အပိုင်း (၁၀၄၁)

123 30 0
                                    


#Unicode


ရူဟန် .. မင်းလက် ငါ့ကို ခဏငှား။

စကြာဝဋ္ဌာ တစ်ခုလုံးရှိ ကျင့်ကြံသူတွေ က ကောင်းကင်ဘုံကပ်ဘေး ပင်လယ်ထဲမှာ ကြီးမားတဲ့ နျူကလီးယားဗုံးကြီးကို မြင်လိုက်ကြတယ်။ သူတို့မျက်နှာက ချက်ချင်းပဲ ပြောင်းလဲသွားကြတယ်။

ချီးတဲ့မှ .. ဒါ နျူကလီးယား ဗုံးကြီးလား။

ဒါပေမဲ့ အရမ်းကြီးလွန်းမနေဘူးလား။

စကြာဝဋ္ဌာတစ်ခုလုံးရှိ ကျင့်ကြံသူတွေ တုံ့ပြန်ချိန်တောင် မရလိုက်ပါဘူး။ ထိုအရာကြီးက တကယ်ပဲ ပေါက်ကွဲသွားခဲ့တယ်။

ဒီကောင်းကင်ဘုံကပ်လေး ရဲ့ နျူကလီးယားဗုံးက ရူဟန် တို့ ရင်ဆိုင်ခဲ့တဲ့ ဗုံးနဲ့မတူညီပါဘူး။ ရူဟန် တို့က လေယာဉ်နဲ့ ပစ်ချသလို ပစ်ချခံရတာဖြစ်ပြီး ဒီအရာကတော့ တစ်ခါတည်း သူ့ဘာသာ တိုက်ရိုက် ပေါက်ကွဲသွားတာ ဖြစ်တယ်။

ပြင်ဆင်ဖို့ အချိန်တောင်မရလိုက်ပါဘူး။ မြန်မြန်ဆန်ဆန်ပဲ ပေါက်ကွဲမှုက ကျယ်ပြန့်လာတယ်

နောက်တော့ သူတော်စင်မိန့်ခွန်း မြင်ကွင်းတစ်ခုလုံးက နီရဲသွားတယ်။ ပြီးတော ပေါက်ကွဲမှုတွေ ၊ အပူတွေ ကလွဲရင် ဘာတစ်ခုမှ မမြင်ရပါဘူး။

သူတော်စင်မိန့်ခွနး် မြင်ကွင်းထဲမှာ ရပ်နေတဲ့ တာအိုဘုန်းကြီး ဟော်ရီဇုံက အဆင်ပြေနေတယ်။ သူက ကောင်းကင်ဘုံကပ်ဘေး နယ်မြေမှာ ရှိနေတယ် ဆိုပေမဲ့ ကောင်းကင်ဘုံကပ်ဘေးက သူ့ကို မသက်ရောက် ပါဘူး။

ဒါပေမဲ့ သူ့နှလုံးသားကတော့ ကြောက်ရွံနေတယ်။

❄️❄️❄️

ကိုးစီရင်စု ဂရု ..

ဂရုထဲက တာအိုရောင်းရင်းတွေက တံတွေးမြိုချ လိုက်တယ်။

တကယ်ပဲ နျူကလီးယားဗုံးလား။ ပြီးတော ့ကြီးလွန်းတယ်။

"ဘာကြောင့်မှန်းမသိဘူး။ ငါက စီနီယာရှန့်ကုန်းကို ရုတ်တရက် သတိရသွားတယ်။ သူ အဆင့်ပြေဖို့ ငါမျှော်လင့်တယ်" သခင်လေး ဖီးနစ် သတ်ဖြတ်သူ က ပြောလိုက်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Donde viven las historias. Descúbrelo ahora