အပိုင်း (၁၀၅၃)

117 27 0
                                    


#Unicode


သချင်္ာ ၊ ရူပ ၊ ဓာတု တော်တဲ့ တာအိုရောင်းရင်းတို့ .. မင်းတို့ ပျံသန်းနိုင်ပြီ။

ခုနှစ်ယောက်မြောက် ကြီးမြတ်သူ သီလ က ပုံရိပ်ယောင် အစစ်အမှန ်ကို အသုံးပြုကာ များပြားလှတဲ့ နည်းဥပဒေသတွေ နဲ့ နည်းစနစ် အချက်အလက် တွေကို သင်ပြပေးတယ်။

ဒီအချိန် ခုနှစ်ယောက်မြောက် ကြီးမြတ်သူ သီလ ရဲ့ ရှေးသချႋင်းကမ္ဘာထဲမှာတော့ ခြောက်ယောက်မြောက် အစစ်အမှန်သီလ ဆယ်ယောက် က ရူဟန်ကို ဓားဆွဲယူခြင်း နည်းစနစ်ကို ရှုထောင့် အမျိုးမျိုး ကနေ သရုပ်ပြနေတယ်။ ဒီမြင်ကွင်း က တကယ်ပဲ ကြည့်ကောင်းလှတယ်။

ဒီအတောအတွင်း ခုနှစ်ယောက်မြောက် ကြီးမြတ်သူ သီလ က ဓားဆွဲယူခြင်း နည်းစနစ် ကို ရူဟန ်အနှစ်ချုပ် မှတ်သားနို်င်ဖို ့အချက်အလက်တွေ ရှင်းပြနေတယ်။

စီနီယာ ခုနှစ်ယောက်မြောက် ကြီးမြတ်သူ သီလ က ဂရုထဲက စီနီယာ ယုံကြည်လေးစားထိုက်တဲ့ စီနီယာကြီး တစ်ယောက်ပါပဲ။ သူ့ရဲ့ အသိပညာက များပြားလှပြီး ရှေးခေတ်ရော၊ ခေတ်ပေါ် ပိုင်းမှာပါ နှံ့စပ်လှတယ်။ သူက လမ်းလျှောက်နေတဲ ့စာကြည့်တိုက်တစ်ခု နဲ့တောင် ဆင်တူတယ်။

သူက ဓားဆွဲယူခြင်းနည်းစနစ် ရဲ့ ဥပဒေသတွေကို သေချာရှင်းပြပြီး ရူဟန်ကို နားလည်သဘောပေါက်စေတယ်။

ပြီးတော့ ခုနှစ်ယောက်မြောက် ကြီးမြတ်သူ သီလ က ဓားဆွဲယူခြင်း ဆိုင်ရာ သချင်္ာဖော်မြူလာ ကိုတောင် ပေးခဲ့ပါသေးတယ်။

ရူဟန်က ဓားဆွဲယူခြင်း နည်းစနစ် ကို အသုံးပြု ချိန်မှာ သူ့ရဲ့အလေးချိန်၊ အရပ်အမြင့် ၊ ခန္ဓာကိုယ်အချိူးအစား ပေါ်မူတည်ပြီး ရတနာ ဓားမော့ရဲ ့အလင်းတွေ ကို ထပ်မံထူထဲအောင် ပြုလုပ်ဖို ့တွက်ချက်နည်းကိုတောင်မှ ခုနှစ်ယောက်မြောက် ကြီးမြတ်သူ သီလ က ပြောပြလိုက်ပါသေးတယ်။

ခုနှစ်ယောက်မြောက် ကြီးမြတ်သူ သီလ ပြောတဲ့ ဖော်မြူလာ ကို နားထောင်ကြည့်လိုက်တော့ ရူဟန် နဲ့ ရှီလျှူ တို့က လုံးဝ တုန်လှုပ်သွားတယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Où les histoires vivent. Découvrez maintenant