အပိုင်း (၁၀၁၄)

105 23 0
                                    


#Unicode


နောက်ဆုံးမှာတော ့ရူဟန်က ကြိုးကြာဖြူကို ကြီးမြတ်တဲ့အဖြူ ရဲ့ အခန်းကို ခေါ်လာလိုက်တယ်။

တကယ်တော့ စီနီယာအဖြူ ရဲ့ အခန်းတွေထဲက တစ်ခုလို့ ပြောရမှာ ဖြစ်တယ်။

ဆေးဆရာရဲ ့အိမ်မှာ နေတုန်း စီနီယာအဖြူက အခန်းပေါင်းမြောက်များစွာကို ပြောင်းပြီး နေထိုင်ခဲ့တယ်။ ဥပမာအားဖြင့် စီနီယာအဖြူက တီဗွီကို ဖြုတ်ချင်တယ်။ ဒါပေမဲ့ သူနေတဲ ့အခန်းက တီဗွီကို တစစီဖြုတ်ပြီးသား ဖြစ်သွားပြီ ဆိုရင် တခြားအခန်းဆီကို ပြောင်းနေလိုက်တာ ဖြစ်တယ်။

ရူဟန် ရဲ့ အခန်းက လွဲရင် ဒီအဆောက်အဦ မှာ ရှိတဲ ့အခန်းတွေ အကုန်လုံးက ကြီးမြတ်တဲ့အဖြူ ရဲ ့အခန်းလို့ ပြောနိုင်တယ်။ သူက သုံးချင်စိတ်ရှိရင် တွေ့တဲ့ အခန်းဝင်သုံးလိုက်တာပါပဲ။

ရူဟန် က အခန်းထဲကို ခေါ်လာပြီးတဲ့နောက် ကြိးကြာဖြူက စိတ်ချမ်းသာသွားတယ်။

"ပထမတုန်းက စီနီယာအဖြူရဲ့ အခန်းဆီကို ခေါ်လာပေးဖို့ မင်းသဘောမတူလောက်ဘူးလို့ ငါထင်ထား တာ။ ဒါပေမဲ့ မင်းက သေချာ လိုက်ပို့တာပဲ။ မင်းက လူကောင်းလေးပဲ" ကြိုးကြာဖြူ က ပြောလိုက်တယ်။

"......" ရူဟန်။ မင်းငါ့ကို လူကောင်းလို့ ပြောနေပြန်ပြီလား။

ဒီလို ရုူးကြောင်ကြောင် အကြောင်းပြချက် နဲ့တော့ သူက လူကောင်း မဖြစ်ချင်ပါဘူး။

"မရတော့ဘူး ငါ့ဒဏ်ရာကို ကုမှ ဖြစ်တော့မယ်။ မင်းလုပ်ချင်တာ လုပ်တော့" ကြိုးကြာဖြူက ပြောလိုက်တယ်။

ပြီးနောက် သူ့ခန္ဓာကိုယ်က ကြုံ့ဝင်သွားပြီး မိန်းကလေး ပုံစံ ပြောင်းသွးာတယ်။ ပြီးနောက် အခန်းရဲ့ အဆင်ပြေတဲ့ နေရာကို ရွေ့ပြီး ခြေချိတ်ထိုင်လိုက်တယ်။

ကြိုးကြာဖြူက ပုံသဏ္ဍာန်ပြောင်းလဲမှုပေါ် မူတည်ပြီး စွမ်းရည်တွေ ကွာခြားသွားတယ။်

ပြောရမယ် ဆိုရင် ယောကျ်ားပုံစံ က တိုက်ခိုက်တဲ ့နေရာမှာ အသုံးဝင်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Onde histórias criam vida. Descubra agora