အပိုင်း (၁၀၆၁)

126 33 1
                                    

#Unicode


လေးလအတွင်း အဆင့်လေး ကို ရောက်ခဲ့တဲ့ ဗိုလ်ကျသူစွန်းရဲ့ ရှေ့မှာ ငါ ဒူးထောက်ရုံပဲ တတ်နိုင်တယ်။

ကြီးမြတ်သူ နှစ်ယောက်က ကောင်းကင်ဘုံကပ်ဘေးနယ်မြေ ထဲကို တူတူဝင်ခဲ့မယ်ဆိုရင် သူတို့က ဒူးထောက် ပြီး သေဖို့ပဲ ရှိပါတော့တယ်။ ဒူးထောက်ခြင်း နည်းစနစ် ကို ထုတ်သုံးဖို့ပဲ ရှိပါတော့တယ်။

အတိုချုပ် ပြောရမယ်ဆိုရင် ကြီးမြတ်သူနှစ်ယောက် ကပ်ဘေးတူတူ ရင်ဆိုင်တယ်ဆိုတာ သေလမ်းရှာခြင်း ပါပဲ။

သူတော်စင် ကျောက်ဖရုံ ရဲ့ အသိပညာတွေ အရဆိုရင် ကျင့်ကြံသူ ဒါမှမဟုတ် နတ်သူငယ်အလင်း ကျင့်ကြံသူ တွေ သေလမ်းရှာတာကို သူ မမြင်ဖူးပါဘူး။ ပြီးတော့ ကြီးမြတ်သူ အဆင့်ကို ရောက်ရှိနေတဲ့ သူတွေက တကယ့်သူတွေပါ။ အသက်ကို ရင်းပြီး ကစားကြမှာ မဟုတ်ပါဘူး။

တကယ်တော့ ရှေးစုန်းပညာကို ကျင့်ကြံသူတွေ ဆိုရင်တော့ ကြီးမြတ်သူနှစ်ယောက် အတူတူ ကပ်ဘေးရင်ဆိုင်တာ ဖြစ်နိုင်ပါတယ်။ ကြီးမြတ်သူ အဆင့်စုန်း ပညာရှင် နဲ့ သူနဲ့ ရင်းနှီးတဲ့ တခြားကြီးမြတ်သူ တစ်ယောက်တို့ အတူတူ ရင်ဆိုင်ကြတာ ကို ဆိုလိုတာပါ။ ဒီလိုအခြေအနေ က ကြီးမြတ်သူ နှစ်ယောက် ပေါင်းပြီး ကောင်းကင်ဘုံကပ်ဘေးကို ရင်ဆိုင်တာနဲ့ ခြားနားပါတယ်။

ကြီးမြတ်သူ နှစ်ယောက် အတူတူ ကပ်ဘေးရင်ဆိုင်တယ်ဆိုတာထက် ကြီးမြတ်သူ နှစ်ယောက်က ကောင်းကင်ဘုံကပ်ဘေးနယ်မြေ တစ်ခုတည်းမှာ ဆုံကြတာတော ့ဖြစ်နိုင်တယ်။

သူတော်စင် က ကပ်ဘေးရင်ဆိုင်ပြီး ထွက်ခွာချိန်မှာ နောက်ထပ် ကြီးမြတ်သူ တစ်ယောက် ကပ်ဘေးကျော်ဖို့ ရောက်လာတာမျိုးလည်း ဖြစ်နို်င်ပါတယ်။ ဒီလိုဖြစ်ဖို့ ဆိုတာ တကယ့်ကို ဖြစ်နိုင်ဖို့ အခွင့်အရေး သေးငယ်ပါတယ်။

ဒါပေမဲ ့ဒီလိုဆုံတွေ့ပြီဆိုရင် သူတို့က တခြားတစ်ယောက် ရဲကိစ္စကို ဝင်မရှုပ်ကြပါဘူး။ အများဆုံး သူတို့ လုပ်ကြတာက စကားအနည်းငယ်လောက် ပြောဆိုကြတယ်။ ပြီးတော့ သူတော်စင် က ကောင်းကင်ဘုံကပ်ဘေး နယ်မြေက ထွက်ခွာသွားတာ ပဲ ဖြစ်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Where stories live. Discover now