အပိုင်း (၁၀၇၁)

111 33 0
                                    


#Unicode


သူတော်စင် စည်း ရဲ ့လုပ်ဆောင်နိုင်မှုများ ...

စိတ်ဝိညာဉ်ကောင်က တကယ်ပဲ ငဒူစွန်းသာ ဆိုရင် ဒီကိစ္စတွေ က အချိန်ရဲ့ သဘောတရားတွေ ပါဝင်နေတာ ဖြစ်ရမယ်။

ငဒူစွန်း က အတိတ်က တစ်စုံတစ်ယောက်ပဲ။ ရူဟန် ရဲ ့ခန့်မှန်းချက်သာ မှန်ကန်မယ်ဆိုရင် သူ့ရဲ့ စိတ်ဝိညာဉ်ကောင်က အချိ်န်နဲ့ တည်နေရာကို ဖြတ်ကျော် ခရီးသွားပြီး အတိတ်ကို ပြန်ရောက်သွားတာ ဖြစ်ရမယ်။

ရုပ်ရှင်တွေ ၊ တီဗွီရှိုးတွေ ထဲမှာ ဒီလို ပြန်လည်ဝင်စားခြင်း အမျိုးအစား ဆိုတာ နှစ်ပေါင်းများစွာ ထဲက ရှိနေပြီးသားပါ။ အတိတ်မှာ ပြန်လည်ဝင်စားတယ်။ အနာဂတ်ကို သွားပြီး ဝင်စားတယ်၊ အခြားကမ္ဘာကို ပြန်လည် ဝင်စားတယ်။ ငရဲပြည် ၊ ကောင်းကင်ဘုံ .. ပြန်လည်ဝင်စားခြင်း ဆိုတာ အချိန်မရွေး နေရာမရွေးကို ဖြစ်ပျက်ခဲ့တာပါ။

ပြန်လည်ဝင်စားခြင်း အမျိုးအစားတွေ အများအပြားရှိပြီး တစ်စုံတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်သွားပြီး အပိုင်စီးလိုက်တာ ၊ ပြန်လည် မွေးဖွားတာ ၊ လိင်ပြောင်းသွားတာ စသဖြင့်ပါပဲ။

ပြန််လည်ဝင်စားခြင်း နဲ့ ပတ်သက်ပြီး ရူဟန်က သေချာမသိပါဘူး။ အခုခေတ်ကြီးမှာ တွင်းဘေးနားမှာ ဆောင့်ကြောင့်ထိုင်နေရင်း .. ဒါမှမဟုတ် .. ရေသောက်နေရင်းကနေတောင် ပြန်လည် မွေးဖွားတာမျိုး ဖြစ်နိုင်တယ် မဟုတ်လား။

ဒါပေမဲ့ ငဒူစွန်း ကသာ သူ့ရဲ့ စိတ်ဝိညာဉ်ကောင်သာဆိုရင် အခု ဘယ်ရောက်နေတာလဲ။

ဘာကြောင့် သူ့ဘေးနားကို ပြန်မလာသေးတာလဲ။

"သူက ထွက်ပေါ်လာဖို့ အခြေအနေ မပေးလို့လား။ ဒါမှမဟုတ် သေသွားခဲ့လို့လား" ရူဟန်က မျက်မှောင်ကုတ်ပြီး စဉ်းစားလိုက်တယ် ။

သူခန့်မှန်းထားတာတွေကို အတည်ပြုနို်င်ဖို့ အနာဂတ်မှာ ခန်းမသခင်ချူ ဆီသွားပြီး ငဒူစွန်း အကြောင်း မေးမြန်းကြည့်ဖို့ ရူဟန်က အစီအစဉ်ချ လိုက်တယ်။

❄️❄️❄️

"ဟေး .. ရူဟန် .. ထတော့ အိမ်မက်ဆိုးတွေ မက်နေတာလား" ဒီအချိ်န်မှာပဲ ရှီလျှူ ့အသံက သူ့နားထဲကို ဝင်လာတယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Où les histoires vivent. Découvrez maintenant