အပိုင်း (၁၀၁၀)

111 25 0
                                    


#Unicode


ဟီးဟီးဟီးဟီး

ရူဟန် ၊ အင်မော်တယ် ဘိုင်ဇူး နဲ့ ရှစ်တို့က ဟော်ရီဇုံနေထိုင်တဲ့ ဂျင်နန် ဧရိယာ ရဲ့ တာအို ဘုရားကျောင်း တစ်ခုဆီကို နောက်ဆုံးမှာ ရောက်ရှိလာတယ်။

သူတို့ တာအိုဘုရားကျောင်းဆီကို ဆင်းသက်ချိန်ဖို့ ပြင်ဆင်ချိန်မှာပဲ များပြားလှတဲ့ တာအိုဘုန်းကြီး အသံတိုးတိုး နဲ့ ပြောဆိုနေသံက ဘုရားကျောင်းတွင်းမှ ထွက်ပေါ်လာတယ်။

"ဟီးဟီးဟီး ... ငါတို့ ဘုရားကျောင်း ကို ရောက်လာတာ မကြာသေးတဲ့ ဟော်ရီဇုံ လို့ ခေါ်တဲ ့အဆင့်မြင့် တာအိုဘုန်းကြီးကို မင်းတို့ မြင်ဖူးလား။ စီနီယာ တစ်ယောက်ဆီ က ကြားတာတော့ သူက မိန်းမငယ်လေး တစ်ယောက်ကို လမ်းတစ်လျှောက် ဆွဲခေါ်လာခဲ့တယ်တဲ့။ ဟီးဟီးဟီး .." ခပ်ဝဝ တာအိုဘုန်းကြီးက ပြောင်စပ်စပ် နဲ့ ပြောလိုက်တယ်။

ခပ်ဝဝ၊ ပုပု နဲ့ နောက်ထပ် တာအိုရောင်းရင်း တစ်ယောက် ကတော့ မျက်နှာပေါ်မှာ နားလည်တယ်ဆိုတဲ ့အမူအရာ နဲ့ ခေါင်းညိတ်လိုက်တယ် "ဟီးဟီး .. အဆင့်မြင့် တာအိုဘုန်းကြီး ဆိုတော့ ငါတို့ထက် ပိုပြီး ဆာလောင်မှာတော့။ သူဖမ်းလာတဲ မိန်းကလေး က ချောလား"

တံမြက်စည်းလှဲနေတဲ့ တာအိုဘုန်းကြီး တစ်ပါးက အနားကို ချဉ်းကပ်လာပြီး ပြောလိုက်တယ် "ကျ်န်းသေပေါက် လှတာပေါ့။ ဟီးဟီး ... ငါ့ အဲမိန်းကလေး ကို မျက်စိနဲ တပ်အပ်မြင်ခဲ့တာ။ ဆံပင်ကောက်ကောက် ၊ မျက်နှာ သေးသေး ၊ ပထမတန်းစား ကိုယ်ခန္ဓာမျိးကို ပိုင်ဆိုင်တယ်။ သူမက အင်တာနက်မှာ မြင်ရတဲ့့ ဆယ်လီ မလေး တွေထက်တောင် ပိုလှသေးတယ်။ ပြီးတော့ ဒီမိန်းကလေး က လုံးဝ ကို ဆွဲဆောင်မှု ကောင်းတဲ့ ကိုယ်နေဟန်ထားကို ပိုင်ဆိုင်ထားတယ်"

"ဆံပင်အဖြူ နဲ့ တာအိုဘုန်းကြီး က သူ့အသက်အရွယ် နဲ့ ဒီလောက် ထန်လိမ့်မယ်လို့ ငါမထင်မိဘူး.. ဟီးဟီးဟီး"

"ဟီးဟီးဟီး" တာအိုဘုန်းကြီး အဖွဲ့လေး က ဆိုးဆိုးရွားရွား ထရယ်လိုက်ကြတယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Wo Geschichten leben. Entdecke jetzt