အပိုင်း (၁၀၃၅)

128 24 0
                                    


#Unicode


အစဉ်လိုက်လှိုင်းသုံးခုများ။


 အသက်ခုနှစ်သက် အဆောင်ဆရာက ငါသာလျှင် အကြီးမြတ်ဆုံး ဆိုတဲ ့ဟန်ပန် အမူအရာကို ပြုလုပ်ပြီးတဲ့နောက် ဗုဒ္ဓကျင့်ကြံသူ မှု နဲ့ သက်ဆိုင်တဲ့ ဆန်းကြယ် နက်နဲမှုတွေကို စတင် ပြောဆိုလိုက်တယ်။

သူ့မိန့်ခွန်းထဲမှာ တော်ဝင်လမ်းရဲ့ အသံတွေ ပါဝင်နေတယ်။ ကြာပန်းတွေက ပေါ်လာလိုက် ပျောက်သွားလိုက်နဲ့ အဆက်မပြတ် ဖြစ်ပေါ်နေတယ်။ ရေတွက်လို့ မရနိုင်တဲ့ စီနီယာဘုန်းကြီးတွေ နဲ့ ရသေ့တွေက အသက်ခုနှစ်သက် အဆောင်ဆရာ ရဲ ့ကိုယ်ခန္ဓာအောက်မှာ ပုံရိပ်ယောင်တွေ အဖြစ် ဖြစ်တည်နေတယ်။ သူတို့က တစ်တန်းတည်း ထိုင်ပြီး မိန့်ခွန်းကို အားရပါးရ နားထောင်နေကြတယ်။

ဒီမြင်ကွင်းက အံ့မခန်း ပါပဲ။

စကြာဝဋ္ဌာအတွင်းရှိ ကျင့်ကြံသူတွေက စိတ်လှုပ်ရှားမှုတွေ နဲ့ တုန်ခါသွားကြတယ်။

သူတို့က တာအိုသူတော်စင် တစ်ယောက်ဖြစ်တဲ့ အသက်ခုနှစ်သက် အဆောင်ဆရာက ဘာကြောင့် ဗုဒ္ဒကျင့်ကြံခြင်း သဘောတရားတွေကို နက်နဲစွာ မိန့်နေတာလဲ ဆိုတဲ ့အချက်ကို သူတို့ ဒီအချိန်မှာ မစဉ်းစားမိတော့ပါဘူး။

သူတော်စင် ရဲ့ မိန့်ခွန်းဆိုတာ နှစ်တစ်ထောင် မှာ တစ်ယောက် တွေ့ရခဲတဲ ့အရာတစ်ခု ဖြစ်တယ်။ လက်လွှတ်ခံ လို့ မဖြစ်ပါဘူး။

ပြီးတော့ သူတို့က သူတော်စင် ဗိုလ်ကျသူ စွန်း ကို ချီးကျုးထောပနာ ပြုပြီး ကြပြီ ဖြစ်တယ်။ အခု အသက်ခုနှစ်သက် အဆောင်ဆရာ ရဲ့ ဗုဒ္ဓကျမ်းစာ အကြောင်းကို ဆက်ပြီး နားထောင် ဖို့ အခွင့်အရေး ရရှိခဲ့တယ်လေ။

ပြောရမယ်ဆိုရင် ဗုဒ္ဓကလည်း တာအိုပညာရှင်များလား

❄️❄️❄️

အနောက်တိုင်းသားဘုန်းကြီး ရဲ့ ဂိုဏ်းထဲမှာတော့ ..

အနောက်တိုင်းသားဘုန်းကြီးက အသက်ခုနှစ်သက် အဆောင်ဆရာ ကို မော့ကြည့်ပြီး သူ့ဆရာဘက် လှည့်ကာ ပြောလိုက်တယ် "ဆရာ .. ကျုပ် ဗုဒ္ဓဂိုဏ်းထဲ ဝင်ချင်နေပြီ

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Donde viven las historias. Descúbrelo ahora