အပိုင်း (၁၀၃၆)

117 25 0
                                    


#Unicode


သူတော်စင် ချန်ယွင်ဇီ က တူနှစ်ကိုယ် ကျင့်စဉ် အကြောင်း ပြောတော့မလို့လား။

ကံကြမ္မာကို ပြသရာမှာ ခေါင်းပေါ်လက်တင် ၊ ဆောင့်ကြောင့် ထိုင်ကာ သူရဲဘောကြောင်သူ တစ်ယောက်လို ဖြစ်ခဲ့ရတယ်ဆိုပေမဲ ့သူ့အတွက် တော့ ဘာမှမဟုတ်ပါဘူး။ ကျင့်ကြံသူ တစ်ယောက် အနေနဲ့ အမြင်ကျယ်သင့်တယ်လို့ သူက ထင်တယ်။ ဒီလို သူရဲဘောကြောင်တဲ ့အပြုအမူကိုတောင်မှ လက်မခံနိုင်ရင် ဘယ်လိုဖြစ်ပြီး သူတို့ကျင့်ကြံကြမလဲ။

... ဟုတ်ပါတယ်။ ချန်ယွင်ဇီ လို သူများ နဲ့ ခွဲထွက်နေတဲ့ အကျင့်စရိုက် ပိုင်ဆိုင်သူ မျိုးနဲ့ တူညီတဲ့သူမျိုး ဆိုရင်တော့ ဟုတ်ပါလိမ့်မယ်။

ပြီးနောက် ချန်ယွင်ဇီ က ခေါင်းမော့လိုက်ကာ ကောင်းကင်ကြီးကို ကြည့်လိုက်တယ်။ သူရဲ့ ယုံကြည်မှုတွေက တဟုန်းဟုန်း နဲ့ တောက်ပနေတယ်။ အသက်ခုနှစ်သက် အဆောင်ဆရာ နဲ့ ယှဉ်ရင် သူက တော်တော်ကြီး သက်တောင့်သက်သာ ရှိလှတယ်။

နောက်တော့ သူ့ခန္ဓာကိုယ်က တုန်ရီသွားတယ်။

[သူတော်စင် မိန့်ခွန်း စတင်ပါပြီ။]

စကြာဝဋ္ဌာ တစ်ခုလုံးမှာ ရှိတဲ့ ကျင့်ကြံသူတွေ ရဲ့ အကြည့်က ချန်ယွင်ဇီ ဆီကို ရောက်သွားတယ်။

ဒီနေ့က နှစ်တစ်ထောင် အတွင်း ကောင်းကင်ဘုံကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့တဲ့ သူတော်စင် တွေအတွက် အပျော်ရွှင်ရဆုံးနေ့ ဖြစ်လိမ့်မယ်။

ပြီးတော့ ကျင့်ကြံသူတွေ က နက်နဲလှတဲ့ သူတော်စင် မိန့်ခွန်း နှစ်ခုကို နားဆင်ခဲ့ကြပြီးပါပြီ။ တစ်ခုက ဗုဒ္ဓကျမ်းစာ ဖြစ်ပြီး တစ်ခု က တာအိုကျမ်းစာ ဖြစ်ကာ နှစ်ခုလုံးက အဆင့်အတန်း မြင့်မားကြတယ်။ ကျင့်ကြံသူတွေ အားလုံး က လက်ကျန် သူတော်စင် နှစ်ယောက် ဆီကလည်း အများကြီး မျှော်လင့်ထားကြတယ်။

ချန်ယွင်ဇီ က သူ့ဆံပင်တွေကို နောက်ဘက်ပို့လိုက်ပြီး လည်ချောင်းရှင်းလိုက်တယ်။

ဒီအချိန်မှာပဲ ရူဟန် ရဲ ့အရွယ်အစား လျော့ချြုခင်း ပိုက်ဆံအိတ် က အဆင့်မြင့် ရုပ်သေး က မေးလိုက်တယ် "မင်း စာအုပ်လိုချင်လား။ သူတော်စင် မိန့်ခွန်းနဲ့ ပတ်သက်ပြီး ဒီစာအုပ်က မင်းကို ကူညီပေးလိမ့်မယ်။ မူပိုင်ခွင့်လည်း စိတ်မပူရဘူး။ လိုချင်လား"

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Donde viven las historias. Descúbrelo ahora