အပိုင်း (၁၀၁၃)

110 28 0
                                    


#Unicode


ဒီမှာ နှာဘူး တစ်ယောက် ရောက်နေတယ်။

ဆေးဆရာရဲ့ အဆောက်အဦးက ကြီးမြတ်တဲ့အဖြူ စီစဉ်ထားတဲ့ အတားအဆီးအစီရင်တွေနဲ့ ပြည့်နှက်နေတာ ဖြစ်တယ်။ ဒါကြောင့် တစ်စုံတစ်ယောက်သာ ဝင်လာခဲ့မယ် ဆိုရင် တော်တော်ကြီး အဆင်အခြင်မဲ့တဲ့သူ ဖြစ်သွားမှာ သေချာပါတယ်။

ညကလည်း တော်တော်နက်နေပါပြီ။ ကြိုးကြာဖြူ က ဒီအချိန်ကြီး ဘာလာလုပ်တာလဲ။

"စီနီယာ ကြိုးကြာဖြူ တစ်ခုခု ဖြစ်လို့လား။ နေအုန်။ ငါ ဆင်းလာပြီး တံခါးဖွင့်ပေးမယ်" ရူဟန် က လျှို့ဝှက်အသံပို့ နည်းစနစ် ကို အသုံးပြုပြီး ပြောလိုက်တယ်။ ပြီးနောက် ပြတင်းပေါက်က နေခုန်ချလိုက်တယ်။

ကျွမ်းကျင်သူတွေက ပြတင်းပေါက်ကနေပဲ ခုန်ချတယ် ဆိုတာကို အားလုံးက သိပြီးသားဖြစိ်မှာပါ။ ဒီသဘောတရားကို ရူဟန် က နားမလည်ခဲ့ပါဘူး။ ဒါပေမဲ့ ဘာကြောင့် ခုန်ချတယ် ဆိုတာကို ခုနောက်ပိုင်းမှာ သူ သေချာ နားလည်သွားခဲ့တယ်။ ပိုပြီးုမြန်မြန်ရောက်လို့ပါပဲ။ လှေကားကနေ ဆင်းသွားရင် တော်တော်ကြီး ကြာပါတယ်။

အထူးသဖြင့် လေးထပ်၊ ငါးထပ် တိုက်တွေ ဆိုရင်ပေါ့။ လှေကားတွေက များလွန်းတာမို့ တော်တော်ကြာကြာ ဆင်းရမှာပါ။ တည့်တည့် ဆင်းတာက ကွေ့ဝှိက်ပြီး ဆင်းသက်ရတာထက် ပိုမြန်တယ် ဆိုတဲ ့သဘောတရားပါပဲ။

ဒါပေမဲ့ ဒီလို ခုန်ချဖို့ဆိုရင် ရူဟန်က သူ့ရဲ ့လက်ရှိအဆင့်ကို သိဖို့တော့ လိုအပ်ပါသေးတယ်။ သူက လက်ရှိမှာ လေးထပ်၊ ငါးထပ် လောက်က ခုန်ချလို့ ဘာမှမဖြစ်နိုင်ဘူး ဆိုပေမဲ့ အထပ် လေး၊ ငါးဆယ်ဆိုရင်တော့ မသေရင်တောင် ဒဏ်ရာတော်တော်များများ ရမှာ ဖြစ်တယ်။

❄️❄️❄️

ကြိုးကြာဖြူက ရူဟန်ကို မြင်တော့ မျက်လုံးပြူးသွားတယ်။

ရူဟန် နဲ့ ကြီးမြတ်တဲ့အဖြူ က ဆေးဆရာရဲ ့အိမ်မှာ တူတူနေတယ် ဆိုပေမဲ့ စီနီယာအဖြူကို သူလာရှာတိုင်း အရင်ဆုံးတွေ့ရသူက အမြဲတန်း ရူဟန်ပဲ ဖြစ်နေတယ်။ ဒါက သူ့ကို စိတ်မတင်မကျ ဖြစ်စေတယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Where stories live. Discover now