အပိုင်း (၈၉၃)

131 26 0
                                    

#Unicode

ဘေဂျင်းကလူတွေ အားလုံး အချ်ိန်စောပြီး ဆောင်းဦးရာသီပွဲတော်ကို ကျင်းပလို့ ရနိုင်ပြီ။
နေဝင်တော့မှာ ဖြစ်တာကြောင့် တားမြစ်မြို့တော် ထဲမှာ ရှိတဲ့ နိုင်ငံခြားသား ခရီးသွားတွေ က တဖြည်းဖြည်း နည်းပါးလာတယ်။
ဒါပေမဲ့ သာမာန်လူ တွေ မမြင်နိုင်တဲ့ နေရာတစ်ခုမှာတော့ များပြားလှတဲ့ ကျင့်ကြံသူတွေက တိတ်တဆိတ် စုဝေးလာကြတယ်။ သာမာန်လူတွေ မမြင်နိုင်တဲ့ ဓားအလင်းနဲ့ မှော်ရတနာတွေက ဒီနေရာကို ဆက်တိုက် ဆင်းသက်လာတယ်။
ကိုးစီရင်စု က အဖွဲ့ဝင်တွေအပြင် များပြားလှတဲ့ မရင်းနှီးတဲ့ ကျင့်ကြံစူတွေကလည်း ရောက်ရှိလာပြီး နေရာကောင်းရွေးနေကြတယ်။ ပြီးနောက် မှော်ရတနာ ဒါမှမဟုတ် ဗီဒီယို ကင်မရာတွေကို ပြင်ဆင်ပြီး တားမြစ်မြို့တော် တောင်ကုန်းထိပ်ကို ချိန်ကာ ရိုက်ကူးဖို့ ပြင်နေကြတယ်။
"အမ်.. ဒီနေ့ လူတော်တော်များများ လာကြတာပဲ။ ဒီလူတွေ မြောက်ပိုင်းမြစ် နဲ့ ထရွင်ဂန် ရဲ့ တိုက်ပွဲ အကြောင်းကို ဘယ်လိုသိကြတာလဲ" သခင်လေး ဖီးနစ် သတ်ဖြတ်သူ က မေးလိုက်တယ်။ ဒီပွဲကို ကိုးစီရင်စု က စီနီယာတွေပဲ တက်ရောက်လိမ့်မယ်လို့ သူထင်ထားခဲ့တာ ဖြစ်တယ။် အခုတော့ မရင်းနှီးတဲ့ ကျင့်ကြံသူ တော်တော်များများ ပါ တက်ရောက်လာကြတယ်။
နေလုံးကြီးလို တောက်ပတဲ့ အသွင်အပြင်နဲ့ ဆေးဆရာက ခပ်ဖျော့ဖျော့ ပြုံးကာ ပြောလိုက်တယ် "ငါသိသလောက်ဆိုရင် ဒီလူတွေ အားလုံးကို မြောက်ပိုင်းမြစ် က ဖိတ်ခေါ်ထားတာပဲ။ သူတို့ထဲမှာ ကျင့်ကြံသူတို ့နေ့စဉ်သတင်းစာ က လူတွေ၊ လျှို့ဝှက်သတင်းဗဟို ဌာန က တပည့်တွေ ၊ရှန်းကန်း ရုပ်သံဌာန က အဖွဲ့ဝင်တွေ .. စသဖြင့် ပါကြတယ်။"
မြောက်ပိုင်းမြစ် က ဒီတိုက်ပွဲကို ပွဲကြီးတစ်ခု ဖြစ်စေချင်တာ။ ဒီတိုက်ပွဲကို သူက တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်ချင်တာဖြစ်တယ်။
"ကြည့်ရတာ ဒီတစ်ကြိမ်မှာ တာအိုရောင်းရင်း မြောက်ပိုင်းမြစ် က ကိုယ့်ကိုယ်ကိုယ် လုံးဝ ယုံကြည်နေတာပဲ" အစစ်အမှန် နတ်ဘုရား ရေနဂါး က ပြုံးကာ ပြောလိုက်တယ်။
ကျိန်းသေပေါက် နိုင်မယ် ဆိုတာ သေချာတာကြောင့် မြောက်ပိုင်းမြစ် က တိုက်ပွဲကို တိုက်ရိုက် ထုတ်လွှတ်ဖို့ စီစဉ်ထားတာ ဖြစ်ရမယ်။
ပြုံးပြီးတဲ့နောက် အစစ်အမှန်နတ်ဘုရား ရေနဂါး က စတင် စိတ်ပူသွားတယ်။ လွန်ခဲ့တဲ့ တစ်ပတ်တုန်းက သူ ထရွင်ဂန် နဲ့ အမှတ်မထင် ဆုံခဲ့တယ်။ ဘာကြောင့် မှန်း မသိဘူး ဆိုပေမဲ ့တစ်ခုခု မှားယွင်းနေတယ်လို့ သူခံစားမိနေတယ်။ ဘာမှားနေတာလဲဲ ဆိုတာတော့ သူမသိပါဘူး။
မြောက်ပိုင်းမြစ် က ဒီဆန်းကျယ်တဲ့ ထရွင်ဂန် ကို အနိုင်ယူနိုင်ပါ့မလား။
ခရမ်းရောင်မြူနှှု်း က ဆေးဆရာ လက်ကို ဆွဲပြီး မေးလိုက်တယ် "တာအိုရောင်းရင်း မြောက်ပိုင်းမြစ် က အခု ဘယ်မှာလဲ"
"အခု မင်းပြောမှပဲ သူ့ကို မမြင်တာကို သတိထားမိတယ်။ ဒီရက်ပိုင်းအတွင်း သူ က လိုင်းလည်း မတက် ဘူး။ ငါရေးထားတာကို ပထမဆုံး ပြန်ရေးတဲ့သူက မြောက်ပိုင်းမြစ် မဟုတ်ဘူး ဆိုတဲ့ ခံစားချက်က တစ်မျိုးဖြစ်နေတယ်" သခင်လေး ဖီးနစ် သတ်ဖြတ်သူ က ပြောလိုက်တယ်။
"ငါထင်တာတော့ မြောက်ပိုင်းမြစ်က သူ့အကွက်တွေကို ထရွင်ဂန် ရှာတွေ့သွားမှာ စိုးလို့ ပုန်းနေတာဖြစ်မယ်။ တိုက်ပွဲ မစခင်မှာ မြောက်ပိုင်းမြစ် က ပေါ်လာမှာ မဟုတ်ဘူး" အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားတဲ့ ပိုးစုန်းကြုူး က ပြောလိုက်တယ်။
သုံးရက် ဘုန်းကြီးလေး က အနားပတ်ဝန်းကျင်ကို ကြည့်ပြီး မေးလိုက်တယ် "ဒါဆိုရင် စီနီယာ ထရွင်ဂန် ကရော ဘယ်မှာလဲ"
တခြားလူတွေ အကုန်လုံးရောက်နေတာတောင်မှ သူငယ်ချင်းလေး ရူဟန်တို့ အဖွဲ့က ပျောက်နေပါသေးတယ်။
ရေနဂါးက ပုခုံးတွန့်ပြီး ပြောလိုက်တယ် "တာအိုရောင်းရင် ထရွင်ဂန် ကို ဒီကို ရောက်နေတာ ကြာလောက်ပြီ။ ပြီးတော့ သူက ရှေ့ထွက်ရပ်နေရင်တောင်မှ သူ့ကို ဘယ်သူမှ မှတ်မိမှာမဟုတ်ဘူးလေ"
ထရွင်ဂန် ရဲ့ ရုပ်ပြောင်း နည်းစနစ် က တကယ့်ကို ကြောက်စရာကောင်းတယ်။ အဆင့်ခုနှစ် ကြီးမြတ်သူ မပြောနဲ့ အဆင့်ရှစ် သူတော်စင် နတ်ဘုရား တောင်မှ သူ့ကိုမှတ်မိဖို့ သိပ်မလွယ်ဘူး။
❄️❄️❄️
တဖြည်းဖြည်း နဲ့ ညရောက်လာခဲ့ပြီ။
တားမြစ်မြို့တော်ထဲမှာ ကျင့်ကြံသူတွေ တဖြညး်ဖြည်း များပြားလာတယ်။
"ဒီတိုက်ပွဲ ဘယ်အချိန်စမှာလဲ" သခင်လေး ဖီးနစ် သတ်ဖြတ်သူ က ဖရုံစေ့အိတ်လေးကို ထုတ်ကာ အနားက တာအိုရောင်းရင်းတွေကို မျှဝေ ပေးလိုက်တယ်။
"ငါလည်း မသိဘူး။။ ဒါပေမဲ ့ငါတို့က စောင့်ကို စောင့်ရမှာပဲ မဟုတ်လား" ဆေးဆရာက ပြုံးကာ ပြောလိုက်တယ်။
"ဆိုးတာက ဒီနေ့ လပြည့်နေ့မဟုတ်တာပဲ။ မဟုတ်ရင် ကျွမ်းကျင်သူ နှစ်ယောက် တိုက်ပွဲ မြင်ကွင်း က အရမ်းကို ကြည့်ကောင်းမှာ သေချာတယ်။" ဂိုဒါ က ပြောလိုက်တယ်။ ပြီးနောက် သူ့ဖုန်းကို ထုတ်ယူလိုက်ပြီး ဂရုထဲကို စာပို့လိုက်တယ်။
ကိုးစီရင်စု ဂရုထဲမှာတော့ ..
