်း နဲ့ ကပ်ဘေးလွန်အဆင့်ကနေ ကြီးမြတ်သူ အဆင့်ကို တန်းကျသွားတယ်။ ဓားပိုးငောင် တွေ သူ့အော်ရာ ကို ဘယ်တော့မှ မေ့မှာ မဟုတ်တာကြောင့် တခြားလူ တစ်ယောက် နဲ့ မှားစရာ အကြောင်းလည်း မရှိချေ။ သူတို့က အော်ရာကို အာရုံ ခံနိုင်ရုံတင်သာ မကဘဲ နာမ်ဝိညာဉ်ကိုပါ အာရုံခံနိုင်ကြတယ်။ ဓားပိုးကောင်တွေ က သူ့ရှေ့မှာ တိုက်ခိုက်ဖို့ မပြောနဲ့။ ခုခံဖို့ မရဲကြပါဘူး။ နောက်ဆုံးမှာတော့ ထွက်ပြေးရင် နောက်ကျကျန်ခဲ့တဲ့ ခပ်ဝဝ ဓားပိုးကောင် က အဖမ်းခံလိုက်ရတယ်။ အဲဓားပိုးကောင်က ရူဟန် ရောက်လာချိန်မှာ ကြီးမြတ်တဲ့အဖြူ ခြိမ်းခြောက်နေတဲ့ ဓားပိုးကောင်လည်း ဖြစ်တယ်။ ဒီနေရာမှာ အချက်နှစ်ချက် ရှိပါတယ်။ ၁) ကြမ်းတမ်းရက်စက်တဲ့ သားရဲကောင်နဲ့ တွေ့ရင် ထွက်ပြေးရမှာပါ။ ဒါဆိုရင် တစ်စုံတစ်ယောက်က အနားမှာ ရှိတဲ့ လူတွေထက် မြန်အောင် ပြေးဖို့လိုအပ်တယ်။ ၂) ဒီလိုပဲ ထွက်ပြေးချိန်မှာ ဖက်တီးတွေကတော့ အကျိုးမဲ့သူတွေပါပဲ။ ကြီးမားလေးလံလှတဲ့ ခန္ဓာကိုယ် အရွယ်အစားကြောင့် ကြမ်းတမ်းရက်စက်တဲ့ သားရဲတွေရဲ့ ပစ်မှတ်ထားခြင်းကို ခံရမှာ အသေအချာပါပဲ။ ❄️❄️❄️ကြီးမြတ်တဲ့ အဖြူ ရှိနေတာကြောင့် ဓားပိုးကောင်တွေက ရူဟန်ကို မတိုက်ခိုက်ပါဘူး ။ ဒါကြောင့်ပဲ ရူဟန် ရဲ့ ချပ်ဝတ် ဓားမော့ ဆန္ဒ အကာအကွယ် စွမ်းရည်ကို စမ်းသပ်ဖို့ စိတ်ကူးကလည်း ဖြစ်မလာတော့ပါဘူး။ ဒါပေမဲ့ အလျှင်လိုစရာတော့ မရှိပါဘူး။ ချပ်ဝတ်ဓားမော့ ဆန္ဒကို စမ်းသပ်ဖို့ များပြားလှတဲ့ နည်းလမ်းတွေ ကို သူ အသုံးပြုနိုင်ပါသေးတယ်။ ဥပမာအားဖြင့် ရီစင့်ကို တိုက်ခိုက်ခိုင်းပြီး အကာအကွယ်ကို စမ်းသပ်နိုင်တယ်။ မမြင်ရတဲ့ ဓားပိုးကောင်တွေကို မဖြစ်မနေ အသုံးပြုစမ်းသပ်ဖို့ သီးသန့် မလိုအပ်ပါဘူး ။ "စီနီယာအဖြူ .. ငါတို့ ဒီနေရာက ထွက်ခွာကြမလား" ရူဟန်က မေးလိုက်တယ်။ တားမြစ်နယ်မြေကို လာတဲ့ခရီး မှာ သူတော်တော် ပင်ပန်းနေပါပြီ။ လက်ရှိ သူ အလုပ်ချင်ဆုံး ကိစ္စကတော့ နေရာတစ်နေရာ ရှာပြီး အိပ်ဖို့ပါပဲ။ "ထွက်ခွာမှာလား" စီနီယာအဖြူ က ပြောလိုက်တယ် "ငါတို့ တားမြစ်နယ်မြေ ကို