အပိုင်း (၈၉၇)

132 28 4
                                    

#Unicode


မြောက်ပိုင်းမြစ် .. ငါကြောက်ပါပြီ။

ထရွင်ဂန် က ဆွ့ံအသွားတယ်။

မှားစရာမရှိပါဘူး။ မြောက်ပိုင်းမြစ် ခန္ဓာကိုယ် က ထွက်ပေါ်နေတဲ့ အော်ရာတွေက အဆင့်ခြောက် အစစ်အမှန် နတ်ဘုရား တစ်ယောက် ရဲ့ အော်ရာတွေပဲ ဖြစ်တယ်။

ဒီအကောင် ဘယ်တုန်းက အစစ်အမှန် နတ်ဘုရား အဆင့်ရောက်သွားတာလဲ။

လူလိမ်ကောင်.. လွန်ခဲ့တဲ့ လတုန်းက ကန့်သတ်မြို့တော် တောင်ကုန်း ပေါ်က တိုက်ပွဲပြီးရင် အဆင့်ကျော်ဖြတ်မယ်လို့ ပြောခဲ့သေးတယ် မဟုတ်လား။

ဒါပေမဲ့ အခု မြောက်ပိုင်းမြစ် က အဆင့်ခြောက် အစစ်အမှန ်နတ်ဘုရား တစ်ယောက် ဖြစ်နေပါပြီ။

ဒါပေမဲ့ ပိုပြီး အရေးကြီးတာက သူ့နောက်မှာ မြောက်ပိုင်းမြစ် က ဘယ်လို ပေါ်လာတာလဲ။

ကောင်းကင်ပေါ်က တစ်ယောက်က ဘယ်သူလဲ။

အစားထိုးထားတာ မဟုတ်လား၊ ဒါမှမဟုတ် ရုပ်သေး တစ်ခု များလား။

ကိုယ်ပွားတစ်ခု လည်း ဖြစ်နေနိုင်တယ်။

ထရွင်ဂန ်တွေးသလိုပဲ ကိုးစီရင်စု ထဲက တာအိုရောင်းရင်းတွေ က ဒီသံသယ ရှိကြတယ်။ မြောက်ပိုင်းမြစ် ဆိုတာ စာတစ်ခုခု ပို့လိုက်တာနဲ့ ချက်ချင်း စာပြန်တတ်သူ တစ်ယောက်ပါ။ အွန်လိုင်းစစ်သည်တော် လို့တောင်မှ ခေါ်ကြတယ်။

ဒါပေမဲ့ မြောက်ပိုင်းမြစ်ကလည်း လေ့ကျင့်ရတယ်၊ ရတနာ ရှာရတယ်၊ ဆေးလုံးတွေ သန့်စင်ရတယ်။၊ အသက်သွေး မှော်ရတနာကို သွန်းလုပ်ရတယ် .. စသဖြင့်ပေါ့။

ဒါကြောင့် ဒီလို ဂရုထဲမှာ လေပေါဖို့ အတွက် မြောက်ပိုင်းမြစ်ဆီမှာ သီးသန့် အထူး ကိုယ်ပွားတစ်ခုများ ရှိနေသလား။

ဒါကို တွေးမိလိုက်တော့ ထရွင်ဂန် က သူတိုက်ခိုက်လိုက်တာ မြောက်ပိုင်းမြစ် ဂရုထဲမှာ လေပေါဖို့ ဖန်တီးထားတဲ့ ကိုယ်ပွားဖြစ်ကြောင်း သတိပြုမိသွားတယ်။

ဒါက ထရွင်ဂန့် စိတ်ထဲမှာ တွေးနေတဲ့ အတွေးတွေပါ။

ထရွင်ဂန ်အတွေးနက်နေတုန်းမှာပဲ မြောက်ပိုင်းမြစ် က မြေပေါ်မှာခြေဆောင့်လိုက်ပြီး ထရွင်ဂန် ဆီ ပျံသန်းလိုက်တယ်။ သူက ဆက်တိုက် တိုက်ခိုက်မှုတွေကို ပြုလုပ်ချင်တာပါ။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Where stories live. Discover now