ဂိုဒါ "ချစ်စရာခွေးလေးပုံ"
ဂိုဒါ "ခွေးခေါင်းကို ကြမ်းကြမ်းတမ်းတမ်း ပွတ်နေတဲ့ပုံ"
ဒီနေ့မှာ လူတိုင်းက ကန့်သတ်မြို့့တော် တောင်ကုန်း ပေါ်က တိုက်ပွဲကို အာရုံစိုက်နေကြတာတယ်။ ဒါကြောင့်ပဲ ဘယ်သူမှ သူ့ရဲ ့အတွဲအဖက်ကို မဖျက်ဆီးကြပါဘူး။
ဂိုဒါက သဘောတကျ နဲ့ သူ့ဖုန်းကို ပြန်သိမ်းလိုက်တယ်။
ဒါပေမဲ့ ဘာကြောင့်မှန်းမသိဘဲ သူ့အတွဲအဖက်ကို ဖျက်ဆီးသူ မရှိတာကို မြင်တော့ စိတ်ဓာတ်နည်းနည်း ကျသွားတယ်။
လူသားတွေရဲ ့စိတ်က တကယ်ပဲ ဆန်းပြားလှတယ်။
၁၀ မိနစ်လောက်ကြာတော့ ..
သခင်လေး ဖီးနစ် သတ်ဖြတ်သူ က ခေါင်းမော့ပြီး ပြောလိုက်တယ် "တစ်စုံတစ်ယောက် လာနေပြီ"
ဓားအလင်းက မြန်မြန်ပဲ အဝေးမှ ချဉ်းကပ်လာတယ်။
ဓားအလင်းက တော်တော်ကြီးမြန်ပါတယ်။ သခင်လေး ဖီးနစ် သတ်ဖြတ်သူ က သူ့ဘဝမှာ ဒီလောက်မြန်တဲ့ ဓားပျံကို ပထမဆုံး မြင်ဖူးတာပဲ ဖြစ်ပါတယ်။
ဓားအလင်းရဲ့ နောက်မှာ နဂါးအမြီးတစ်ခုက ခပ်ဝါးဝါး မြင်နေရတယ်။
ရေနဂါးကြီးက မျက်လုံးကို ကျဉ်းမြောင်းအောင် ကြည့်ပြီး ပြောလိုက်တယ် "တာအိုရောင်းရင်း အဖြူ ပဲ။ နောက်ဆုံးတော့ သူ ရောက်လာပြီ"
သခင်လေး ဖီးနစ် သတ်ဖြတ်သူက ပြောလိုက်တယ် "စီနီယာအဖြူရဲ့ အမြန်နှုန်းက ပုံမှန်ထက် ပိုပြီး မြန်ဆန်နေတယ်လို့ ဘာလို့ ထင်နေရတာလဲ။"
"တကယ်ပဲ ပုံမှန်ထက် မြန်တာပဲလေ။ ငါ သူငယ်ချင်းလေး ရူဟန်ရဲ့ အရေပြား အစိမ်းရောင် ပေါက်နေတာကို ကြည့်ပြီး ဒါကိုပြောနိ်ုင်တယ်။ အရင်တုန်းက တာအိုရောင်းရင်းအဖြူ သူငယ်ချင်းလေး ရူဟန်ကို အမြန်ဆုံးနှုန်း နဲ့ ခေါ်လာတုန်းက သူငယ်ချင်းလေး ရူဟန် ရဲ ့မျက်နှာက ဖြူရုံပဲ ရှိတယ်။ ဒါပေမဲ ့အခု က အစိ်မ်းရောင်တောင် ပေါက်လာပြီ။ တာအိုရောင်းရင်း အဖြူ ရဲ ့အမြန်နှုန်းက ထိပ်ဆုံးအဆင့်ကို ရောက်နေတာ ဖြစ်မယ်။ ဒီနေ့ တာအိုရောင်းရင်းအဖြူ ရဲ ့အမြန်နှုန်း က အဆင့်ရှစ် သူတော်စင် နဲ့တောင် သိပ်မကွာတော့ဘူးလို့ ငါထင်နေတယ်" ရေနဂါးကြီးက ခေါင်းညိတ်ကာ ပြောလိုက်တယ်။
သခင်လေး ဖီးနစ် သတ်ဖြတ် သူက ကိုယ့်ဘာသာ ခေါင်းညိတ်လိုက်တယ်။ နောက်ဆိုရင် သူက သူငယ်ချင်းလေး ရူဟန် ရဲ အသားအရောင်ကို ကြည့်ပြီး ဓားပျံရဲ့ အမြန်နှုန်းကို တိုင်းတွာလို့ ရပါပြီ။
ဥပမာအားဖြင့် သူငယ်ချင်းလေး ရူဟန်ရဲ့ အသားအရောင်က ဖြူရော်ရော်ဖြစ်တဲ့ အမြန်နှုန်း၊ သေမတတ်ဖြူရော် သွားတဲ့ အမြန်နှုန်း၊ အစိမ်းရောင်ပါ ပြောင်းသွားတဲံ အမြန်နှုန်း ဆိုပြီးတော့ပါ။
"သူငယ်ချင်းလေး ရူဟန် .. နောက်ဆုံးတော့ ရောက်လာပြီပဲ" သုံးရက်ဘုန်းကြီးလေး က ရူဟန် အပြင် အနောက်မှာ ရှိနေတဲ့ ဂေါင်ဂေါင်၊ ရှစ် နဲ ့ကျုး တို့ကို မြင်လိုက်တယ်။ သူက စိတ်ချသွားသလို သက်ပြင်းချလိုက်တယ်။
နောက်ဆုံးမှာတော့ ကြီးမြတ်တဲ ့အဖြူ က သူတို့ခေါင်းပေါ်မှာ ရပ်တန့်လိုက်တယ်။
"အမ်.. ထရွင်ဂန် နဲ့ မြောက်ပိုင်းမြစ် တို့ မလာသေးဘူးလား။ ဒီလိုမှန်းသိရင် အမြန်ဆုံးနှုန်းနဲ့ မလာခဲ့ပါဘူး" ကြီးမြတ်တဲ့ အဖြူ က ပြုံးကာ ပြောလိုက်တယ်။
နောက်မှာတော့ ရူဟန် နဲ့ ကလေးသုံးယောက်တို့က ခြေထောက်တွေ ပျော့ခွေနေလေပြီ။
ဒီတစ်ကြိမ်မှာတော့ ရူဟန်က စီနီယာအဖြူ ကို နဂါးအမြီးတံလျှပ် စောစော စီးစီး ပေးမိတာကို နောင်တ ရမိနေတယ်။
ကြီးမြတ်တဲ့အဖြူ က ခဏလောက်စဉ်းစားလိုက်တယ်။ ပြီးနောက် ချက်ချင်းပဲ မျက်လုံးတွေ လင်းလက် သွားပြီး "ထရွင်ဂန် နဲ့ မြောက်ပိုင်းမြစ်တို့ မလာသေးဘူး ဆိုတော့ ငါက ဒီအခွင့်အရေးကို အရယူပြီး သူတို့ကို လက်ဆောင်ပေးရမယ်"
ပြောပြီးတဲ့နောက် ကြီးမြတ်တဲ့ အဖြူ က သူ့ဓားပျံကို နောက်တစ်ကြိမ် ထိန်းချပ်ပြီး ကောင်းကင်ပေါ်ကို တက်သွားလိုက်တယ်။
ရူဟန် က ပြောလိုက်တယ် "စီနီယာအဖြူ .. ငါတို့ကို ဓားပျံပေါ်ကနေ အရင်ချပေးပါလား"
"မလိုဘူး။ ငါက ကောင်းကင်ပေါ်မှာ မှော်နည်းစနစ် တစ်ခုကို အသုံးပြုမလို့ ။ ကြာမှာမဟုတ်ဘူး" ကြီးမြတ်တဲ ံအဖြူ က ပြုံးကာ ပြောလိုက်တယ်။
ပင်လယ်ရေမျက်နှာပြင် အထက် မီတာ တစ်ထောင်လောက်ကို ပျံတက်ပြီးနောက်မှာတော့ ကြီးမြတ်တဲ့ အဖြူ က လက်သင်္ကေတ တစ်ခုကို ပြုလုပ်လိုက်တယ်။ ကောင်းကင်ပေါ်မှာ ရှိတဲ ့ရေငွေ့တွေက စုစည်းလာပြီး လေထဲမှာ ရေခဲကျောက်လို ဖြစ်လာတယ်.
