အပိုင်း (၉၂၅)

143 28 0
                                    


#Unicode


မြောက်ပိုင်းမြစ်အိုကြီးရဲ့ မျက်နှာက တကယ်ပဲ ချောတာလား။

"....." ရူဟန်။

ဒီလိုနဲ့ ပဲ ရူဟန် နဲ့ နဂါးကျားနှစ် တို့က အချိန်အကြာကြီးစိုက်ကြည့်လိုက်ကြတယ်။

"ဒါဆိုရင် ကျွန်တော် က ဘယ်သူဝင်စားတာလဲ" ရူဟန်က မေးလိုက်တယ် "လူတော်တော်များများ က ကျွန်တော့်ကို ငဒူစွန်းနဲ့ မှားကြတယ်။ ခင်ဗျားက ကျွန်တော့်အနေနဲ့ ပြန်လည်ဝင်စားသူ မဟုတ်ဘူးလို့ ပြောရင် ကျွန်တော် ယုံမှာ မဟုတ်ဘူး" ထပ်ပြောရရင် သူက ပုလဲကို နှစ်ကြိမ်တိုင်တိုင်တွေ့ပြီး နှစ်ကြိမ်တိုင်တိုင် ပုလဲကြေမွသွားခဲ့တယ်။ ဒါက တစ်ခုခု ထူးဆန်းနေတာ မဟုတ်လား။

"မင်းက ဘယ်သူမှ ပြန်လည် ဝင်စားတာ မဟုတ်ဘူး။ မင်းကမင်းပဲ။ တော်တော်ကြီး ကံကောင်းတဲ့ စွန်းရူဟန် လို့ ခေါ်တဲ ့လူသားကျင့်ကြံသူ တစ်ယောက်ပဲ" နဂါးကျားနှစ် က ခပ်တည်တည် နဲ့ ပြောလိုက်တယ်။

"တကယ်လား" ရူဟန် က ထပ်မေးလိုက်တယ်။

"တကယ်ပဲ" နဂါးကျား နှစ်က အာမခံ လိုက်တယ်။

ဒါကို ကြားတော့ ရူဟန် က နည်းနည်း ပျော်ရွှင်သွားတယ်။ ဒါပေမဲ ့သူက စိတ်လည်း ပျက်သွားတယ်။ တစ်စုံတစ်ယောက် ပြန်လည် ဝင်စားတာ မဟုတ်ဘူး ဆိုတာကို သူပျော်သွားတယ်။ ဘာလို့ စိတ်ပျက်သွားတာလဲ ဆိုတော့ အကြောင်းပြချက်က တူတူပါပဲ။

"ဒါဆိုရင် ငဒူစွန်းက ဘယ်သူလဲ" ရူဟန်က မေးလိုက်တယ်။

"ငါချန်လင်း ဆီက ကြားဖူးတာတော့ သူမဆီမှာ ငဒူစွန်းလို့ ခေါ်တဲ ့သူငယ်ချင်း တစ်ယောက် ရှိတယ်တဲ့။ ဒါပေမဲ့ ဒါက နာမည်ပြောင် တစ်ခုပဲ။ တစ်ဖက်လူရဲ ့တာအိုနာမည်ကို ငါမသိဘူး။ ထပ်ပြောရရင် ငဒူစွန်းကို ငါမမြင်ဖူးဘူး။ ငါသိတဲ့သူ မဟုတ်ဘူး" နဂါးကျား နှစ် က ပြောလိုက်တယ်။

ဒါကို ကြားတော့ ရူဟန်က စိတ်ပျက်သွားပြန်တယ်။ ခဏလောက် စဉ်းစားလိုက်ပြီးတဲ့နောက် "စီနီယာ ကျွန်တော် နောက်ထပ် မေးခွန်းနှစ်ခု မေးလို့ ရသေးလား

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Where stories live. Discover now