အနည်းငယ်လောက် ရှာကြအုန်းမလား""ဒါနဲ့ ပတ်သက်ပြီး ပြောရရင် တားမြစ် နယ်မြေက တစ်နေရာလုံး ဗြောင်းဆန်အောင် ရှာဖွေခံပြီး သွားပြီ" ရူဟန် က ပြောလိုက်တယ်။ ဒါအပြင် တားမြစ်နယ်မြေ ရဲ့ သခင် ဖြစ်တဲ့ မြောက်ပိုင်းအင်ပါယာ က အသက်ပြန်ရှင်လာပြီ လည်း ဖြစ်တယ်။ သူက လီရင်ကျူးရဲ့ ရောဂါကို ကုသဖို့ နည်းလမ်း လည်း ရှာဖွေပြီးဖြစ်တယ်။လီရင်ကျုးရဲ့ ရောဂါကို သက်သာစေနိုင်တဲ့ ဖြည့်စွက်ကျင့်ကြံခြင်း နည်းစနစ် ကိုလည်း ရေခဲတုံးကြိးပေါ်မှာ ရေးပြီး သူ့ကို ပေးခဲ့ပြီးဖြစ်တယ်။ ထပ်ပြောရရင် သူက ပါဝင်ပစ္စည်းတွေကို စုဆောင်းပြီးရင် အအေးဝိညာဉ်ဆေးလုံး သန့်စင်မှာပါ။ မြောက်ပိုင်းအင်ပါယာ ရဲ့ တွက်ချက်မှု အရဆိုရင် ဆေးလုံးသန့်စင်ဖို့က ဆယ်ရက်အတွင်း ဖြစ်နိုင်တယ်။ ရူဟန်က မနက်ဖြန်လောက် ကြည်လင်သလင်းခန်းမဆောင်ဆီ သွားပြီး လီရင်ကျုးကို ဒီရေခဲတုံးပေးဖို့ စီစဉ်ထားတယ်။ "ဒါပေမဲ့ ငါဘာမှမရှာရသေးဘူးလေ" ကြီးမြတ်တဲ့အဖြူ က မေးစေ့ကိုပွတ်ပြီး ပြောလိုက်တယ် "ငါတို့က တားမြစ်နယ်မြေ အဝကို ရောက်ပြီးနေပြီ။ ဘယ်လိုဖြစ်ပြီး ရွှေတောင်ကြီးရှေ့ရောက်ပြီးမှ လက်ဗလာနဲ့ ပြန်လာလို့ ဖြစ်မှာလဲ""စီနီယာ အဖြူ . ဒီတားမြစ်နယ်မြေ က ပိုင်ရှင်ရှိတယ်။ သူ နိုးလာပြီ" ရူဟန်က ရှင်းပြလိုက်တယ်။ "ပြောရမယ် ဆိုရင် ဒီတားမြစ်နယ်မြေ က ပိုင်ရှင်မဲ့ မဟုတ်တော့ဘူး။""အမ်.. ပိုင်ရှင်ရှိသွားပြီလား" ကြီးမြတ်တဲ့အဖြူ က သက်ပြင်းချလိုက်တယ် "ဒါ ဆိုးတာပဲ"ပိုင်ရှင်မရှိတဲ့ နယ်မြေ ဒါမှမဟုတ် ရတနာအိမ်ကို ဝင်တာဆိုရင် ရတနာ ရှာတာ ဖြစ်တယ်။ဒါပေမဲ့ ပိုင်ရှင် ရှိတဲ့အထဲ ဝင်ယူမယ် ဆိုရင်တော့ လုတာ ဖြစ်သွားပါပြီ။ ဒါက လုံးဝ ခြားနားတဲ့ အရာနှစ်ခု ဖြစ်တယ်။ ဒါကြောင့် ကြီးမြတ်တဲ့အဖြူ က တားမြစ်နယ်မြေကို ရှာဖွေဖို့ မဖြစ်မနေ လက်လျော့ရပါတော့မယ်။ ပြီးနောက် သူက များပြားလှတဲ့ ဓားပိုးကောင်တွေကို ကြည့်ပြီး မျက်လုံးတွေ တောက်ပသွားတယ်း။ "ရူဟန် .. ဒီမမြင်ရတဲ့ ဓားပိုးကောင် တွေ က ငါ့ရဲ့ တစ်ခါသုံးဓားပျံတွေ ဖြစ်လာဖို့ အလွန်သင့်တော်တယ်။" ကြီးမြတ်တဲ့အဖြူ က ပြောလိုက်တယ် "ငါက ကြယ်ပျံဓား တစ်သောင်းကို အကြမ်းထည် ထုတ်လုပ်ဖို့ စီစဉ်ထားတယ်။ ပြီးရင်အစီအရင်ကြီး တစ်ခုထဲမှာ ထည့်သွင်း အသုံးပြုဖို့ပေါ့။ ဒါပေမဲ့ ကြယ်ပျံဓား တစ်သောင်း ထုတ်လုပ်ဖို့ ဆိုတာ အရမ်းပင်ပန်းလိမ့်မယ်။ ဒီဓားပိုးကောင်တွေကို အဆင့်မြင့်တင်ပြီး ဓားအစီအရင် တစ်ခု ဖန်တီးလိုက်ရင် အကောင်းဆုံးပဲ""ငါသိပြီ။ ဒါပေမဲ့ စီနီယာ .. တခြားလူတွေက ဒီဓားပိုးကောင်တွေကို မမြင်ရဘူးလေ။ ဟုတ်လား" ရူဟန်က ပြောလိုက်တယ်။ ဓားပေါင်း တစ်သောင်းနဲ့ ဖန်တီးထားတဲ့ အစီအရင်က အရမ်းကို လန်းမှာလေ။ ဒါပေမဲ့တစ်ဖက်လူ က ဒါကို မမြင်နိုင်ဘူး ဆိုမှတော့ ဘာလုပ်ရမှာလဲ။ "ကိစ္စမရှိဘူး။ ငါ မြင်နေရရင် ပြီးတာပဲ" ကြီါ်မြတ်တဲ့အဖြူ က လက်ထဲမှာ ရှိတဲ့ ဓားပိုးကောင် ဝဝ ကြီးကို ကြည့်လိုက်တယ်။ ပြီးနောက် လှုပ်ရှားဖို့ စိတ်အားထက်သန်နေတယ်။ မမြင်ရတဲ့ ဓားပိုးကောင်တွေရဲ့ ခန္ဓာကိုယ် က ဓားတွေလိုပါပဲ။ သူတို့ကိုယ်ပေါ်မှာ အစီအရင်တွေ ရေးဆွဲပြီး တစ်ခါသုံးဓားပျံအဖြစ် အသုံးပြုရရင် ဘယ်လောက် စိတ်ဝင်စားဖို့ ကောင်းမလဲ။ "အရွယ်ရောက်ပြီးသား ဓားပိုးကောင် တွေကို ထိန်းချုပ်ဖို့ ဆိုတာ ဖြစ်နိုင်ပါ့မလား" ရူဟန် က မေးလိုက်တယ်။ အစောပိုင်းတုန်းက ကြီးမြတ်တဲ့ရူလော့ က အရွယ်ရောက်ပြီးသား ဓားပိုးကောင်တွေကို မြင်တော့ သက်ပြင်းချပြီး ပြောခဲ့တယ်။ မွေးဖို့ မဖြစ်နိုင်ဘူးတဲ့။ ဒါကြောင့် သားဖောက်ပြီး မွေးမြူဖို့ အနည်းငယ်ကိုယူသွားခဲ့ ဖြစ်တယ်။ "မင်းပြောတာ ဟုတ်တယ်။ သူတို့ကို ထိန်းချုပ်ရတာ ပြဿနာ တစ်ခု ဖြစ်လိမ့်မယ်။" ကြီးမြတ်တဲ့ အဖြူ က မျက်မှောင်ကုတ်လိုက်တယ်။ နောက်ဆုံးမှာတော့ ဒီဓားပိုးကောင်တွေ က သက်ရှိသတ္တဝါ တွေလေ။ သူအသုံးပြုနေကျ သစ်သားတွေ နဲ့ မတူညီပါဘူး။ သူတို့က ကိုယ်ပိုင်စိတ်ဆန္ဒတွေ ရှိတာကြောင့် ထိန်းချုပ်ရ ခက်ခဲတယ်။ "ကောင်းပြီ။ စီနီယာအဖြူ ... မင်းက ဓားပိုးကောင်တွေကို မွေးမယ် ဆိုရင်တော့ ဖြစ်တယ်။ ငှါ့ာ ဓားပိုးကောင်ဥ တွေ အများကြီး ရှိတယ်။ တစ်ထောင်လောက် ကို ရှိတယ်။ ဒါကြောင့် ဓားပိုးကောင်တွေကို