"စီနီယာအဖြူ .. မင်းဘာလုပ်ချင်တာလဲ" ရူဟန်က စိတ်ဝင်တစား နဲ့ မေးလိုက်တယ်။
"ငါက ကောင်းကင်ပေါ်မှာ ကြီးမားတဲ့လကြီးဖန်တီးတဲ့ မှော်နည်းစနစ်ကို အသုံးပြုနေတာလေ" ကြီးမြတ်တဲ ့အဖြူ က ရှင်းပြလိုက်တယ်။ "ဟိုးအရင့်အရင် တုန်းက အနောက်တိုင်းမှာ လပြည့်နေ့တိုင်း ပုံသဏ္ဍာန်ပြောင်းတဲ့ မွနး်စတားဝံပုလွေ တွေရှိတယ်။ သူတို့က ပုံသဏ္ဍာန်ပြောင်းလဲချိန်မှာ အားအင်နှစ်ဆတိုး လာတတ်တယ်။ ဒါပေမဲ့ လပြည့်နေ့က နေ့တိုင်းမရှိဘူးလေ။ ဒါကြောင့် မှော်နည်းစနစ် တစ်ခုကို အသုံးပြုပြီး လပြည့်ဝန်း အတု တစ်ခု ကို ဖန်တီးကြတယ်။ ငါ က ဒီနည်းစနစ် ကို အရင်က မြင်ဖူးတယ်။ ပြီးတော့ အနည်းငယ် ပြန်ပြီး အဆင့်မြင့်လိုက်တယ်။ အခု ငါက ပိုပြီးကြီးတဲ့ လပြည့်ဝန်းကြီးကိုတောင်မှ ဖန်တီးနိုင်နေပြီ"
"ဘာလို့ မှော်နည်းစနစ် ကို အသုံးပြုပြီး လပြည့်ဝန်း ကို ဖန်တီးချင်ရတာလဲ" ကိုရင်ေးလ ဂေါင်ဂေါင် က မေးလိုက်တယ်။
ရှစ် က မျက်စိကို ပေကလတ်ပေကလတ် လုပ်ကာ ပြောလိုက်တယ် "ကောင်းကင်မှာ လပြည့်ဝန်းကြီး ရှိနေမယ်ဆိုရင် တားမြစ်မြို့တော် တောင်ကုန်းပေါ်က တိုက်ပွဲက ပိုကြည့်ကောင်းမှာ မလို့ပဲ။ ဟုတ်တယ်မလား စီနီယာအဖြူ"
"အတိအကျပဲ" ကြီးုမြတ်တဲ့အဖြူ က ပြုံးကာ ပြောလိုက်တယ်။
ရူဟန်က ပြောလိုက်တယ် "စီနီယာအဖြူ .. ဘေဂျင်းကလူတွေလည်း ဒီမှော်နည်းစနစ် အစွမ်းကို မြင်နိုင်မှာလား"
"အင်းပေါ့" ကြီးမြတ်တဲ့အဖြူ က ပြန်ပြောလိုက်တယ်။
ဘေဂျင်းက လူတွေ တော်တော်ကံကောင်းတာပဲ။ သူတို့က စက်တင်ဘာ ၁ရက်နေ့မှာတင် ဆောင်းဦးရာသီပွဲတော်ကို ကြိုပြီး ကျင်းပလို့ ရနိုင်ပြီ။
ဒါပေမဲ့ ဒီလူတွေ က ကောင်းကင်ပေါ်မှာ လနှစ်စင်းကို မြင်နေရမှာ မဟုတ်လား။
❄️❄️❄️
ကြီးမြတ်တဲ့ အဖြူ က သူ့မှော်နည်းစနစ်ကို အသုံးပြုလိုက်တော့ ကြီးမားတဲ့ လပြည့်ဝန်းကြီး က တားမြစ်မြို့တော်ရဲ့ လေထုထဲမှာ ပေါ်ပေါက်လာတယ်။
လ အတု ကြီး က လုံးဝန်းပြီး ကြီးမားတယ်။
ဂိုဒါ က ခံစားချက် အပြည့်နဲ့ သက်ပြင်းချလိုက်တယ် "စီနီယာအဖြူ ကို တော်ရုံပဲ မျှော်လင့်ထားလို့ မရဘူး။ သူက လှုပ်ရှားပြီဆိုရင် ကောင်းကင်ပေါ်မှာ လအတုကြီးကိုတောင် တိုက်ရိုက်ဖန်တီးနိုင်တာပဲ"
သခင်လေး ဖီးနစ် သတ်ဖြတ်သူ က သူတို့ခေါင်းပေါ်မှာ ရှိနေတဲ့ လကြီးကို ကြည့်ပြီး တံတွေးမျိုချလိုက်တယ် "တာအိုရောင်းရင်း ဂိုဒါ .. ဒီလက နည်းနည်း ကြီးလွန်းနေတယ်လို့ မထင်ဘူးလား။ လက အရမ်းကြီးတယ် ဆိုတာ ကြည့်တဲ့ လူတွေ နဲ့ နီးကပ်နေလို့ မဟုတ်လား။ မကြာခင် ခေါင်းပေါ် ပြုတ်ကျတော့မလိုပဲ"
ရေနဂါးကလည်း သဘောတူညီစွာနဲ့ ခေါင်းညိတ်လိုက်တယ် "ဒါ တကယ်ပဲ ကြီးတယ်"
"တာအိုရောင်းရင်း ဖီးနစ် သတ်ဖြတ်သူ ပြောမှ ငါကြောက်တောင်လာပြီ။ လကြီးက အချိ်န်မရွေး ပြုတ်ကျလာနိုင်တယ်လို့ ငါခံစားနေရတယ်။" ပိုးစုန်းကြုးက ပြောလိုက်တယ်။
ကောင်းကင်ပေါ်မှာတော့ ကြီးမြတ်တဲ့အဖြူ ကတာအိုရောင်းရငး်တွေ တီးတိုးပြောဆိုနေတာကို ကြားနေရတယ်။ ဒါကြောင့် လက်ကို ဆန့်တန်းပြီး လကြီးကို ပုတ်လိုက်တယ်။
"ဝှစ်" လကြီးက ပျံသန်းသွားပြီး သင့်တော်တဲ့ နေရာတစ်ခုရောက်တော့ ရပ်တန့်သွားတယ်။
ကြီးမြတ်တဲ့အဖြူ က သဘောတကျ နဲ့ ခေါင်းညိတ်လိုက်တယ်။ ပြိးနောက် သူက ရူဟန် နဲ့ ကလေးသုံးယောက်တို့ကို မြေပေါ်ခေါ်ဆင်းလိုက်တယ်။
❄️❄️❄️
လကြီး က အတုဆိုပေမဲ့ လအလင်းရောင် က ကြည်လင်ကာ တောက်ပနေတယ်။
လအလင်းအောက်မှာတော့ ..... တားမြစ်မြို့တော််ရဲ့ တောင်ကုန်းပေါ်ရှိ အထက်နန်းဆောင် အမိုးပေါ်မှာတော့ ပုံရိပ်တစ်ခု က ပေါ်ထွက်လာတယ်။
ဒီလူက အဖြူရောင်ကျောင်းတော်သား ဝတ်စုံကို ဝတ်ဆင်ထားတာ ဖြစ်ပြီး ခါးမှာ ရှည်လျားတဲ့ ဓားရှည်တစ်ချောင်းကို ချိတ်ဆွဲထားတယ်။ သူက အထက်နန်းဆောင် အမိုးရဲ့ ဘယ်ဘက်ခြမ်းမှာ ရပ်တည်နေတာ ဖြစ်တယ်။
