အပိုင်း (၁၀၁၁)

116 29 0
                                    


#Unicode


မင်းနဲ့ အလုပ်လုပ်ရတာ ကောင်းတယ်။ ငါတို့ ဒီတစ်ကြိမ်မှာ ကျိန်းသေပေါက် အောင်မြင်လိမ့်မယ်။

"မင်းတစ်ခုခု ရှာတွေ့ထားလို့လား" မိစ္ဆာနတ်ဘုရား နိဗ္ဗာန်က မေးလိုက်တယ်။

"လက်ရှိ ကောင်းကင်ဘုံကပ်ဘေး ရဲ့ လက်နက် ပုံသဏ္ဍာန်တွေက တဖြည်းဖြည်း ပြောင်းလဲ လာတယ်လို့ ငါခံစားမိတယ်။" ရူဟန် က ပြောလိုက်တယ် "လွန်ခဲ့တဲ့ ရက်အနည်းငယ် အတွင်းမှာ ငါ ကောင်းကင်ဘုံကပ်ဘေး ကျော်ဖြတ်တာ နှစ်ခုကို ငါ မြင်ခဲ့တယ်။ ပထမ တစ်ခုမှာ တုန်းက ကောငး်ကင်ဘုံကပ်ဘေး က အမြှောက် ပြောင်းဝကြီး ဖြစ်ပြီး မရပ်မနား ပစ်နေတာ။ ဒုတိယတစ်ခုကတော့ သေနတ်ပြောင်းဝလို ဆင်တူတဲ့ ရှည်ရှည်ပိန်ပိန် ပိုက်ချောင်းကြီး ဖြစ်ခဲ့တယ်။"

"ဒီလိုကိစ္စမျိုး ရှိလား။ နေအုန်း" ပြောပြီးတဲ့နောက် မိစ္ဆာနတ်ဘုရားက နောက်လှည့်ပြီး ဖုန်းကို ထုတ်ယူကာ ဖုန်းခေါ်ဆိုမှုတွေ ပြုလုပ်နေတယ်။

ဖုန်းတွေ ပြောနေစဉ်မှာ မိစ္ဆာနတ်ဘုရားက စကားပြောပုံသုံးမျိုးကို အသုံးပြုခဲ့တယ်။

လေးခုမြောက်ဖုန်းခေါ်ဆိုပြီးတဲ့နောက် မိစ္ဆာနတ်ဘုရားက နောက်တစ်ကြိမ် လှည့်ပြီး ပြောလိုက်တယ် "ငါ လွန်ခဲ့တဲ့ နှစ်လ အတွင်း ကပ်ဘေးကျော်ဖြတ်ခဲ့တဲ့ တာအိုရောင်းရင်း နှစ်ယောက် ကို ဆက်သွယ်ကြည့်လိုက်တာ။ ပြီးတော့ သူတို့ တပည့်တွေကိုပါ ဆက်သွယ်ကြည့်တယ်။ ဒါပေမဲ့ သူတို့ကပ်ဘေးတွေက ဘာတစ်ခုမှ မပြောင်းလဲဘူးလို့ ပြောတယ်။ နောက်ပိုင်းမှာ ကောင်းကင်ဘုံကပ်ဘေးက အနည်းငယ် ပြောင်းလဲလာတယ်လို့ဖေတာ့ ပြောကြတယ်။ ကြည့်ရတာ ငါလည်း အစီအစဉ် အနည်းငယ် ပြောင်းမှ ဖြစ်မယ်။ ငါ ဇီဝလက်နက် ကိစ္စကို အရင် ရှင်းရမယ်။ပြီးရင် မင်းဆီလာခဲ့မယ်။ နောက်အကျဆုံး နက်ဖြန်နေ့လည်လောက် မင်းဆီလာမယ်။ တုလန် .. မင်းလည်း ဂျင်နန်မှာပဲ နေလိုက်" ကောင်ကင်ဘုံကပ်ဘေးက ပုံစံ ပြောင်းသွားပြီလား။ ဒီလောက် စိတ်လှုပ်ရှားစရာကောင်းတဲ ့ကိစ္စ မရှိတော့ဘူး။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Donde viven las historias. Descúbrelo ahora