အပိုင်း (၁၀၄၀)

118 28 0
                                    


#Unicode


ကင်မရာသမား ... မင်း မနက်ဖြန် အလုပ်လာစရာ မလိုတော့ဘူး။

ကြီးမြတ်သူ အဆင့်ကို တက်လှမ်းပြီးတဲ့နောက် စီနီယာအဖြူ က သူ့ရဲ့ ထူးဆန်းတဲ့ ချောမောခြင်း အော်ရာတွေကို ထိန်းချုပ်နိုင်ခဲ့တယ်။ ဒါတောင်မှ တခြားကျင့်ကြံသူတွေထက်တော ့သူက ပိုမိုပြီး ချောမောနေတာ အမှန်ပါပဲ။

ကြီးမြတ်တဲ့အဖြူ အာရုံလွင့်တဲ့ အချိန် ဒါမှမဟုတ် တန်ခိုးကျင့်ကြံချိန်တွေမှာပဲ သူ့ရဲ့ အားကောင်းလှတဲ ့ချောမောခြင်း အော်ရာတွေက ထိန်းချုပ်မှု ကင်းမဲ့သွားတာပါ။

ဒါက ကံကောင်းတယ်လို့့ ဆိုရမယ်။ သူတော်စင် မိန့်ခွန်းမြင်ကွင်းထဲမှာ ကြီးမြတ်တဲ့အဖြူ ရဲ့ အားကောင်းလှတဲ့ ချောမောခြင်း အော်ရာတွေသာ ထိန်းချုပ်မှု လွတ်ကင်းသွားမယ်ဆိုရင် ကျင့်ကြံသူတွေ အားလုံး ဒီချောမောခြင်း အော်ရာ ကနေ ရုန်းထွက်နိုင်မှာ မဟုတ်ပါဘူး။ အကုန် ရူးကုန်ပါလိမ့်မယ်။

❄️❄️❄️

ဒီအချိန်မှာတော့ ..

ကြီးမြတ်တဲ့အဖြူက သူ့ရဲ့ ရတနာတွေ၊ မှော်ရတနာတွေကို ရူဟန် ဆီ ပေးလိုက်တယ်။ သူ့ကိုယ်ပေါ်က တာအိုဝတ်စုံကိုတောင်မှ ချွတ်ပြီး ပေးနေတယ်။ ကျင့်ကြံသူတွေ အားလုံးက အာရုံစိုက်ကာ ကြည့်ရှုနေကြတယ်။

ဒါပေမဲ့ သူတော်စင်မိန့်ခွန်း မြင်ကွင်းက ကြီးမြတ်တဲ့အဖြူ ဝတ်စုံ ချွတ်လိုက်ချိန်မှာ မြင်ကွင်းချုံသွားပြီး လည်ပင်းအပေါ်ပိုင်းကိုသာ မြင်ရစေတယ်။

ရှင်းရှင်းလင်းလင်း မြင်ရတော့မယ့် အချိ်န်ပဲဖြစ်တယ်။ ဒါပေမဲ့ မြင်ကွင်းက ရုတ်တရက် ချုံ့သွားပြီး ကြီးမြတ်တဲ့အဖြူ ရဲ့ မျက်နှာကိုသာ မြင်ရစေခဲ့တယ်။

ချီးတဲ့မှ .. သူတော်စင် မိန့်ခွန်း ရဲ့ ကင်မရာသမားက ဘယ်သူလဲ ။ ကင်မရာသမား .. မင်း မနက်ဖြန် အလုပ်လာစရာမလိုတော့ဘူး။

[စီနီယာအဖြူ က ငါ့ဟာ] အားနည်းနေတဲ့ ကြိုးကြာဖြူ က သူ့အတောင်ပံ တွေကို ခတ်ရင်း အော်လိုက်တယ်။ သူတော်စင် မိန့်ခွန်းက တီဗွီမှာလာသလိုသာ ဆိုရင် သူက မှတ်တမ်းတင်ပြီး အကြိမ်ပေါင်းများစွာ ပြန်ကြည့်မှာ ဖြစ်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Onde histórias criam vida. Descubra agora