ဒီလူရဲ့ ဘယ်ဘက်လက် က ခါးရှိ ဓားရှည်ပေါ် တင်ထားပြီး အခြားလက်တစ်ဖက် ကတော့ စာအုပ်တစ်အုပ်ကို ကိုင်ဆောင်ထားတယ်။ သူ့ကို ကြည့်ရတာ တည်ကြည့်လှပြီး နုူးညံ့တဲ့ အပြံးတစ်ခုကို သူ့မျက်နှာပေါ်မှာ တွေ့နိုင်တယ်။ သူက ရပ်နေရင်းနဲ့တောင်မှ ကျောင်းတော်သား တစ်ယောက်ရဲ့ အော်ရာတွေကို ပေးနိုင်တယ်။
"တာအိုရောင်းရင်း ထာဝရမီး .. မင်း အထက်နန်းဆောင် အမိုးပေါ်မှာ ဘာရပ်လုပ်နေတာလဲ။ ရုတ်တရက် စိတ်ကူးပေါက်လာပြီး ကဗျာတပုဒ်လောက် ရွတ်ချင်လို့လား။" ထာဝရမီး ရဲ့ အသိတစ်ယောက်က လှမ်းအော်လိုက်တယ်။
-ဟုတ်ပါတယ်။ အဖြူရောင်ကျောင်းတော်သား ဝတ်စုံကို ဝတ်ဆင်ပြီး လက်တစ်ဖက်က ဓားရှည်ပေါ်တင် ၊ နောက်လက်တစ်ဖက် က စာအုပ်ကို ကိုင်ထားသူက တိမ်ဖြူကျောင်းရဲ့ အစစ်အမှန်နတ်ဘုရား ထာဝရမီးက လွဲပြီး တခြားလူ မဟုတ်ပါဘူး။
"ထူးဆနး်လိုက်တာ.. တာအိုရောင်းရင်း ထာဝရမီး က အရမ်းအလုပ်များနေလို့ အားချိန်တောင်မရှိဘူးလို့ ပြောထားတယ် မဟုတ်လား။ သူက ဘယ်လိုဖြစ်ပြီး တားမြစ်မြို့တော်ကို ရောက်လာတာလဲ။ " ရေနဂါးက ပြောလိုက်တယ်။
ပြီးနောက် သူက ဖြစ်နိုင်ဖွယ်ရာ တစ်ခုကို ချက်ချင်းပဲ တွေးမိသွားတယ်။
"ထရွင်ဂန် .. သောက်ရူး .. ဘာလို့ ထာဝရမီး အဖြစ် ရုပ်ပြောင်းထားရတာလဲ။ မင်းက သေလမ်းရှာတာလား. ကျောင်းတော်သားနယ်မြေ တစ်ခုလုံးက မင်းခေါင်းကို လိုက်ဖြတ်လိမ့်မယ်" ရေနဂါးက ရယ်ရမလား၊ ငိုရမလားတောင် မသိဘူး ဖြစ်သွားတယ်။
ထာဝရမီးက လက်ရှိမှာ ရွှေကြာပန်းကမ္ဘာရဲ့ အရှင်သခင် တစ်ယောက်ပါ။ သူက ဂိုဏ်းတစ်ခုလုံးရဲ့ ခေါင်းဆောင်လို့တောင်မှ ပြောလို့ရတယ်။
ထရွင်ဂန် က သာ သူ့ပုံစံကို သုံးပြီး မြောက်ပိုင်းမြစ် နဲ့ တိုက်ခိိုက်မယ်ဆိုရင် ရှုံးရှုံးနိုင်နိုင် ကျောင်းတော်သား နယ်မြေတစ်ခုလုံးက ထရွင်ဂန်ကို အလွတ်ပေးမှာ မဟုတ်ပါဘူး။
"မင်းပြောတာ အဓိပ္ပာယ်ရှိတယ်" ထရွင်ဂန် က ပြောလိုက်တယ်။
ပြီးနောက် အားလုံးရဲ့ မျက်လုံးအောက်မှာတော့ သူက အဖြူရောင် ပိတ်စ တစ်ခုကို ထုတ်ယူပြီး သူ့ကိုသူ ကာလိုက်တယ်။
"စီနီယာ ထရွင်ဂန် က တစ်ခါတည်း အဝတ်လဲဖို့ စဉ်းစားနေတာ မဟုတ်ဘူးမလား" ရူဟန်က မေးလိုက်တယ်။ သူက ဒီအချ်န်မှာတော့ ကိုးစီရင်စုက အဖွဲ့ဝင်တွေ ကြားမှာ ရပ်နေတာပါ။ သူက ကလေးသုံးယောက်ကို စီနီယာ သုံးရက်ဘုန်းကြီးလေး ဆီကို ပြန်ပို့ပြီးပြီ ဖြစ်တယ်။
"ဒီတစ်ကြိ်မ် သူ ဘယ်သူ့ပုံစံမျိုး ရုပ်ပြောင်းလိမ့်မလဲ" သခင်လေး ဖီးနစ် သတ်ဖြတ်သူ က စဉ်းစားလိုက်တယ်။
ခရမ်းရောင်မြူနှင်း က မျက်စိကို ပေကလတ် ပေကလတ် လုပ်လိုက်တယ် "သူ့နေရာမှာ ငါဆိုရင်တော့ တာအိုရောင်းရင်း မြောက်ပိုင်းမြစ် ကို အထက်ဆီးကနေ ဖိအားပေးနိုင်တဲ့သူမျိုး အသွင်ပြောင်းတယ်။"
ခရမ်းရောင်မြူနှင်းက ဒီစကားတွေကို ပြောပြီးတဲ့နောက် ရှိရှိသမျှသော လူတွေ အားလုံကို ကြီးမြတ်တဲ့ အဖြူကို အမှတ်မထင် ကြည့်လိုက်ကြတယ်။
အပိုင္း (၈၉၃) ေဘဂ်င္းကလူေတြ အားလံုး အခ်္ိန္ေစာၿပီး ေဆာင္းဦးရာသီပြဲေတာ္ကို က်င္းပလို႔ ရႏိုင္ၿပီ။
ေနဝင္ေတာ့မွာ ျဖစ္တာေၾကာင့္ တားျမစ္ၿမိဳ႕ေတာ္ ထဲမွာ ရွိတဲ့ ႏိုင္ငံျခားသား ခရီးသြားေတြ က တျဖည္းျဖည္း နည္းပါးလာတယ္။
ဒါေပမဲ့ သာမာန္လူ ေတြ မျမင္ႏိုင္တဲ့ ေနရာတစ္ခုမွာေတာ့ မ်ားျပားလွတဲ့ က်င့္ႀကံသူေတြက တိတ္တဆိတ္ စုေဝးလာၾကတယ္။ သာမာန္လူေတြ မျမင္ႏိုင္တဲ့ ဓားအလင္းနဲ႔ ေမွာ္ရတနာေတြက ဒီေနရာကို ဆက္တိုက္ ဆင္းသက္လာတယ္။
ကိုးစီရင္စု က အဖြဲ႔ဝင္ေတြအျပင္ မ်ားျပားလွတဲ့ မရင္းႏွီးတဲ့ က်င့္ႀကံစူေတြကလည္း ေရာက္ရွိလာၿပီး ေနရာေကာင္းေရြးေနၾကတယ္။ ၿပီးေနာက္ ေမွာ္ရတနာ ဒါမွမဟုတ္ ဗီဒီယို ကင္မရာေတြကို ျပင္ဆင္ၿပီး တားျမစ္ၿမိဳ႕ေတာ္ ေတာင္ကုန္းထိပ္ကို ခ်ိန္ကာ ရိုက္ကူးဖို႔ ျပင္ေနၾကတယ္။
"အမ္.. ဒီေန႔ လူေတာ္ေတာ္မ်ားမ်ား လာၾကတာပဲ။ ဒီလူေတြ ေျမာက္ပိုင္းျမစ္ နဲ႔ ထရြင္ဂန္ ရဲ့ တိုက္ပြဲ အေၾကာင္းကို ဘယ္လိုသိၾကတာလဲ" သခင္ေလး ဖီးနစ္ သတ္ျဖတ္သူ က ေမးလိုက္တယ္။ ဒီပြဲကို ကိုးစီရင္စု က စီနီယာေတြပဲ တက္ေရာက္လိမ့္မယ္လို႔ သူထင္ထားခဲ့တာ ျဖစ္တယ။္ အခုေတာ့ မရင္းႏွီးတဲ့ က်င့္ႀကံသူ ေတာ္ေတာ္မ်ားမ်ား ပါ တက္ေရာက္လာၾကတယ္။
ေနလံုးႀကီးလို ေတာက္ပတဲ့ အသြင္အျပင္နဲ႔ ေဆးဆရာက ခပ္ေဖ်ာ့ေဖ်ာ့ ၿပံဳးကာ ေျပာလိုက္တယ္ "ငါသိသေလာက္ဆိုရင္ ဒီလူေတြ အားလံုးကို ေျမာက္ပိုင္းျမစ္ က ဖိတ္ေခၚထားတာပဲ။ သူတို႔ထဲမွာ က်င့္ႀကံသူတို ႔ေန႔စဥ္သတင္းစာ က လူေတြ၊ လွ်ိဳ႕ဝွက္သတင္းဗဟို ဌာန က တပည့္ေတြ ၊ရွန္းကန္း ရုပ္သံဌာန က အဖြဲ႔ဝင္ေတြ .. စသျဖင့္ ပါၾကတယ္။"
ေျမာက္ပိုင္းျမစ္ က ဒီတိုက္ပြဲကို ပြဲႀကီးတစ္ခု ျဖစ္ေစခ်င္တာ။ ဒီတိုက္ပြဲကို သူက တိုက္ရိုက္ထုတ္လႊင့္မွဳ ျပဳလုပ္ခ်င္တာျဖစ္တယ္။
"ၾကည့္ရတာ ဒီတစ္ႀကိမ္မွာ တာအိုေရာင္းရင္း ေျမာက္ပိုင္းျမစ္ က ကိုယ့္ကိုယ္ကိုယ္ လံုးဝ ယံုၾကည္ေနတာပဲ" အစစ္အမွန္ နတ္ဘုရား ေရနဂါး က ၿပံဳးကာ ေျပာလိုက္တယ္။
က်ိန္းေသေပါက္ ႏိုင္မယ္ ဆိုတာ ေသခ်ာတာေၾကာင့္ ေျမာက္ပိုင္းျမစ္ က တိုက္ပြဲကို တိုက္ရိုက္ ထုတ္လႊတ္ဖို႔ စီစဥ္ထားတာ ျဖစ္ရမယ္။
ၿပံဳးၿပီးတဲ့ေနာက္ အစစ္အမွန္နတ္ဘုရား ေရနဂါး က စတင္ စိတ္ပူသြားတယ္။ လြန္ခဲ့တဲ့ တစ္ပတ္တုန္းက သူ ထရြင္ဂန္ နဲ႔ အမွတ္မထင္ ဆံုခဲ့တယ္။ ဘာေၾကာင့္ မွန္း မသိဘူး ဆိုေပမဲ ့တစ္ခုခု မွားယြင္းေနတယ္လို႔ သူခံစားမိေနတယ္။ ဘာမွားေနတာလဲဲ ဆိုတာေတာ့ သူမသိပါဘူး။
ေျမာက္ပိုင္းျမစ္ က ဒီဆန္းက်ယ္တဲ့ ထရြင္ဂန္ ကို အႏိုင္ယူႏိုင္ပါ့မလား။
ခရမ္းေရာင္ျမဴႏွႈ္း က ေဆးဆရာ လက္ကို ဆြဲၿပီး ေမးလိုက္တယ္ "တာအိုေရာင္းရင္း ေျမာက္ပိုင္းျမစ္ က အခု ဘယ္မွာလဲ"
"အခု မင္းေျပာမွပဲ သူ႔ကို မျမင္တာကို သတိထားမိတယ္။ ဒီရက္ပိုင္းအတြင္း သူ က လိုင္းလည္း မတက္ ဘူး။ ငါေရးထားတာကို ပထမဆံုး ျပန္ေရးတဲ့သူက ေျမာက္ပိုင္းျမစ္ မဟုတ္ဘူး ဆိုတဲ့ ခံစားခ်က္က တစ္မ်ိဳးျဖစ္ေနတယ္" သခင္ေလး ဖီးနစ္ သတ္ျဖတ္သူ က ေျပာလိုက္တယ္။
"ငါထင္တာေတာ့ ေျမာက္ပိုင္းျမစ္က သူ႔အကြက္ေတြကို ထရြင္ဂန္ ရွာေတြ႔သြားမွာ စိုးလို႔ ပုန္းေနတာျဖစ္မယ္။ တိုက္ပြဲ မစခင္မွာ ေျမာက္ပိုင္းျမစ္ က ေပၚလာမွာ မဟုတ္ဘူး" အနီေရာင္ ဝတ္စံုကို ဝတ္ဆင္ထားတဲ့ ပိုးစုန္းၾကဳဴး က ေျပာလိုက္တယ္။
သံုးရက္ ဘုန္းႀကီးေလး က အနားပတ္ဝန္းက်င္ကို ၾကည့္ၿပီး ေမးလိုက္တယ္ "ဒါဆိုရင္ စီနီယာ ထရြင္ဂန္ ကေရာ ဘယ္မွာလဲ"
တျခားလူေတြ အကုန္လံုးေရာက္ေနတာေတာင္မွ သူငယ္ခ်င္းေလး ရူဟန္တို႔ အဖြဲ႔က ေပ်ာက္ေနပါေသးတယ္။
ေရနဂါးက ပုခံုးတြန္႔ၿပီး ေျပာလိုက္တယ္ "တာအိုေရာင္းရင္ ထရြင္ဂန္ ကို ဒီကို ေရာက္ေနတာ ၾကာေလာက္ၿပီ။ ၿပီးေတာ့ သူက ေရွ႕ထြက္ရပ္ေနရင္ေတာင္မွ သူ႔ကို ဘယ္သူမွ မွတ္မိမွာမဟုတ္ဘူးေလ"
ထရြင္ဂန္ ရဲ့ ရုပ္ေျပာင္း နည္းစနစ္ က တကယ့္ကို ေၾကာက္စရာေကာင္းတယ္။ အဆင့္ခုႏွစ္ ႀကီးျမတ္သူ မေျပာနဲ႔ အဆင့္ရွစ္ သူေတာ္စင္ နတ္ဘုရား ေတာင္မွ သူ႔ကိုမွတ္မိဖို႔ သိပ္မလြယ္ဘူး။
❄️❄️❄️
တျဖည္းျဖည္း နဲ႔ ညေရာက္လာခဲ့ၿပီ။
တားျမစ္ၿမိဳ႕ေတာ္ထဲမွာ က်င့္ႀကံသူေတြ တျဖညး္ျဖည္း မ်ားျပားလာတယ္။
"ဒီတိုက္ပြဲ ဘယ္အခ်ိန္စမွာလဲ" သခင္ေလး ဖီးနစ္ သတ္ျဖတ္သူ က ဖရုံေစ့အိတ္ေလးကို ထုတ္ကာ အနားက တာအိုေရာင္းရင္းေတြကို မွ်ေဝ ေပးလိုက္တယ္။
"ငါလည္း မသိဘူး။။ ဒါေပမဲ ့ငါတို႔က ေစာင့္ကို ေစာင့္ရမွာပဲ မဟုတ္လား" ေဆးဆရာက ၿပံဳးကာ ေျပာလိုက္တယ္။
"ဆိုးတာက ဒီေန႔ လျပည့္ေန႔မဟုတ္တာပဲ။ မဟုတ္ရင္ ကၽြမ္းက်င္သူ ႏွစ္ေယာက္ တိုက္ပြဲ ျမင္ကြင္း က အရမ္းကို ၾကည့္ေကာင္းမွာ ေသခ်ာတယ္။" ဂိုဒါ က ေျပာလိုက္တယ္။ ၿပီးေနာက္ သူ႔ဖုန္းကို ထုတ္ယူလိုက္ၿပီး ဂရုထဲကို စာပို႔လိုက္တယ္။
ကိုးစီရင္စု ဂရုထဲမွာေတာ့ ..
