အပိုင်း (၉၇၉)

122 24 0
                                    


#Unicode


မင်းက နေရော၊ ညပါ စောင့်ကြပ်နေမယ် ဆိုရင်တောင်မှ မင်းရဲ့ ကိုယ်ပိုင် အိမ်ထဲမှာ အသက်ရှင် နေထိုင်နေတဲ့ သူခိုးကိုတော့ စောင့်ကြပ်နိုင်မှာ မဟုတ်ဘူး။

"ငါ့ရဲ့ ကိုယ်ပိုင်ဓားမော့ ဆန္ဒကို အသုုံးြုပုပြီး ဓားဆန္ဒကို အမြစ်ဖြတ်ရမယ်ပေါ့" ရူဟန် က သူ့နဖူးပေါ်က ဒဏ်ရာကို ထိလိုက်တယ်။ အဓိက ပြဿနာက သူ့နဖူးပေါ်မှာ ဒဏ်ရာ ဖြစ်နေခြင်းပါပဲ။ သူက ဂရုမစိုက်ပြုလုပ်မိရင် ဦးနှောက်ကို ထိခိုက်သွားနိုင်တယ်။ ဒါဆိုရင် ရူးသွားနု်ိင်တယ် မဟုတ်လား။

ဒါက အရမ်း စွန့်စားလွန်းရာ ကျတယ်။

ရီစင့် က သူမ ပါးစပ်ကို လက်နဲ့ အုပ်ပြီး ရယ်လိုက်တယ်။ "မင်း စိတ်ပူစရာ မလိုဘူး။ ဓားဆန္ဒ က မင်းရဲ့နဖူးကို သေးငယ်တဲ့ ဒဏ်ရာလေး ပဲ ဖြစ်စေတာ။ မင်းရဲ့ ဦးခေါင်းခွံကို တောင်မှ မထိခိုက်မိဘူး။ မင်းရဲ့ ဓားဆော့ဆန္ဒကို အသုံးပြုပြီး အမြစ်ထုတ်ရင် မင်းက ဒဏ်ရာရဲ့ နေရာ လေးကိုပဲ ထိဖို့ လိုတယ်။ ဒါကြောင့် မင်း ဦးနှောက် က ထိခိုက်မိမှာ မဟုတ်ဘူး"

ရူဟန် က ရယ်လိုက်တယ် "ဟားဟား"

ပြီးနောက် သူ က ဓားမော့မြက်ကို ထုတ်ယူလိုက်တယ်။

သူက အခွင့်အရေးကို အရယူပြိး စမ်းသပ်မှုကို ပြုလုပ်ဖို့ ပြင်လိုက်တယ်။

သူက တားမြစ်နယ်မြေ အတွင်း ရှိနေတုန်းမှာ သူက ဓားမော့မြက်ကို မြိုမချ ဘဲ ပါးစပ်ထဲ တင်ပြီး ကြာပန်းဖူးပွင့်ခြင်းလျှာ စွမ်းရည်ကို အသုံးပြုဖို့ ပြင်လိုက်တယ်။

ဒါမှ သူ့အနေနဲ့ မလိုလားအပ်တဲ့ နာကျင်မှု တွေကို ရှောင်ရှားနိုင်မှာ ဖြစ်တယ်။

အရင်တုန်းက ကြီးမြတ်တဲ့အဖြူ နဲ့ ကြီးမြတ်တဲ့ ရူလော့ တို့ ကောင်းကင်ပေါ်က ကျဆင်းလာတာကြောင့် ငလျှင်တွေ ဖြစ်ပေါ်ခဲ့တယ်။ ဒါကြောင့် ရုူဟန် က ကြောက်လန့်ပြီး ဓားမော့မြက်ကို အမှတ်မထင် မြိုချခဲ့မိပါတယ်။ ဒါက မျက်ရည်ထွက်ရလောက်အောင် နာကျင်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Hikayelerin yaşadığı yer. Şimdi keşfedin