အပိုင်း (၉၂၃)

123 33 6
                                    

#Unicode


တစ်ခုဝယ် တစ်ခု လက်ဆောင်။

ရူဟန် က သူ့ရဲ့ အတွင်း ကမ္ဘာနဲ ့ချိတ်ဆက်ထားတဲ့ ကြီးမားတဲ့ ကမ္ဘာကြီး ကို ကြည့်လိုက်တယ်။

ဒီအချိန်မှာ သူ့အတွင်းကမ္ဘာ က ကျွန်းငယ်လေး တစ်ခု အရွယ်သာ ရှိတယ် ဆိုပေမဲ့ ချိတ်ဆက်ထားတဲ့ ကမ္ဘာကြီးကတော့ ဂြိုလ် ကြီးတစ်လုံးလိုပါပဲ။ စီနီယာအဖြူ နဲ ့တခြားလူတွေ အဲ့ ကမ္ဘာထဲကို ရောက်သွားတာ နေလိမ့်မယ်။

ရူဟန်က အတွေးနက်နေတုန်းမှာပဲ ကြီးမားတဲ့ ကမ္ဘာကြီးဆီက များပြားလှတဲ ့အမြစ်တွေ က သူ့အတွင်း ကမ္ဘာရဲ့ ရှုပ်ထွေးမှု အလွှာကို ကျော်ဖြတ်ပြီး သူ့ဘေးနားဆီ ရောက်ရှိလာတယ်။

အတွင်းကမ္ဘာက ဒီအမြစ်တွေ အထဲ ဝင်လာတာကို မတားဆီးပါဘူး။ နှစ်ခုလုံးက တူညီတဲ ့မျိုးဗီဇ ရှိလို့ ဖြစ်နိုင်တယ်။ ဒါကြောင့် တန်ပြန်မှု၊ တိုက်ခိုက်မှုတွေ ကို မပြုလုပ်ပါဘူး။

နောက်ဆုံးမှာတော့ တခြားကမ္ဘာဆီက ရောက်လာတဲ ့အမြစ်တွေ က ကြီးမားတဲ ့ကြိုးလှေကားကြီးတစ်ခု လို ဖြစ်တည် သွားတယ်။

"တခြားကမ္ဘာဆီ သွားဖို့ ငါ့ကိ ုဖိတ်ခေါ်တာလား" ရူဟန် က ခဏလောက် စဉ်းစားလိုက်တယ်။ ပြီးနောက် အမြစ်တွေ နဲ့ ပြုလုပ်ထားတဲ့ လှေကားပေါ်တက်ပြီး တခြားကမ္ဘာဆီ ဦးတည်လိုက်တယ်။

❄️❄️❄️

ဒီအတောအတွင်းမှာတော့ ...

ကြီးမြတ်တဲ့အဖြူ ၊ မြောက်ပိုင်းမြစ် ၊ လိုင်ချီး ၊ ဆေးဆရာ နဲ့ ခရမ်းရောင်မြူနှင်းတို့က ကြီးမားတဲ့ ကမ္ဘာ ကြီး ဆီမှာဧည့်သည် အဖြစ် ရောက်ရှိနေတယ်။

ဒီကမ္ဘာ ကြီးရဲ့ ကောင်းကင်ပေါ်မှာတော့ တိမ်မြို့တော်ကြီး တစ်ခုလို ဖြစ်တည်နေတယ်။ အဲ့က ကြည့်ရင် ကမ္ဘာကြီးတစ်ခုလုံးကို မြင်နိုင်တယ်။

ကမ္ဘာကြီးထဲမှာတော ့သက်ရှိတွေ တော်တော်များများ တည်ရှိနေတယ်။ တစ်ချို့့က ကမ္ဘာပေါ်မှာ မျိုးတုန်းသွားပြီ ဖြစ်တဲ့ အကောင်တွေ ဖြစ်တယ်။ ဒါပေမဲ့ လူ၊ မွန်းစတား နဲ့ နတ်မိစ္ဆာတွေ မရှိဘူး။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Donde viven las historias. Descúbrelo ahora