အပိုင်း (၉၄၀)

144 18 1
                                    


ဆရာက ငါ့ဟာပဲ.. မင်းသူမကို တွေ့ဖို့ မေ့လိုက်တော့။

ရူဟန်က သူ့ကို စိုက်ကြည့်နေတော့ တုကူးပု က ကြောက်လန့်သွားတယ်။

"မင်းလေ့ကျင့်တဲ့ နည်းစနစ် က နတ်ဘုရားသားရဲ သုံးဆယ့်သုံးကောင် နည်းစနစ် မဟုတ်လား။" ရူဟန်က မေးလိုက်တယ်။

သူက မွန်းစတားမြေခွေး ရဲ့ ခန္ဓာကိုယ်ဆီကနေ ရင်းနှီးတဲ့ခံစားချက် တစ်ခုကို ရရှိလိုက်တယ်။ ထပ်ပြောရရင် သူက အနားကို ကပ်လိုက်ချိန်မှာ သူ့ရဲ့ သန္ဓေစွမ်းအင် ချီတွေနဲ့ ပေါင်းစပ် မွေးဖွားလိုက်တဲ့ ချီဒန်ထျန် ပက်လယ်ထဲက သားရဲသုံးဆယ့်သုံးကောင် ပုံရိပ်ယောင်တွေက အော်သံတွေ ထွက်ပေါ်လာတယ်။

ဒီမွန်းစတားမြေခွေးကလည်း နတ်ဘုရားသားရဲ သုံးဆယ့်သုံးကောင် နည်းစနစ်ကို လေ့ကျင့်တယ် ဆိုတာ ရူဟန် က ခံစားမိလိုက်တယ်။ ထပ်ပြောရရင် အရင်တုန်းက လုပ်ကြံသူတွေ အသုံးပြုတဲ့ မပြည့်စုံတဲ့ နည်းစနစ်မျိုး မဟုတ်ပါဘူ။ နတ်ဘုရား သားရဲ နည်းစနစ် ရဲ့ပြည့်စုံတဲ့ နည်းစနစ် ဖြစ်နေတယ်။

"မင်းက ငါလေ့ကျင့်တဲ့ ကျင့်ကြံခြင်း နည်းစနစ်ကို ပြောနေတာလား" တုကူးပု က ခေါင်းကို ခါယမ်းပြီး ပြောလိုက်တယ် "ငါလည်း ငါလေ့ကျင့်တာ ဘယ်လို နည်းစနစ် လဲ ဆိုတာ မသိဘူး။ ငါ့ဆရာကို ဒီအကြောင်းမေးတဲ့ အချိန်တိုင်း ဆရာက ဒီမေးခွန်းကို အမြဲရှောင်တယ်။ ထပ်ပြောရရင် နတ်ဘုရားသားရဲ သုံးဆယ့်သုံးကောင် နည်းစနစ် ဆိုတာကို ပထမဆုံး အကြိမ်ကြားဖူးတာပဲ"

ဒီမွန်းစတားမြေခွေးရဲ့ ဆရာ က ဒီကျင့်ကြံခြင်းနဲ့ ပတ်သက်တဲ့ဇစ်မြစ် မေးခွန်းတွေကို ရှောင်ရှားခဲ့တယ် ဟုတ်လား။

ရူဟန် က ခဏလောက်စဉ်းစားပြီးတဲ့နောက် အကြောင်းရင်းကို နားလည်သွားတယ်။

နတ်ဘုရားသားရဲ သုံးဆယ့်သုံးကောင် နည်းစနစ် က ရှေးကောင်းကင်ဘုံမြို့ရဲ့ နတ်ဘုရားသားရဲ ဌာနခွဲမှ ဆင်းသက်လာတဲ့ နည်းစနစ် တစ်ခုဖြစ်တယ်။ ကောင်းကင်ဘုံမြို့ ဖျက်ဆီးခံရပြီးတဲ့နောက် နတ်ဘုရားသားရဲ ဌာနခွဲက အသက်ရှင်ကျန်ခဲ့သူတွေက နတ်ဘုရားသားရဲ ဂိုဏ်းကို တည်ထောင်ခဲ့တယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Opowieści tętniące życiem. Odkryj je teraz