အပိုင်း (၉၉၂)

111 28 0
                                    


#Unicode


နွေနန်းတော်။

"စီနီယာအဖြူ. ရီစင့် .. တူတူသွားကြည့်ချင်လား" ရူဟန်က မေးလိုက်တယ်။

ကြီးမြတ်တဲ့အဖြူ က လက်ခါပြလိုက်တယ် "ငါမသွားဘူး။ သာမာန် ပထမအဆင့်သားရဲ အစာကို ငါ အောင်မြင်အောင် ချက်ပြုတ်ချင်သေးတယ်"

ရီစင့် က ပြောလိုက်တယ် "ဒါဆိုရင် ငါလည်း စီနီယာအဖြူ နဲ့ နေခဲ့မယ်။ ဘာပဲဖြစ်ဖြစ် ငါတို့ က စိတ်ချင်း ဆက်စပ်နေပြီးသား ဖြစ်တာကြောင့် မင်းမြင်ရတဲ့ အင်မော်တယ်ဂူကို ငါလည်း မြင်နိုင်တာပဲ။ ကောင်းပြီ။ ရူဟန် ဓားမော ့ပိုးကောင်ကိုလည်း ထားခဲ့"

"ကောင်းပြီ" ရူဟန်က ပြောလိုက်တယ်။

သူပြန်လာချိန်မှာ ဓားမော့ပိုးကောင် က တိုက်ခိုက်ရေးသားရဲလို အကောင်ကြီး ဖြစ်မနေစေဖို့ မျှော်လင့်ရမယ်။

❄️❄️❄️

ရူဟန် နဲ့ ထာဝရမီးတို့က အပြင်ကို ထွက်လိုက်ချင်းချင်းမှာပဲ ဒေါင်ဖန်းခြောက် က လျှပ်စစ်ဆိုင်ကယ်ကို စီးလာပြီး ရူဟန်တို့ ရှေ့မှာ လှပစွာ ဒရစ်ဆွဲပြီး ရပ်လိုက်တယ်။

"အိုး.. ရူဟန် မင်းနိုးလာပြီပဲ. တာအိုရောင်းရင်း ထာဝရမီး ... ကောင်းသော နေ့လည်ခင်းပါ" ဒေါင်ဖန်းခြောက်က ဆိုင်ကယ်ဦးထုတ်ကို ချွတ်ရင်း နှစ်ယောက်လုံးကို ပြုံးပြလိုက်တယ်။ သူမ ပခုံးပေါ်မှာတော့ ရူဟန် ရဲ့ တပည့် ရှောင်ချိုက် က ရှိနေတယ်။

ဒေါင်ဖန်းခြောက် က လက်ရှိမှာ လိုင်စင်အသိမ်းခံထားရတာပါ။ ဒါကြောင့် ကားမောင်းမယ့် အစား လျှပ်စစ် ဆိုင်ကယ်ကို ပဲ ပြောင်းလဲ အသုံးပြုနေတာ ဖြစ်တယ်။.

"ကောင်းသော နေ့လည်ခင်းပါ။ စီနီယာ ဒေါင်ဖန်းခြောက်" ရူဟန် က ရှောင်ချိုက် ကို သေချာ ကြည့်လိုက်တယ်။ သူမ တစ်ခုခု ပြောင်းလဲ နေလား သိချင်တာ ဖြစ်တယ်။

ရှောင်ချိုက်က အတောင်ပံတွေကို ခတ်ပြီး ရူဟန် ဘေးကို ပျံသန်းလာတယ်။ ပြီးနောက် ခပ်နောက်နောက် ပြောလိုက်တယ် "ဟီးဟီး ... ဆရာ.. ချိုက် ပြောင်းလဲနေတယ်လို့ ခံစားရနေတာလား"

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Where stories live. Discover now