ဂိုဒါ "ခ်စ္စရာေခြးေလးပံု"
ဂိုဒါ "ေခြးေခါင္းကို ၾကမ္းၾကမ္းတမ္းတမ္း ပြတ္ေနတဲ့ပံု"
ဒီေန႔မွာ လူတိုင္းက ကန္႔သတ္ၿမိဳ႔႕ေတာ္ ေတာင္ကုန္း ေပၚက တိုက္ပြဲကို အာရံုစိုက္ေနၾကတာတယ္။ ဒါေၾကာင့္ပဲ ဘယ္သူမွ သူ႔ရဲ ့အတြဲအဖက္ကို မဖ်က္ဆီးၾကပါဘူး။
ဂုိဒါက သေဘာတက် နဲ႔ သူ႔ဖုန္းကို ျပန္သိမ္းလိုက္တယ္။
ဒါေပမဲ့ ဘာေၾကာင့္မွန္းမသိဘဲ သူ႔အတြဲအဖက္ကို ဖ်က္ဆီးသူ မရွိတာကို ျမင္ေတာ့ စိတ္ဓာတ္နည္းနည္း က်သြားတယ္။
လူသားေတြရဲ ့စိတ္က တကယ္ပဲ ဆန္းျပားလွတယ္။
၁၀ မိနစ္ေလာက္ၾကာေတာ့ ..
သခင္ေလး ဖီးနစ္ သတ္ျဖတ္သူ က ေခါင္းေမာ့ၿပီး ေျပာလိုက္တယ္ "တစ္စံုတစ္ေယာက္ လာေနၿပီ"
ဓားအလင္းက ျမန္ျမန္ပဲ အေဝးမွ ခ်ဥ္းကပ္လာတယ္။
ဓားအလင္းက ေတာ္ေတာ္ႀကီးျမန္ပါတယ္။ သခင္ေလး ဖီးနစ္ သတ္ျဖတ္သူ က သူ႔ဘဝမွာ ဒီေလာက္ျမန္တဲ့ ဓားပ်ံကို ပထမဆံုး ျမင္ဖူးတာပဲ ျဖစ္ပါတယ္။
ဓားအလင္းရဲ့ ေနာက္မွာ နဂါးအၿမီးတစ္ခုက ခပ္ဝါးဝါး ျမင္ေနရတယ္။
ေရနဂါးႀကီးက မ်က္လံုးကို က်ဥ္းေျမာင္းေအာင္ ၾကည့္ၿပီး ေျပာလိုက္တယ္ "တာအိုေရာင္းရင္း အျဖဴ ပဲ။ ေနာက္ဆံုးေတာ့ သူ ေရာက္လာၿပီ"
သခင္ေလး ဖီးနစ္ သတ္ျဖတ္သူက ေျပာလိုက္တယ္ "စီနီယာအျဖဴရဲ့ အျမန္ႏွဳန္းက ပံုမွန္ထက္ ပိုၿပီး ျမန္ဆန္ေနတယ္လို႔ ဘာလို႔ ထင္ေနရတာလဲ။"
"တကယ္ပဲ ပံုမွန္ထက္ ျမန္တာပဲေလ။ ငါ သူငယ္ခ်င္းေလး ရူဟန္ရဲ့ အေရျပား အစိမ္းေရာင္ ေပါက္ေနတာကို ၾကည့္ၿပီး ဒါကိုေျပာႏိ္ုင္တယ္။ အရင္တုန္းက တာအိုေရာင္းရင္းအျဖဴ သူငယ္ခ်င္းေလး ရူဟန္ကို အျမန္ဆံုးႏွဳန္း နဲ႔ ေခၚလာတုန္းက သူငယ္ခ်င္းေလး ရူဟန္ ရဲ ့မ်က္ႏွာက ျဖဴရံုပဲ ရွိတယ္။ ဒါေပမဲ ့အခု က အစိ္မ္းေရာင္ေတာင္ ေပါက္လာၿပီ။ တာအိုေရာင္းရင္း အျဖဴ ရဲ ့အျမန္ႏွဳန္းက ထိပ္ဆံုးအဆင့္ကို ေရာက္ေနတာ ျဖစ္မယ္။ ဒီေန႔ တာအိုေရာင္းရင္းအျဖဴ ရဲ ့အျမန္ႏွဳန္း က အဆင့္ရွစ္ သူေတာ္စင္ နဲ႔ေတာင္ သိပ္မကြာေတာ့ဘူးလို႔ ငါထင္ေနတယ္" ေရနဂါးႀကီးက ေခါင္းညိတ္ကာ ေျပာလိုက္တယ္။
သခင္ေလး ဖီးနစ္ သတ္ျဖတ္ သူက ကိုယ့္ဘာသာ ေခါင္းညိတ္လိုက္တယ္။ ေနာက္ဆိုရင္ သူက သူငယ္ခ်င္းေလး ရူဟန္ ရဲ အသားအေရာင္ကို ၾကည့္ၿပီး ဓားပ်ံရဲ့ အျမန္ႏွဳန္းကို တိုင္းတြာလို႔ ရပါၿပီ။
ဥပမာအားျဖင့္ သူငယ္ခ်င္းေလး ရူဟန္ရ့ဲ အသားအေရာင္က ျဖဴေရာ္ေရာ္ျဖစ္တဲ့ အျမန္ႏွဳန္း၊ ေသမတတ္ျဖဴေရာ္ သြားတဲ့ အျမန္ႏွဳန္း၊ အစိမ္းေရာင္ပါ ေျပာင္းသြားတဲံ အျမန္ႏွဳန္း ဆိုၿပီးေတာ့ပါ။
"သူငယ္ခ်င္းေလး ရူဟန္ .. ေနာက္ဆံုးေတာ့ ေရာက္လာၿပီပဲ" သံုးရက္ဘုန္းႀကီးေလး က ရူဟန္ အျပင္ အေနာက္မွာ ရွိေနတဲ့ ေဂါင္ေဂါင္၊ ရွစ္ နဲ ႔က်ဳး တို႔ကို ျမင္လိုက္တယ္။ သူက စိတ္ခ်သြားသလို သက္ျပင္းခ်လိုက္တယ္။
ေနာက္ဆံုးမွာေတာ့ ႀကီးျမတ္တဲ ့အျဖဴ က သူတို႔ေခါင္းေပၚမွာ ရပ္တန္႔လိုက္တယ္။
"အမ္.. ထရြင္ဂန္ နဲ႔ ေျမာက္ပိုင္းျမစ္ တို႔ မလာေသးဘူးလား။ ဒီလိုမွန္းသိရင္ အျမန္ဆံုးႏွဳန္းနဲ႔ မလာခဲ့ပါဘူး" ႀကီးျမတ္တဲ့ အျဖဴ က ၿပံဳးကာ ေျပာလိုက္တယ္။
ေနာက္မွာေတာ့ ရူဟန္ နဲ႔ ကေလးသံုးေယာက္တို႔က ေျခေထာက္ေတြ ေပ်ာ့ေခြေနေလၿပီ။
ဒီတစ္ႀကိမ္မွာေတာ့ ရူဟန္က စီနီယာအျဖဴ ကို နဂါးအၿမီးတံလွ်ပ္ ေစာေစာ စီးစီး ေပးမိတာကို ေနာင္တ ရမိေနတယ္။
ႀကီးျမတ္တဲ့အျဖဴ က ခဏေလာက္စဥ္းစားလိုက္တယ္။ ၿပီးေနာက္ ခ်က္ခ်င္းပဲ မ်က္လံုးေတြ လင္းလက္ သြားၿပီး "ထရြင္ဂန္ နဲ႔ ေျမာက္ပိုင္းျမစ္တို႔ မလာေသးဘူး ဆိုေတာ့ ငါက ဒီအခြင့္အေရးကို အရယူၿပီး သူတို႔ကို လက္ေဆာင္ေပးရမယ္"
ေျပာၿပီးတဲ့ေနာက္ ႀကီးျမတ္တဲ့ အျဖဴ က သူ႔ဓားပ်ံကို ေနာက္တစ္ႀကိမ္ ထိန္းခ်ပ္ၿပီး ေကာင္းကင္ေပၚကို တက္သြားလိုက္တယ္။
ရူဟန္ က ေျပာလိုက္တယ္ "စီနီယာအျဖဴ .. ငါတို႔ကို ဓားပ်ံေပၚကေန အရင္ခ်ေပးပါလား"
"မလုိဘူး။ ငါက ေကာင္းကင္ေပၚမွာ ေမွာ္နည္းစနစ္ တစ္ခုကို အသံုးျပဳမလို႔ ။ ၾကာမွာမဟုတ္ဘူး" ႀကီးျမတ္တဲ ံအျဖဴ က ၿပံဳးကာ ေျပာလိုက္တယ္။
ပင္လယ္ေရမ်က္ႏွာျပင္ အထက္ မီတာ တစ္ေထာင္ေလာက္ကို ပ်ံတက္ၿပီးေနာက္မွာေတာ့ ႀကီးျမတ္တဲ့ အျဖဴ က လက္သေကၤတ တစ္ခုကို ျပဳလုပ္လိုက္တယ္။ ေကာင္းကင္ေပၚမွာ ရွိတဲ ့ေရေငြ႔ေတြက စုစည္းလာၿပီး ေလထဲမွာ ေရခဲေက်ာက္လို ျဖစ္လာတယ္.
