အပိုင်း (၁၀၀၆)

105 25 0
                                    


#Unicode


ငါ့ ရွှေပေါင်တွေ ပျောက်ကုန်ပြီ။

"မင်း သူ့ကို ထိန်းထားလား" ရူဟန် က မေးလိုက်တယ်။

သူသာ စီနီယာအဖြူကို မထိန်းထားနိုင်ရင် တကယ့် ပြဿနာ ပါပဲ။ ဒါက အကြီးအကဲ တစ်ယောက်ကို လှမ်းထိန်းထားရတာနဲ့ မတူပါဘူး ။ စီနီယာအဖြူ ပါ။ စီနီယာအဖြူကို မထိန်းလိုက်နိုင်ရင် ကပ်ဘေးကြီး ကျသွားနိုင်ပါတယ်။

"ငါ သူ့ကို အခု ထိန်းထားတယ် ဒါပေမဲ့ ပိုပြီး ကြီးတဲ ့ကိစ္စဖြစ်နေတယ်။. ဒါကြောင့် မင်း မြန်မြန်လာခဲ့ ကောင်းကင်ဘုံ .. စကားပြောတာ တော်ပြီ။ မြန်မြန်လာတော့" အသက်ခုနှစ်သက် အဆောင်ဆရာက စိတ်ပူစွာ နဲ့ ပြောလိုက်တယ်။

"ကောင်းပြီ။. ငါ လာခဲ့မယ်" ရူဟန် က ပြောလိုက်တယ်။

သူက ဇဝေဇဝါ ဖြစ်နေတယ်။ စီနီယာအဖြူ ကို ထိန်းထားနိုင်ပြီ ဆိုရင် ဘာစိတ်ပူစရာ ရှိသေးလို့လဲ။ စီနီယာ အဖြူ မြေပေါ်မကျဘူးဆိုရင် အဆင်ပြေတဲ့ ထိန်းပြီ အသာချ ထားလိုက်ပြီးတာပဲ မဟုတ်လား။

❄️❄️❄️

ဖုန်းချပြီးတဲ့နောက် ရူဟန်က ဆေးကုသဆောင်ကို အရင်ပြေးသွားလိုက်တယ်

ပြေးနေတုန်းမှာပဲ သူက စီနီယာအသက်ခုနှစ်သက် နဲ့ ပြောတဲ့ စကားတွေကို ပြန်နားထောင်လိုက်တယ်။ စီနီယာအဖြူက အာရုံပျောက်သွားတယ်။ ပြီးတော့ တံခါးပိတ် ကျင့်ကြံသွားတယ်။

နေပါအုန်း..

တံခါးပိတ် ကျင့်ကြံတာ

ဒီလို ဖြစ်နိုင်လား။

ရူဟန် က မကောင်းတဲ့ အာရုံကို ခံစားလိုက်မိတယ်။

သူ တကယ်ပဲ တံခါးပိတ်ကျင့်ကြံတာ ဆိုရင် အချိန်တို ကျင့်ကြံတာလား၊ အချိန်ကြာ ကျင့်ကြံတာလား။

အချိန်တိုပဲ ကျင့်ကြံတာ ဆိုရင် နာရီပိုင်းလောက်ပဲ ကြာမြင့်မှာပါ။ ဒါဆိုရင် အဆင်ပြေပါတာ်။ ဒါပေမဲ့ ကြီးမြတ်တဲ့အဖြု သာ နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံမယ် ဆိုရင် ကောင်းတဲ ကိစ္စ မဟုတ်ပါဘူး။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Onde histórias criam vida. Descubra agora