အပိုင်း (၉၇၆)

114 24 0
                                    


#Unicode


စီနီယာ ဓမ္မဘုရင် .. ငါ က မင်းရဲ့ ပရိသတ်ပါ။

ဘာဖြစ်တာလဲ။ စီနီယာ အဖြူ ခဏ ထွက်သွားပြန်ပြီလား။ ကိုးစီရင်စု က တာအိုရောင်းရင်း တွေ က တွေးလိုက်ကြတယ်။

ပြီးတော့ ကြီးမြတ်တဲ့အဖြူ အဲမှာ ရှိတယ်ဆိုရင် ရူဟန်က ဒီအန္တရာယ်ထဲကို မကျရောက်နိုင်ဘူး မဟုတ်လား။

"စိတ်ဝင်စားဖို့ကောင်းတယ်။ ငါတကယ်ပဲ စီနီယာစွန်း ရဲ့ အတွေ့အကြုံတွေ အပေါ်မနာလို ဖြစ် သွားပြီ။ ဒီ မမြင်ရတဲ့ ဓားပိုးကောင်တွေက တကယ့်ကို စိတ်ဝင်စားစရာ ကောင်းတယ်။" ငှက်မွှေးလေး က ပြောလိုက်တယ်။

မမြင်ရတဲ့ ဓားပိုးကောင် တွေ ဝိုင်းခံထားရတာ တကယ်ပဲ စိတ်လှုပ်ရှားဖို့ ကောင်းတယ်။ ငါလည်း စီနီယာစွန်း နဲ့ အတူ မမြင်ရတဲ့ ဓားပိုးကောင်တွေကို တိုက်ခိုက်ချင်တယ်။

ကြီးမြတ်တဲ့ စိတ်ဝိညာဉ် လိပ်ပြာ "ငှက်မွှေးလေး .. မင်း ဓားပိုးကောင်တွေကို ကြိုက်လို့လား"

"ဟုတ်.. အရမ်း စိတ်ဝင်စားစရာကောင်းတယ်" ငှက်မွှေးလေး က ပြောလိုက်တယ်။

"ဒါဆို မနက်ဖြန် ငါ မင်းအတွက် ဝယ်ပေးမယ်" ကြီးမြတ်တဲ့ စိတ်ဝိညာဉ် လိပ်ပြာ က ပြောလိုက်တယ်။

"ကျေးဇူး ဖေဖေ ..." ငှက်မွှေးလေး က ပြန်ပြောလိုက်တယ်။ တကယ်တော့ ဝယ်လိုက်တာက စိတ်လှုပ်ရှားဖို့ မကောင်းပါဘူး။ ဒါပေမဲ့ သူမ အဖေရဲ့ ကြင်နာမှုကို မငြင်းချင် ပါဘူး။

လှိုင်းသုံးခု ".........."

ဂိုဒါ "ကောင်းပြီ။ ဒီတစ်ခါ ငါခွေးခေါင်းကို မပွတ်တော့ဘူး။ အသစ်လုပ်မယ်"

"ခွေးခေါင်း အတွဲအဖက် အကြောင်း ပြောရမယ် ဆိုရင် ဒီတစ်ကြိမ် စာ ကို အသုံးပြုရင် ဘယ်လိုလဲ" သခင်လေး ဖီးနစ် သတ်ဖြတ်သူ က မေးလိုက်တယ်။

"ငါ့ ခွေးခေါင်း အတွဲအဖက်ကို အဆင့်မြင့်တင်နေတယ်။ တာအိုရောင်းရင်း ဖီးနစ် သတ်ဖြတ်သူ... ငါ စောန က ပို့လိုက်တဲ့ ပုံ က အရင်နဲ့ မတူဘူးဆိုတာကို မင်း သတိမပြုမိဘူးလား။ ငါ ပို့တာ ပိုဒယ် ခွေးပုံပဲ။ ပြီးရင် ခွေးခေါင်း အပွတ်ခံရတဲ့ပုံကို ထပ်ရိုက်ရအုန်းမယ်။" ဂိုဒါ က ပြောလိုက်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Donde viven las historias. Descúbrelo ahora