မွေးပြီး ချစ်ခင်ရင်းနှီးမှု ရအောင် လုပ်လို့ ရတယ်။ အချိန်ရောင်လာရင် မင်းက ဥဖောက်ပြီး အကောင်တစ်သောင်းလောက် ရနိုင်တယ်" ရူဟန် က အကြံပြုလိုက်တယ်။ "ကောင်းပြီ" ကြီးမြတ်တဲ့အဖြူ က ခေါင်းညိတ်လိုက်တယ်။ ပြီးနောက် သူက ရူဟန် ဘေးမှာ ရှိတဲ့ ဓားမော့ ပိုးကောင်ကို ကြည့်ပြီး ပြောလိုက်တယ် "မင်းဆီမှာ ရှိတာ ဓားမော့ပိုးကောင်ဥ မဟုတ်ဘဲ ဓားပိုးကောင် ဥ ဆိုတာ သေချာလို့လား"ရူဟန်က ပြုံးကာ ပြောလိုက်တယ် "ဒီဓားမော့ပိုးကောင် က သန္ဒေပြောင်းကောင်ပဲ။ ဓားပိုးကောင် တစ်ထောင်မှာ တစ်ကောင်ပါလာဖို့ တောင်မှ ခဲယဉ်းတယ်။" "ကောင်းပြီ။ ဒါဆိုရင် ငါ့ကို ဓားပိုးကောင်ဥ တစ်ထောင်ပေး .. အင်း.. မင်းပြန်လိုချင်တာ ဘာရှိလဲ" ကြီးမြတ်တဲ့အဖြူ က မေးလိုက်တယ်။ "ငါ စီနီယာအဖြှူု့ ဆီမှာ စိတ်ဝိညာဉ်ကျောက်တုံး တော်တော်များများ အကြွေးတင်နေတာ မဟုတ်လား" ရူဟန်က ပြောလိုက်တယ်။ "ငါက စိတ်ဝိညာဉ်ကျောက်တုံးတွေ ချေးတယ် ဆိုပေမဲ့ ဒီကိစ္စနှစ်ခု က မပတ်သက်ဘူးလေ" ကြီးမြတ်တဲ့အဖြူ က ပြောလိုက်တယ်။"ဒါဆိုရင် ငါနည်းနည်း စဉ်းစားလိုက်မယ်။ ကောင်းပြီ။ မင်း သင်ကြားရေး နတ်ဘုရား စနစ်၊ ပိုက်ဆံရှာစတစ် နဲ့ သိုင်းပညာရှင် စနစ်တွေကို စမ်းသပ်ထုတ်လုပ်ပြီးပြီ ဆိုရင်ငါ့ကို လည်း မိတ္တုပေး" ရူဟန် က ပြောလိုက်တယ်။ သူက သိုင်းပညာရှင် စနစ်ကို ဂျိုးဇက် အတွက် လိုချင်တာ ဖြစ်တယ်။ ကောင်းတယ် ဆိုရင် သူ့မိဘတွေကိုလည်း ပေးဖို့ စီစဉ်ထားတယ်။ ဒါအပြင် သူက သင်ကြားရေး နတ်ဘုရားစနစ် ကို သူ့အခန်းဖော်သုံးယောက် ဆီပေးချင်တယ်။ ဂေါင်မူမူ နဲ့ ရောင်ဒီ တို့ရဲ့ အဆင့်က ကောင်းပြီးစား ဆိုပေမဲ့ ဒီစနစ်နဲ့ဆိုရင် ပိုကောင်းတဲ့ အဆင့်ကို ရနိုင်တယ်။ ဒါပေမဲ့ တုဘိုက တော့ ဒီ သင်ကြားရေး နတ်ဘုရား စနစ်ကို မဖြစ်မနေ လိုအပ်တဲ့ အရာပါပဲ။ ပျင်းရိနေတဲ့ အချိန်မှာတောင် လေ့လာသင်ယူနေလို့ ရတဲ့ စနစ်လေ။ အရမ်းကောင်းလိမ့်မယ်။"သေချာတာပေါ့" ကြီးမြတ်တဲ့အဖြူ က ခေါင်းညိတ်လိုက်တယ်။ ❄️❄️❄️တားမြစ်နယ်မြေ ခရီးက ပြီးဆုံးပါတော့မယ်။ ဒီအချိန်မှာတော့ရူဟန်၊ ရီစင့်၊ ရှောင်ချိုက် နဲ့ ချူမိသားစု ဘိုးဘေးတို့ က ကြီးမြတ်တဲ့အဖြူ ရဲ့ ဆယ်မီတာရှည်တဲ့ ကား ထဲမှာ ထိုင်ပြီး ချူမိသားစု နယ်မြေဆီကို ဦးတည်လိုက်တယ်။ ကားမောင်းနေရင်း ကနေ ဒီကားကို ဘယ်လို အဆင့်မြင့်တင်ရမယ် ဆိုတာကို စီနီယာအဖြူ က စဉ်းစားနေတယ်။ ရူဟန်က ရှေ့ခရီးသည် ခုံမှာ ထိုင်ပြီး တန်ခိုးကျင့်နေတယ်။ ချူမိသားစု ဘိုးဘေး က နောက်မှာ လှဲပြီး သတိမေ့နေတုန်းပါပဲ။ စီနီယာအဖြူက သူ့ဒဏ်ရာတွေကို ကုသ ပေးခဲ့တယ်။ ရက်အနည်းငယ်ကြာရင် ပြန်ပြီး သတိရလာမှာပါ။ "ရူဟန် .. ကျောင်းသားတစ်ယောက် ဖြစ်ရတာ၊ ပါမောက္ခတစ်ယောက် ဖြစ်ရတာ ၊ ဒါမှမဟုတ် ကျောင်းအုပ်တစ်ယောက် ဖြစ်ရတာ ဘယ်ဟာ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလဲ" ကြီးမြတ်တဲ့အဖြူ က ရုတ်တရက် မေးလိုက်တယ်။ "အမ်" ရူဟန် က ဇဝေဇ၀ါ ဖြစ်သွားတယ။် ဒီမေးခွန်းကို ဘာလို့ မေးရတာလဲ နေအုန်း။ ကြိုးကြာဖြူ က ကျောင်းကို ကျောင်းသား အဖြစ်ပြောင်းလာတယ်။ ကြီးမြတ်တဲ့အဖြူ လည်း ဂျင်နန် တက္ကသိုလ်ကို ပြောင်းလာမယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ အနီးနားက ကျောင်းက မြေတူးစက်အလှမောင်းသင်နေတာကို မြင်လို့ ကြီးမြတ်တဲ့အဖြူ က ကျောင်း ပထမနေ့ကို မတက်ခဲ့တာဖြစ်မယ်။ စီနီယာအဖြူ က ကျောင်းသား ၊ ပါမောက္ခ ၊ ကျောင်းအုပ် ထဲက ဘာလုပ်ရင်ကောင်းမလဲ ဆိုတာကို စဉ်းစားရွေးချယ်နေတာလား။ "ကျောင်းသားလုပ်တာ အကောင်းဆုံး လို့ ထင်တယ်။ ပူပန်စရာတွေ သိပ်မရှိဘူး။ သင်ယူနိုင်ရင် အရာအားလုံး အဆင်ပြေတယ်။" ရူဟန် က ခဏလောက် စဉ်းစားပြီး ပြောလိုက်တယ် "တကယ်တော့ ပါမောက္ခဖြစ်ရတာလည်း မဆိုးဘူး။ နာမည်ကြီး ပါမောက္ခတွေကို လူတွေက လေးစားကြတယ်။ ကျောင်းအုပ်ကတော့ ငါလည်း သေချာမသိဘူး။ ဂျင်နန် ကျောင်းအုပ် ဘာလုပ်ရတယ် ဆိုတာတောင်မှ ငါမသိဘူး။ တစ်နှစ်လုံးနေလို့ သူ့ကို တွေ့ရချိန်က အရမ်းနည်းပါးတယ်""အွန်း" ကြီးမြတ်တဲ့ အဖြူ က ခေါင်းညိတ်လိုက်တယ်။"စီနီယာအဖြူ .. မင်း ဘာအစီအစဉ် ရှိလို့လဲ" ရူဟန် က မေးလိုက်တယ်။"ငါက ရုပ်ရှင်ဒါရိုက်တာ ကျောင်းမှာ ကျောင်းအပ်ထားတာ။ ငါမင်းကို ဒါရိုက်တာ ဖြစ်ချင်တယ်လို့ ပြောဖူးတယ် မဟုတ်လား။ ဒါပေမဲ့ ဒါရိုက်တာ မလုပ်ခင်မှာ အခြေခံ ဗဟုသုတ တွေကို အရင်စုဆောင်းရမယ်လေ" ကြီးမြတ်တဲ့အဖျြူ က ပြောလိုက်တယ်။ "အဓိပ္ပာယ်ရှိတယ်" ရူဟန်က ပြောလိုက်တယ်။ "ဒါပေမဲ့ မဝေးတော့တဲ့ အနာဂတ်မှာ ငါက တံခါးပိတ်ကျင့်ကြံမှု ပြုလုပ်နိုင်တယ်။ နှစ်လလောက်နေရင်ပေါ့။ ပထမ ငါ နှစ်သုံးရာ လောက် တစ်ခါတည်း တံခါးပိတ်ကျင့်ကြံဖို့ စီစဉ်ထားတာ။ ဒါပေမဲ့ နောက်ပိုင်းမှာ စိတ်ဝင်စားစရာ ကိစ္စတွေ အများအပြားတွေ့ခဲ့တယ်။ ဒါကြောင့် အေးအေးဆေးဆေးမှ ကျင့်ကြံဖို့ ဆုံးဖြတ်လိုက်တယ်။" ကြီးမြတ်တဲ့အဖြူ က ပြောလိုက်တယ် "ဒါကြောင့် ငါက ရုပ်ရှင် ဒါရိုက်တာ သင်ခန်းစာကို အမြန်ဆုံး သင်တဲ့ အရာ ရှိလား သိချင်တယ်""အမြန်သင်ပေးတယ် ဆိုတာ မယုံရဘူး။ အဲအစား ရုပ်ရှင်ကျောင်းရဲ့ ပါမောက္ခကို ဂိုက်ခေါ်ပြီး တစ်ကိုယ်တည်း သင်တာ ပိုကောင်းတယ်" ရူဟန် က ပြောလိုက်တယ်။"မင်းပြောတာ အဓိပ္ပာယ်ရှိတယ်" ကြီးမြတ်တဲ့အဖြူ ရဲ့ မျက်လုံးတွေ က တောက်ပသွားတယ် "ဒါဆိုရင် ပြန်ရောက်လာနဲ့ ရုပ်ရှင်ကျောင်း က ပါမောက္ခတွေကို သွားခေါ်ခဲ့မယ်""......" ရူဟန်။ငါတို့ ဒီလို လုပ်လို့ မရဘူး ။ ပါမောက္ခတွေ ဆိုတာ ငယ်တော့တာ မဟုတ်ဘူး။ ဒီလို အတင်းအကျပ်လုပ်ရင် သူတို့ ဘယ်ခံနိုင်ပါ့မလဲ၊ သူတို့ ဆွေးနွေးနေတုန်းမှာပဲ ကြီးမြတ်တဲ့အဖြူ က ရုတ်တရက် ဘရိတ်နင်းလိုက်တယ်။"တစ်ခုခုဖြစ်လို့လား" ရူဟန် မေးလိုက်တယ်။ "ဟုတ်တယ်။ ကြယ်ပျံဓားဆီက တုံ့ပြန်မှု ရတယ်။ အားရှီလျှူ က ကောင်းကင်ဘုံကပ်ဘေးကို ကျော်ဖြတ်နေပြီ။ ထပ်ပြောရရင် စိတ်ဝင်စားစရာကိစ္စတွေ ဖြစ်နေတယ်။ ငါသွားကြည့်ရမယ်" ကြီးမြတ်တဲ့အဖြု က ပြောလိုက်တယ်။ "အားရှီလျှူ ကပ်ဘေးကျော်တာလား။ စီနီယာအဖြူ .. ဒါဆိုရင် ငါ့ကို လည်း ခေါ်သွားပေးပါ" ရူဟန် က ပြောလိုက်တယ်။
အပိုင်း (၉၈၂) အားရှီလျှူ ကောင်းကင်ဘုံကပ်ဘေး ကျော်ဖြတ်နေပြီ။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Onde histórias criam vida. Descubra agora