"စီနီယာအျဖဴ .. မင္းဘာလုပ္ခ်င္တာလဲ" ရူဟန္က စိတ္ဝင္တစား နဲ႔ ေမးလိုက္တယ္။
"ငါက ေကာင္းကင္ေပၚမွာ ႀကီးမားတဲ့လႀကီးဖန္တီးတဲ့ ေမွာ္နည္းစနစ္ကို အသံုးျပဳေနတာေလ" ႀကီးျမတ္တဲ ့အျဖဴ က ရွင္းျပလိုက္တယ္။ "ဟိုးအရင့္အရင္ တုန္းက အေနာက္တိုင္းမွာ လျပည့္ေန႔တုိင္း ပံုသ႑ာန္ေျပာင္းတဲ့ မြနး္စတားဝံပုေလြ ေတြရွိတယ္။ သူတို႔က ပံုသ႑ာန္ေျပာင္းလဲခ်ိန္မွာ အားအင္ႏွစ္ဆတိုး လာတတ္တယ္။ ဒါေပမဲ့ လျပည့္ေန႔က ေန႔တုိင္းမရွိဘူးေလ။ ဒါေၾကာင့္ ေမွာ္နည္းစနစ္ တစ္ခုကို အသံုးျပဳၿပီး လျပည့္ဝန္း အတု တစ္ခု ကို ဖန္တီးၾကတယ္။ ငါ က ဒီနည္းစနစ္ ကို အရင္က ျမင္ဖူးတယ္။ ၿပီးေတာ့ အနည္းငယ္ ျပန္ၿပီး အဆင့္ျမင့္လိုက္တယ္။ အခု ငါက ပိုၿပီးႀကီးတဲ့ လျပည့္ဝန္းႀကီးကိုေတာင္မွ ဖန္တီးႏိုင္ေနၿပီ"
"ဘာလို႔ ေမွာ္နည္းစနစ္ ကို အသံုးျပဳၿပီး လျပည့္ဝန္း ကို ဖန္တီးခ်င္ရတာလဲ" ကိုရင္ေးလ ေဂါင္ေဂါင္ က ေမးလိုက္တယ္။
ရွစ္ က မ်က္စိကို ေပကလတ္ေပကလတ္ လုပ္ကာ ေျပာလိုက္တယ္ "ေကာင္းကင္မွာ လျပည့္ဝန္းႀကီး ရွိေနမယ္ဆိုရင္ တားျမစ္ၿမိဳ႕ေတာ္ ေတာင္ကုန္းေပၚက တိုက္ပြဲက ပိုၾကည့္ေကာင္းမွာ မလို႔ပဲ။ ဟုတ္တယ္မလား စီနီယာအျဖဴ"
"အတိအက်ပဲ" ႀကီးုျမတ္တဲ့အျဖဴ က ၿပံဳးကာ ေျပာလိုက္တယ္။
ရူဟန္က ေျပာလိုက္တယ္ "စီနီယာအျဖဴ .. ေဘဂ်င္းကလူေတြလည္း ဒီေမွာ္နည္းစနစ္ အစြမ္းကို ျမင္ႏိုင္မွာလား"
"အင္းေပါ့" ႀကီးျမတ္တဲ့အျဖဴ က ျပန္ေျပာလိုက္တယ္။
ေဘဂ်င္းက လူေတြ ေတာ္ေတာ္ကံေကာင္းတာပဲ။ သူတို႔က စက္တင္ဘာ ၁ရက္ေန႔မွာတင္ ေဆာင္းဦးရာသီပြဲေတာ္ကို ႀကိဳၿပီး က်င္းပလို႔ ရႏိုင္ၿပီ။
ဒါေပမဲ့ ဒီလူေတြ က ေကာင္းကင္ေပၚမွာ လႏွစ္စင္းကို ျမင္ေနရမွာ မဟုတ္လား။
❄️❄️❄️
ႀကီးျမတ္တဲ့ အျဖဴ က သူ႔ေမွာ္နည္းစနစ္ကို အသံုးျပဳလိုက္ေတာ့ ႀကီးမားတဲ့ လျပည့္ဝန္းႀကီး က တားျမစ္ၿမိဳ႕ေတာ္ရဲ့ ေလထုထဲမွာ ေပၚေပါက္လာတယ္။
လ အတု ႀကီး က လံုးဝန္းၿပီး ႀကီးမားတယ္။
ဂိုဒါ က ခံစားခ်က္ အျပည့္နဲ႔ သက္ျပင္းခ်လိုက္တယ္ "စီနီယာအျဖဴ ကို ေတာ္ရံုပဲ ေမွ်ာ္လင့္ထားလို႔ မရဘူး။ သူက လွဳပ္ရွားၿပီဆိုရင္ ေကာင္းကင္ေပၚမွာ လအတုႀကီးကိုေတာင္ တိုက္ရိုက္ဖန္တီးႏိုင္တာပဲ"
သခင္ေလး ဖီးနစ္ သတ္ျဖတ္သူ က သူတို႔ေခါင္းေပၚမွာ ရွိေနတဲ့ လႀကီးကို ၾကည့္ၿပီး တံေတြးမ်ိဳခ်လိုက္တယ္ "တာအိုေရာင္းရင္း ဂိုဒါ .. ဒီလက နည္းနည္း ႀကီးလြန္းေနတယ္လို႔ မထင္ဘူးလား။ လက အရမ္းႀကီးတယ္ ဆိုတာ ၾကည့္တဲ့ လူေတြ နဲ႔ နီးကပ္ေနလို႔ မဟုတ္လား။ မၾကာခင္ ေခါင္းေပၚ ျပဳတ္က်ေတာ့မလိုပဲ"
ေရနဂါးကလည္း သေဘာတူညီစြာနဲ႔ ေခါင္းညိတ္လိုက္တယ္ "ဒါ တကယ္ပဲ ႀကီးတယ္"
"တာအိုေရာင္းရင္း ဖီးနစ္ သတ္ျဖတ္သူ ေျပာမွ ငါေၾကာက္ေတာင္လာၿပီ။ လႀကီးက အခ်ိ္န္မေရြး ျပဳတ္က်လာႏိုင္တယ္လို႔ ငါခံစားေနရတယ္။" ပိုးစုန္းၾကဳးက ေျပာလိုက္တယ္။
ေကာင္းကင္ေပၚမွာေတာ့ ႀကီးျမတ္တဲ့အျဖဴ ကတာအိုေရာင္းရငး္ေတြ တီးတိုးေျပာဆိုေနတာကို ၾကားေနရတယ္။ ဒါေၾကာင့္ လက္ကို ဆန္႔တန္းၿပီး လႀကီးကို ပုတ္လိုက္တယ္။
"ဝွစ္" လႀကီးက ပ်ံသန္းသြားၿပီး သင့္ေတာ္တဲ့ ေနရာတစ္ခုေရာက္ေတာ့ ရပ္တန္႔သြားတယ္။
ႀကီးျမတ္တဲ့အျဖဴ က သေဘာတက် နဲ႔ ေခါင္းညိတ္လိုက္တယ္။ ၿပိးေနာက္ သူက ရူဟန္ နဲ႔ ကေလးသံုးေယာက္တို႔ကို ေျမေပၚေခၚဆင္းလိုက္တယ္။
❄️❄️❄️
လႀကီး က အတုဆိုေပမဲ့ လအလင္းေရာင္ က ၾကည္လင္ကာ ေတာက္ပေနတယ္။
