အပိုင်း (၉၀၉)

127 27 0
                                    


#Unicode


ရူဟန် .. (အိမ်မက် ကောင်းကောင်း မက်ပါစေ) x ၃ ။

စီနီယာအဖြူ က သန္ဓေပြောင်းသံတုံး ဆယ်တုံးကို ရူဟန်ဆီ ပြန်ပေးလိုက်တယ်။ ပြီးနောက် အတူတူ စုပြီး သိမး်မထားဖို့ အကြံပေးလိုက်တယ်။

"ရူဟန် .. မင်းရဲ့ ကျောင်းက ဘယ်တော့ စမှာလဲ" ကြီးမြတ်တဲ့အဖြုူ က မေးလိုက်တယ်။

"ဂျင်နန် တက္ကသိုလ် က ၆ ရက်နေ့စဖွင့်တာ။ ဒါပေမဲ့ ပထမဆုံးနေ့မှာ ကျောင်းသားတွေက တစ်ယောက် နဲ့ တစ်ယောက် နှုတ်ဆက် ၊ သတင်း အချက်အလက် တွေ မျှဝေရင်း အိမ်ပြန်ကြတာ။ ပြိးရင် ခုနှစ် ရက်နေ့ နဲ့ ရှစ်ရက်နေ့ မှာ ကျောင်းပိတ်ရက်လေ။ ဒါကြောင့် ၉ ရက်နေ့မှ ကျောင်းစတာလို့ ပြောရမယ်။" ရူဟန် က ပြန်ပြောလိုက်တယ်။

"ပြောရမယ်ဆိုရင် ဒီရက်ပိုင်းအတွင်း မင်းလုပ်စရာမရှိဘူးပေါ့။ ဒါဆိုရင် ငါတို့ အင်မော်တယ်ရဲ့ နေရာပျက်ကို သွားကြရင် ဘယ်လိုလဲ။. လိုင်ချီးက သူမဘာသာ ငါတို့နဲ့ ဘာပူးပေါင်းလိမ့်မယ်။ မြောက်ပိုင်း မြစ် ကလည်း သွားချင်နေတာ။ သူက အခုမှ အဆင့်ခြောက်ကို တက်ထားတာဆိုရင် အမတ လမ်းစဉ်အကြောင်း အင်မော်တယ်ရဲ့ ဆွေးနွေးချက်ကို ကြားချင်နေတာ." ကြီးမြတ်တဲ့အဖြူ က ပြောလိုက်တယ်။

ရူဟန်က ဖြစ်နိုင်ရင် ဒီရှေးဟောင်းနေရာပျက်ကို သွားချင်နေတာပါပဲ။ အင်မော်တယ် ချန်လင်းက ဘယ်လို အသွင်သဏ္ဍာန် ရှိတယ် ဆိုတာကို သူက သိချင်နေတယ်။ ဒါဆိုရင် ရီစင့် နဲ့ ချန်လင်း ကြားက ဆက်နွယ်မှုကို သူ သုံးသပ်လို့ ရနိုင်ပါပြီ။

"ကောင်းပြီ။ ဒါဆိုရင် ငါတို့ မနက်ဖြန် သွားကြတာပေါ့" ရူဟန်က ခေါင်းညိတ်ကာ ပြောလိုက်တယ်။

"ကောင်းပြီး. မြောက်ပိုင်းမြစ်ကို သွားရှာပြီး ငါတို့ ရှာတည်းဖို့ နေရာ အကြောင်း သွားမေးရမယ်။" ကြီးမြတ်တဲ့အဖြူ က မေးစေ့ကို လက်နဲ့ ပွတ်ပြီး အဓိပ္ပာယ်ပြည့်ဝ တဲ့ စကားလုံး တစ်ချို့့ကို ပြောလိုက်တယ် "ရူဟန်.. အိမ်မက်ကောင်းကောင်းမက်ပါစေ"

"ကျေးဇူး" ရူဟန် က ကြီးမြတ်တဲ့အဖြူ ရဲ့ စကားလုံး နောက်ကွယ်က အဓိပ္ပာယ်ကို နားမလည်ပါဘူး။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Where stories live. Discover now