အပိုင်း (၉၄၈)

118 31 0
                                    


#Unicode


တားမြစ်နယ်မြေ တစ်ခုလုံးကို ရှင်းလိုက်ရအောင်။

အတွင်းကမ္ဘာထဲမှာတော့ ..

ရူဟန် က မျက်စိကို ဖွင့်ကြည့်လိုက်တော့ တကိုယ်လုံးတုန်ခါသွားတယ်။ ဒီအချိန်မှာတော့ သူ့ခန္ဓာကိုယ်က သဘာဝ ရတနာတစ်ခု ဖြစ်တည် မွေးဖွားလာချိန်မှာ ပေါ်ပေါက်လာတတ် တဲ့ အော်ရာမျိုး ထွက်ပေါ်နေတယ်။

ရူဟန်က သူ့ရဲ့ တတိယအဆင့် စတုတ္ထ မရီဒန် ဖြစ်တဲ့ ဝိညာဉ်ဘုရင် မရီဒန် ကို ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်တယ်။

ရူဟန် ရဲ့ ခန္ဓာကိုယ် က ရီစင့်ရဲ ့အဆင့်ငါး စိတ်ဝိညာဉ်စွမ်းအင် တွေ၊ သက်ရှိစမ်းရေ ရဲ့ အငွေ့ပျံ စွမ်းအား ၊ ဆန်းကြယ်တဲ့ နတ်ဘုရားသားရဲ သုံးဆယ့်သုံးကောင် နည်းစနစ် တို့အပြင် ဗုဒ္ဓရဲ ့ဖျက်ဆီးလို့ မရနိုင်တဲ့ ကျောင်းတော်သား ခန္ဓာကိုယ် တို့ရဲ့ အကူအညီ တို့နဲ့ စတုတ္ထ မရီဒန်ကို ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်တယ်။

ဝိညာဉ်ဘုရင် မရီဒန်ကို ဖွင့်လှစ်ပြီးတဲ့နောက် မရီဒန် လေးခု ကို ချိတ်ဆက်ပြီး တိုက်ပွဲဘုရင် ခန္ဓာကိုယ် ကို ဖြစ်တည်စေနိုင်တော့မှာပါ။ ဒါဆိုရင် ကောင်းကင်ဘုံကပ်ဘေး ကျဆင်းလာမှာ ဖြစ်ပြီးတော့ အောင်မြင်ရင် အဆင့်လေး ကျင့်ကြံသူ ဖြစ်ကာ ဓားပျံကို စီးနင်း နိုင်မှာပါ။ ကျရှုံးခဲ့ရင်တော့ ကိုယ်ခန္ဓာရော၊ ဝိညာဉ်ပါ ပျောက်ကွယ်သွားတော့မှာ ဖြစ်တယ်။

"မင်းဘယ်လို ခံစားရလဲ" ရီစင့် က ပြုံးကာ မေးလိုက်တယ်။

"ကောင်းတယ်။ ငါက မရီဒန် လေးခု ရဲ့ စွမ်းအင်ကို ထုတ်ပြီး တိုက်ခိုက်မယ်ဆိုရင် အဆင့်လေး ကျင့်ကြံသူ တစ်ယောက်ကိုတောင်မှ တော်တော်ကြာ တိုက်ခိုက်နိုင်မယ်လို့ ထင်တယ်။" ရူဟန် က ပြောလိုက်တယ။်

အခု သူက အိမ်မက် အတိုင်း ဓားပျံစီးနိုင်ဖို့ ခြေတစ်လှမ်းပဲ လိုပါတော့တယ်။

အဆင့်လေး ကို တက်ရောက်ပြီးပြီ ဆိုရင် သူက ကျင့်ကြံခြင်း ကမ္ဘာထဲမှာ ကိုယ်ပိုင်အားအင် နဲ့့ ခြေဆန့် နိ်ုင်တော့မှာ ဖြစ်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Donde viven las historias. Descúbrelo ahora