အပိုင်း (၁၀၇၆)

116 36 0
                                    


#Unicode


ငါ့အစား သူစားသွားတယ်။

မြေအောက်နက်နက် ထဲက မိစ္ဆာနတ်ဘုရား နိဗ္ဗာန်ရဲ့ စမ်းသပ်ခန်းမှာတော့ ကြီးမားတဲ့ တည်နေရာကြီးတစ်ခုက အားလုံးရှေ့မှာ တည်ရှိနေတယ်။

ဒါပေမဲ့ မြေအောက်စမ်းသပ်ခန်းကြီးက တစ်ဝက်တစ်ပျက် စွန့်ပစ်ထားတာ ဖြစ်ပုံရပြီး အထဲက ပစ္စည်းတွေက အသုံးမပြုတာ ကြာမြင့်နေပြီ ဖြစ်တာကြောင့် တော်တော်ကြီး ဟောင်းနွမ်းနေတယ် ။

သိပ္ပံနဲ့ နည်းပညာ တိုးတက်လာတာနဲ့ အမျှ မြေအောက်တည်နေရာတွေက ဆက်တိုက်ပဲ ပေါ်လွင်လာတယ်။ ဒီစမ်းသပ်ခန်းက မြေအောက် အနက်ကြီးမှာ ရှိတယ်ဆိုပေမဲ့ သာမာန်လူတွေက မကြာခင်မှာ သတိပြု ရှာတွေ့သွားမှာ ဖြစ်တယ်။

"အစီအရင်တွေမှာ ကောင်းမွန်တဲ့ တာအိုရောင်းရင်းတို့ .. ကျေးဇူးပြုပြီး ငါ့ကို အကာအကွယ ်အစီအရင်ကို ပြန်လည်စီရင်ပေးကြပါ" မိစ္ဆာနတ်ဘုရား နိဗ္ဗာန်က ပြောလိုက်တယ် ။

အကာအကွယ် အစီအရင်မှာ ကျွမ်းကျင်တဲ့ အစစ်အမှန ်နတ်ဘုရား တောင်ဝါကြီး ၊ ထာဝရမီး ၊ ကြီးမြတ်တဲ့ စိတ်ဝိညာဉ် လိပ်ပြာ နဲ့ ခုနှစ်ယောက်မြောက် ကြီးမြတ်သူ အစစ်အမှန် သီလ တို့က အသီးသီး ခေါင်းညိတ်လိုက်တယ် "ငါ့တို့ ကိစ္စလို့ ထားလိုက်"

ပြီးနောက် မိစ္ဆာနတ်ဘုရား နိဗ္ဗာန်က မေးလိုက်တယ် "သူငယ်ချင်းလေး ရူဟန် .. လိုက်ဒုံးကျည်တွေ ရဲ ့ပေါက်ကွဲမှု အားအင်က ဘယ်အဆင့်လောက် ရှိလဲ"

"သန္ဒေပြောင်း ကောင်းကင်ဘုံကပ်ဘေးရဲ့ လိုက်ဒုံးကျည်တွေ စွမ်းအားက အဆင့်ခုနှစ် အထက်မှာ ရှိတယ်။ ဒါက ခေတ်မီ နည်းစနစ် နဲ့ ကောင်းကင်ဘုံကပ်ဘေး စွမ်းအား တွေ ပေါင်းစပ်ထားတာ ဖြစ်တယ်" သူက လျှို့ဝှက် နည်းစနစ် ကနေ သူရရှိထားတဲ့ သတင်းအချက်အလက် တွေကို ပြောပြလိုက်တယ် ။

ခုနှစ်ယောက်မြောက် ကြီးမြတ်သူ သီလ က ပြောလိုက်တယ် "အဆင့်ခုနှစ်ထက် သာတဲ့ စွမ်းအားလာ။။ ဒါဆိုရင် တာအိုရောင်းရင်း တောင်ဝါကြီး ၊ တာအိုရောင်းရင်း ထာဝရမီး ၊ တာအိုရောင်းရင်း ဖောအောက် ၊ တာအိုရောင်းရင်း ရှေးဟောင်းကန်တို့ ငါ့ကို ကူညီပြီး ပြည့်စုံတဲ့ အဆင့်ခုနှစ် အကာအကွယ် အစီအရင်ကို ဆွဲကြရအောင်။"

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Donde viven las historias. Descúbrelo ahora