အပိုင်း (၉၇၄)

119 30 3
                                    


#Unicode


ငါတို့ထဲမှာ သစ္စာဖောက်ရှိတယ်။

အချိန်တွေ ကုန်လွန်သွားတယ်။ တစ်မိနစ်ပြီး တစ်မိနစ် .. တစ်စက္ကန့်ပြီး တစ်စက္ကန့် ...

စီနီယာအဖြု က ပြန်မလာသေးပါဘူး။

လာမီယာ နဲ့ တိုက်ခိုက်ရေး သားရဲ တို့က ဘေးချင်းယှဉ်ထိုင်ပြီး ရူဟန် က မမြင်ရတဲ့ဓားမော့ပိုးကောင် အား ကြမ်းကြမ်းတမ်းတမ်း ရိုက်နှက်နေတာကို ကြည့်နေတယ်။

မမြင်ရတဲ့ ဓားမော့ပိုးကောင် က သဘောတကျ နဲ့ အသံတွေ ထွက်နေတယ်။

"၁၁၁၁" ရူဟန်က တစ်ထောင့်တစ်ရာတစ်ဆယ့်တစ်ချက် မြောက် ရိုက်နှက်မှုကို ထုတ်ဖော်လိုက်တယ်။

ချီးတဲ့မှ .. ငါမခံနိုင်တော့ဘူး။ သူ့မရီဒန် ထဲက နာကျင်မှု က ပိုပိုတိုးလာတယ်။ မရီဒန် ထဲက ထုတ်ေဖော်နိုင်တဲ့ စွမ်းအင်တွေက တဖြည်းဖြည်း နည်းနည်းလာတယ်။ သူက အခု အရမ်း မောပန်းနေပါပြီ။

ဒါပေမဲ့ ဒီအချိန်မှာပဲ မမြင်ရတဲ့ဓားပိုးကောင် က ရုတ်တရက ်အသွင်ပြောင်းသွားတယ်။ ဓားမော့ ခန္ဓာကိုယ် က ဖြောင့်စင်းသွားပြီး လှပတဲ့ ၁၁၁၁ ဓားမော့ အမြှောင်းတွေ က သူ့ကိုယ်ပေါ်မှာ ရှိနေတယ်။ တစ်ခုချင်းစီ တိုင်းက ရူဟန် ရိုက်နှက်ထားတဲ့ အရာတွေ ကြီးပါပဲ။

အသစ်မွေးဖွားလာတဲ့ ဓားမော့ ပိုးကောင် က ရတနာ ဓားမော့ တစ်ခု ဖြစ်တယ် ဆိုရင် လက်ရှိအကောင် က တော့ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းပြီး အကြိမ်တစ်ရာ လောက် သွန်းလုပ်ထားတဲံ ထက်မြတဲ့ ဓားမော့ တစ်ခု ဖြစ်နေပါပြီ။

မမြင်ရတဲ့ ဓားမော့ပိုးကောင် က ဆက်မရိုက်ခိုင်းတော့ပါဘူး။ ပျော်ရွှင်စွာ အော်ဟစ်နေတယ်။

ရူဟန်က ဆက်မရိုက်တော့ မမြင်ရတဲ့ ဓားမော့ပိုးကောင် ရဲ့ ခန္ဓာကိုယ်က ကြည်လင်ပြီး နောက်ဆုံးမှာ ပျောက်ကွယ်သွားတယ်။

သူ့သခင်ဖြစ်တဲ့ ရူဟန် တောင်မှ သာမာန်မျက်စိနဲ့ မမြင်ရတော့ပါဘူး။ တစ်စုံတစ်ယောက်က သူ့ကို မြင်ချင်တယ်ဆိုရင် အမြင်အာရုံနဲ့ ဆိုင်တဲ့ အထူးနည်းစနစ် ကို လေ့ကျင့်ထားတာပဲဖြစ်ဖြစ် ဒါမှမဟုတ် မြင့်မားတဲ့ အဆင့် ကိုရောက်မှ ဖြစ်ပါလိမ့်မယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Where stories live. Discover now