အပိုင်း (၁၀၁၅)

117 28 1
                                    

#Unicode


အကြီးကြီး ဖြစ်လာစေနိုင်တဲ့ သေးငယ်တဲ့ထပ်တိုး အရာလေး။

ကောင်းလိုက်တာ။ ဘယ်လို တိုက်ခိုက်ခြင်း မှော်နည်းစနစ် မလို့ ငါ့တကိုယ်လုံကို နေသာထိုင်သာ ရှိစေတာလဲ။

သက်တောင့်သက်သာ သေသွားလို့ ရအောင် ပြုလုပ်ထားတဲ့ မှော်နည်းစနစ် မျိုးလား။

"အား..." ထိုအချိန်မှာပဲ ရူးသွပ်နေတဲ့ ကြိုးကြာဖြူ က ချစ်စဖွယ် အသံဖြင့် အော်လို်က်တယ်။ သူ့အတောင်ပံတွေ လှုပ်ခါနေပြီး တစ်ချက် လှုပ်လိုက်တိုင်းမှာ သေးငယ်တဲ ့မှော်နည်းစနစ်လေးက ရူဟန် ကိုယ်ပေါ်ကို ကျရောက်နေတယ်။

မှော်နည်းစနစ် က ကိုယ်ပေါ်ကို ကျဆင်းလာချိန်မှာ လာမီယာ က မတားဆီးပါဘူး။ ရူဟန် ကိုယ်ပေါ်ကို ကျရောက်စေတယ်။ သို့ပေမဲ့ မှော်နည်းစနစ် တိုက်ခိုက်မှု တစ်ခုချင်းစီ တိုင်းကို ရူဟန်ရဲ ့ခန္ဓာကိုယ်ကို သက်တောင့်သက်သာ ခံစားရစေတယ်။

ရူဟန်က နောက်ဆုံးမှာ နားလည်သွားတယ်။ ကြိုးကြာဖြူ သူ့ဆီကို ပစ်လွှတ်နေတာက တိုက််ခိုက်ခြင်း မှော်နည်းစနစ် မဟုတ်ပါဘူး။ ကုသခြင်း နည်းစနစ် ပဲ ဖြစ်ပါတယ်။ ပြီးတော့ တော်တော်ကြီးကို အဆင့်တန်းမြင့်မားတဲ့ ကုသခြင်းနည်းစနစ် ပဲ ဖြစ်တယ်။

ကြိုးကြာဖြူက အနောက်တိုင်းကျင့်ကြံခြင်း ကမ္ဘာမှာ နာမည်ကြီးတဲ့ ကုသခြင်းဆရာ တစ်ယောက် ဖြစ်တယ်။ သူက အလင်းဒြပ်ကို ပိုင်ဆိုင်ထားတာကြောင့် သာမာန် ကုသခြင်း နည်းစနစ်ကို အသုံးပြုရင်တောင်မှ သူက ပြည့်စုံအောင် အစွမ်းထုတ်ဖော်နိုင်တယ်။

ကုသခြင်းနည်းစနစ်တွေကို အတွဲလိုက် ထုတ်လွှတ်လိုက်တာမို့ ရူဟန် က လန်းဆန်းမှုကို ခံစားနေရတယ်။ သူ့ခန္ဓာကိုယ်က အားအင်တွေနဲ့ ပြည့်စုံလာတယ်။

"အား..." ရူးသွပ်နေတဲ့ ကြိုးကြာဖြူ က မရပ်တန့်ပါူးဘ။ ဆက်တိုက်ပဲ ကုသခြင်း နည်းစနစ်တွေကို တစ်ခုပြီး တစ်ခု ထုတ်လွှတ်နေတယ်။ ပြီးတော ့တစ်ခု နဲ့ တစ်ခု ပိိုပိုပြီး မြန်ဆန်လာတယ်။

ခဏလောက် ကြာတော ့ရူဟန်က ကုသခြင်းနည်းစနစ် ရောင်စဉ်တွေထဲမှာ လွှမ်းခြုံသွားတယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Waar verhalen tot leven komen. Ontdek het nu