အပိုင်း (၉၆၆)

110 31 0
                                    


#Unicode


နတ်ဘုရားသားရဲ လေ့ကျင့်ခြင်း စနစ် အတွဲ ၁.၅။

ခရမ်းရောင်ဝတ်စုံ ဝတ်ကျင့်ကြံသူ က ဒီအချိန်မှာ တော်တော်ကြီးကို စိတ်ဓာတ်ကျနေတယ်။ သူ့ရဲ့ တိုက်ပွဲဝင် ရုပ်သေးတေ ွအားလုံး ပျက်ဆီးသွားခဲ့ပြီ ဖြစ်ပြီး ဘောလုံးပုံစံ ရုပ်သေးတစ်ခုပဲ ကျန်ပါတော့တယ်။ ဒီရုပ်သေးကလည်း ဘာမှလုပ်လို ့မရတော့ပါဘူး ဝါသနာပါရင် ဘောလုံးကန်နေလို့ပဲ ရပါတော့တယ်။

ချီးတဲ့မှ .. ရူဟန်.. မင်း ငါ့ကို မမေ့နဲ့။ ငါမင်းကို ကျိန်းသေပေါက် လက်မလွှတ်ဘူး။ ငါ့ရဲ့ ရုပ်သေးဘိုးဘေးကို မင်းဆီ ခဏထားခဲ့မယ်။ တစ်နေ့ ငါပိုင်တာကို ငါပြန်မယ်။

ပြောပြီးတဲ့နောက် ခရမ်းရောင်ဝတ်စုံဝတ် ကျင့်ကြံသူ က ဘောလုံးပုံ ရုပ်သေးကို အသက်သွင်းပြီး မြေအောက်ဆီကို ဦးတည်လိုက်တ်ယ။ ပြီးနောက် မြေလျှိုးပြီး ဒီအန္တရာယ်များတဲ ့နေရာဆီက ထွက်သွားဖို့ ပြင် လိုက်တယ်။

ဒါပေမဲ့ ဒီအချိန်မှာပဲ တွင်းထဲက ထွက်လာပြီး မတ်တပ်ရပ်လိုက်တဲ့ ကြီးမြတ်တဲ့အဖြူ က ဟန်ချက်ပျက်ပြီး မြေပေါ်လဲကျသွားတယ်။

ဒါကို မြင်တော့ ဘောလုံးပုံစံ ရုပ်သေး က ဘယ်လို သုံးသပ်ရမလဲ မသိဘူး ဖြစ်သွားခဲ့တယ်။ အဖြူ လို့ ခေါ်တဲ့ ဒီကျင့်ကြံသူ က အဆင့်ကိုး ကပ်ဘေးလွန်အဆင့်ဖြစ်တယ်။ ဒါပေမဲ့ ဟန်ချက်ပျက်ပြီး မြေပေါ်လဲကျတတ်တုန်းလား။

ဒါက ကျင့်ကြံခြင်းအပြင် သိပ္ပံ ပညာကိုပါ ကန့်လန့်တိုက်နေတဲ ့ကိစ္စကြီး မဟုတ်လား။

ပြုတ်ကျနေစဉ်မှာတော့ ကြီးမြတ်တဲ့အဖြူ က သူ့လက်ကို ဆန့်တန်းပြီး မြေပေါ်ထောက်လိုက်တယ်။ ပြီးနောက် တွန်းကန်အားကြောင့် သူ့ခန္ဓာကိုယ် က ကောင်းကင်ပေါ်ကို ထိုးတက်သွားတယ်။

ပြီးနောက် ဆက်တိုက်ဆိုသလိုပဲ နောက်ကျွမ်းတွေ ထိုးကာ မြေပေါ် သက်တောင့်သက်သာ ပြန်ကျလာတယ်။ သူ က ကိုယ်ကာယ လေ့ကျင့်ရေး ပြိုင်ပွဲဝင်တစ်ယောက်လိုပါပဲ။ ဒီလို နောက်ကျွမ်းမျိုးနဲ့ ဆိုရင် အမှတ်ပြည့်ရမှာ သေချာပါတယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Hikayelerin yaşadığı yer. Şimdi keşfedin