အပိုင်း (၉၉၈)

117 25 0
                                    


#Unicode


ဟယ်လို .. အားလုံးပဲ။ ငါက အဆင်ခြင်မဲ့ ဗိုလ်ကျသူပဲ။ ကျေးဇူးပြုပြီး ငါ့ကို မှတ်မိအောင် ကိုယ့်ဘာသာ လုပ်ကြ။

ငိုရှိုက်ခြင်း အဘိုးအို လိုချင်တာ တစ်ခုတည်း ရှိပါတယ်။ ပြည့်စုံတဲ့ အဆုံးမဲ့မျက်ရည် နည်းစနစ် ပါ။

ကြည်လင်သလင်း ခန်းမဆောင် တံခါးပေါက် အပြင်မှာ ငိုရှိုက်ခြင်း အဘိုးအိုနဲ့ ဆုံခဲ့ကြောင်းကို ရူဟန်က သတိရသွားတယ်။

အဲတုန်းက ငိုရှိုက်ခြင်းအဘိုးအို က ဂိတ်စောင့်နေတာပါ။ သူက ကြည်လင်သလင်း ခန်းမဆောင်ကို တပည့်အဖြစ် ဝင်ချင်နေတာပါ။ တပည့် မဖြစ်နိုင်ဘူး ဆိုရင်တောင်မှ ပြင်ပ အကူအညီ ပေးသူ အကြီးအကဲ တစ်ယောက် ဖြစ်ချင်ရုံပါ။ ဒါမှ ကြည်လင်သလင်း ခန်းမဆောင်ကို သစ္စာစောင့်သိရင်း အဆုံးမဲ့ မျက်ရည် နည်းစနစ်ကို သူ ရရှိနိုင်မှာလေ။

သာမာန်ပြောရမယ်ဆိုရင် အဆင့်ငါး စိတ်ဝိညာဉ် အင်ပါယာ ဖြစ်တဲ စွမ်းအားမြင့် လွတ်လပ်သော ကျင့်ကြံသူ တစ်ယောက်ကို သူသာ လိုလိုချင်ချင် ပုးပေါင်းချင်ရင် ဘယ်ဂိုဏ်းကမှ ငြင်းချင်မှာ မဟုတ်ပါဘူး။

ကံမကောင်းစွာနဲ့ သူက ရူဟန် ၊ ရီစင့်တို့ နဲ့ စကားပြောနေရင်း ကြည်လင်သလင်း ခန်းမဆောင် ပျက်ဆီးတဲ့အကြောင်းကို ပြောမိသွားတယ်။ ဒါကြောင့်ပဲ ခန်းမသခင်ချူက သူ့ကို ကမ္ဘာမြေဆီ ပြန်ပစ်လွှတ်ခဲ့တာ ဖြစ်တယ်။ ဒီလိုနဲ့ပဲ ကြည်လင်သလင်း ခန်းမဆောင် ဆီမှာ အမူထမ်းချင်တဲ ့သူ့အိမ်မက်က ပျောက်ကွယ်သွားခဲ့ရတယ်။

အခု ငိုရှိုက်ခြင်း အဘိုးအိုက ရူဟန် နဲ့ ရင်းနှီးမှုကို ရပြီး ရီစင့် က တဆင့် ကြည်လင်သလင်း ခန်းမဆောင်ဆီ ဝင်ပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင်နေတာဖြစ်တယ်။ ဒါမှ သူ့အနေနဲ့ အဆုံးမဲ့ မျက်ရည်နည်းစနစ် အပြည့်အစုံကို ရရှိမှာ ဖြစ်တယ်လေ။

ရူဟန်က ဖက်ထားတဲ့ အဘိုးကြီးကို တွန်းထုတ်ပြီး မေးလိုက်တယ် "စီနီယာ .. မင်း ကြည်လင်သလင်း ခန်းမဆောင်ကို ဝင်ချင်လို့လား"

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Donde viven las historias. Descúbrelo ahora