အပိုင်း (၉၄၁)

133 27 0
                                    


#Unicode


ငါတို့ကို ထိခိုက်စေချင်တဲ ့ကကျိုးကကြောင် ကောင်တွေ ရှေ့မှာ ရှိတယ်။

ဒီမှော်ရတနာ က အမြှောက်နဲ့ တော်တော်ဆင်တူတယ်။

စီနီယာအဖြူ က တစ်ခုခု ကို ပစ်ခွဲချင်နေတာလား။ ဒါပေမဲ့ တစ်ခုခုကို ပစ်ခွဲဖို့ ဘာကြောင့် ရုတ်တရက်ဆုံးဖြတ်လိုက်ရတာလဲ။ ဒီတိုင်းလိုက်ရှာဖွေရမှာ ပျင်းရိတာကြောင့် နေရာတစ်ခုကို ပစ်ခွဲ ဖျက်ဆီးပြီး ရှာဖွေချင်တာလား

ရူဟန် သံသယ ဝင်နေတာကို သတိထားမိတော့ စီနီယာအဖြူ က ခေါင်းလှည့်ပြီး ရှင်းပြလိုက်တယ် "ဘာဒါလဲ ဆိုတာကို မင်းသိချင်နေတယ် မဟုတ်လား။ ဒီအရာရဲ့ နာမည်အပြည့်အစုံ က အရမ်းရှည်လျားတယ်း။ ငါမှတ်မိသလောက် ဆိုရင် ကမ္ဘာကြီးကိုပြောင်းပြန်လှန်ပစ်နိုင်တဲ ့သဘာဝလွန်စွမ်းအား ... ပြီးတော့ နောက်ပိုင်းက ဘာလဲ ဆိုတာ ငါမေ့သွားပြီ။ အဲဒါ ပြီးရင် နတ်ဘုရား တွေကို တွေ့လား၊ နတ်ဘုရားတွေကို သတ်ဖြတ်နိုင်တဲ ့အမေ နဲ့ ကလေး အမြှောက် ဆိုတာပဲ။ ဒီလောက် ရှည်လှတဲ ့သောက်တလွဲနာမည်ကို ငါသေချာ မမှတ်မိတော့ဘူး။ ဒါပေမဲ့ ငါက နတ်ဘုရားသတ်ဖြတ်ခြင်း အမြှောက်လို့ ခေါ်လိုက်တယ်။ ဘာပဲဖြစ်ဖြစ် ဖျက်ဆိးအားက အရမ်းကို ပြင်းထန်တယ်။ ငါဒါကို တကယ်ပဲ ကြိုက်တယ်"

"....." ရူဟန်။

ဒါက တကယ့် အမြှောက်လား။ ပြီးနောက် အမေ နဲ့ ကလေး အမျိုးအစား အမြှောက်လား။

ပြောနေတုန်းမှာပဲ ကြီးမြတ်တဲ့အဖြူ က အမြှောက်သေးလေး ခြောက်လက်ကို စုပေါင်းတပ်ဆင်ပြီး မိခင် အမြှောက်ကြီး အဖြစ် ပြုလုပ်လိုက်တယ်။

ရှောင်ချိုက်က မေးလိုက်တယ် "စီနီယာအဖြူ .. မင်းဘာလို့ ရုတ်တရက် ဒီအမြှောက်ကို ထုတ်သုံဖို့ ဆုံးဖြတ်လိုက်တာလဲ"

သူမ က ရူဟန် သိချင်တာကို မေးလိုက်တာပါ။

"ဘာလို့လဲ ဆိုတော့ ငါ့တို့ကို ဇာတ်ကွက်ရိုက်ချင်နေတဲ ့ကောင်တွေရှိတယ်။" စီနီယာအဖြူ ရဲ့ နှုတ်ခမ်း ထောင့်တွေက ကော့တက်သွားပြီး မိစ္ဆာဆန်ဆန် ပြုံးလိုက်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Where stories live. Discover now