လအလင္းေအာက္မွာေတာ့ ..... တားျမစ္ၿမိဳ႕ေတာ္္ရဲ့ ေတာင္ကုန္းေပၚရွိ အထက္နန္းေဆာင္ အမိုးေပၚမွာေတာ့ ပံုရိပ္တစ္ခု က ေပၚထြက္လာတယ္။
ဒီလူက အျဖဴေရာင္ေက်ာင္းေတာ္သား ဝတ္စံုကို ဝတ္ဆင္ထားတာ ျဖစ္ၿပီး ခါးမွာ ရွည္လ်ားတဲ့ ဓားရွည္တစ္ေခ်ာင္းကို ခ်ိတ္ဆြဲထားတယ္။ သူက အထက္နန္းေဆာင္ အမိုးရဲ့ ဘယ္ဘက္ျခမ္းမွာ ရပ္တည္ေနတာ ျဖစ္တယ္။
ဒီလူရဲ့ ဘယ္ဘက္လက္ က ခါးရွိ ဓားရွည္ေပၚ တင္ထားၿပီး အျခားလက္တစ္ဖက္ ကေတာ့ စာအုပ္တစ္အုပ္ကို ကိုင္ေဆာင္ထားတယ္။ သူ႔ကို ၾကည့္ရတာ တည္ၾကည့္လွၿပီး ႏုူးညံ့တဲ့ အၿပံးတစ္ခုကို သူ႔မ်က္ႏွာေပၚမွာ ေတြ႔ႏိုင္တယ္။ သူက ရပ္ေနရင္းနဲ႔ေတာင္မွ ေက်ာင္းေတာ္သား တစ္ေယာက္ရဲ့ ေအာ္ရာေတြကို ေပးႏိုင္တယ္။
"တာအိုေရာင္းရင္း ထာဝရမီး .. မင္း အထက္နန္းေဆာင္ အမိုးေပၚမွာ ဘာရပ္လုပ္ေနတာလဲ။ ရုတ္တရက္ စိတ္ကူးေပါက္လာၿပီး ကဗ်ာတပုဒ္ေလာက္ ရြတ္ခ်င္လို႔လား။" ထာဝရမီး ရဲ့ အသိတစ္ေယာက္က လွမ္းေအာ္လိုက္တယ္။
-ဟုတ္ပါတယ္။ အျဖဴေရာင္ေက်ာင္းေတာ္သား ဝတ္စံုကို ဝတ္ဆင္ၿပီး လက္တစ္ဖက္က ဓားရွည္ေပၚတင္ ၊ ေနာက္လက္တစ္ဖက္ က စာအုပ္ကို ကိုင္ထားသူက တိမ္ျဖဴေက်ာင္းရဲ့ အစစ္အမွန္နတ္ဘုရား ထာဝရမီးက လြဲၿပီး တျခားလူ မဟုတ္ပါဘူး။
"ထူးဆနး္လိုက္တာ.. တာအိုေရာင္းရင္း ထာဝရမီး က အရမ္းအလုပ္မ်ားေနလို႔ အားခ်ိန္ေတာင္မရွိဘူးလို႔ ေျပာထားတယ္ မဟုတ္လား။ သူက ဘယ္လိုျဖစ္ၿပီး တားျမစ္ၿမိဳ႕ေတာ္ကို ေရာက္လာတာလဲ။ " ေရနဂါးက ေျပာလိုက္တယ္။
ၿပီးေနာက္ သူက ျဖစ္ႏုိင္ဖြယ္ရာ တစ္ခုကို ခ်က္ခ်င္းပဲ ေတြးမိသြားတယ္။
"ထရြင္ဂန္ .. ေသာက္ရူး .. ဘာလို႔ ထာဝရမီး အျဖစ္ ရုပ္ေျပာင္းထားရတာလဲ။ မင္းက ေသလမ္းရွာတာလား. ေက်ာင္းေတာ္သားနယ္ေျမ တစ္ခုလံုးက မင္းေခါင္းကို လိုက္ျဖတ္လိမ့္မယ္" ေရနဂါးက ရယ္ရမလား၊ ငိုရမလားေတာင္ မသိဘူး ျဖစ္သြားတယ္။
ထာဝရမီးက လက္ရွိမွာ ေရႊၾကာပန္းကမၻာရဲ့ အရွင္သခင္ တစ္ေယာက္ပါ။ သူက ဂိုဏ္းတစ္ခုလံုးရဲ့ ေခါင္းေဆာင္လို႔ေတာင္မွ ေျပာလို႔ရတယ္။
ထရြင္ဂန္ က သာ သူ႔ပံုစံကို သံုးၿပီး ေျမာက္ပိုင္းျမစ္ နဲ႔ တိုက္ခိိုက္မယ္ဆိုရင္ ရံႈးရံႈးႏိုင္ႏိုင္ ေက်ာင္းေတာ္သား နယ္ေျမတစ္ခုလံုးက ထရြင္ဂန္ကို အလြတ္ေပးမွာ မဟုတ္ပါဘူး။
"မင္းေျပာတာ အဓိပၸာယ္ရွိတယ္" ထရြင္ဂန္ က ေျပာလိုက္တယ္။
ၿပီးေနာက္ အားလံုးရဲ့ မ်က္လံုးေအာက္မွာေတာ့ သူက အျဖဴေရာင္ ပိတ္စ တစ္ခုကို ထုတ္ယူၿပီး သူ႔ကိုသူ ကာလိုက္တယ္။
"စီနီယာ ထရြင္ဂန္ က တစ္ခါတည္း အဝတ္လဲဖို႔ စဥ္းစားေနတာ မဟုတ္ဘူးမလား" ရူဟန္က ေမးလိုက္တယ္။ သူက ဒီအခ်္န္မွာေတာ့ ကိုးစီရင္စုက အဖြဲ႔ဝင္ေတြ ၾကားမွာ ရပ္ေနတာပါ။ သူက ကေလးသံုးေယာက္ကို စီနီယာ သံုးရက္ဘုန္းႀကီးေလး ဆီကို ျပန္ပို႔ၿပီးၿပီ ျဖစ္တယ္။
"ဒီတစ္ႀကိ္မ္ သူ ဘယ္သူ႔ပံုစံမ်ိဳး ရုပ္ေျပာင္းလိမ့္မလဲ" သခင္ေလး ဖီးနစ္ သတ္ျဖတ္သူ က စဥ္းစားလိုက္တယ္။
ခရမ္းေရာင္ျမဴႏွင္း က မ်က္စိကို ေပကလတ္ ေပကလတ္ လုပ္လိုက္တယ္ "သူ႔ေနရာမွာ ငါဆိုရင္ေတာ့ တာအိုေရာင္းရင္း ေျမာက္ပိုင္းျမစ္ ကို အထက္ဆီးကေန ဖိအားေပးႏိုင္တဲ့သူမ်ိဳး အသြင္ေျပာင္းတယ္။"
ခရမ္းေရာင္ျမဴႏွင္းက ဒီစကားေတြကို ေျပာၿပီးတဲ့ေနာက္ ရွိရွိသမွ်ေသာ လူေတြ အားလံုကို ႀကီးျမတ္တဲ့ အျဖဴကို အမွတ္မထင္ ၾကည့္လိုက္ၾကတယ္။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Hikayelerin yaşadığı yer. Şimdi keşfedin