အပိုင်း (၁၀၄၇)

122 21 0
                                    


#Unicode


ဓားမော့ကျင့်ကြံခြင်း ... ဓားမော့ကို ပျံသန်းစေလိုက်။

ဒါကြောင့် သစ်ပင်လေး ဆီက ရင်းနှီးသက်ဝင်တဲ့ အော်ရာတွေ ထွက်ပေါ်နေတယ် ဆိုရင်တောင်မှ ရူဟန်က သတိတော့ ထားနေတယ်။

သူက အမဲရောင်ကြာပန်းတွေကို လှမ်းတက်ပြီး သစ်ပင်လေး ဘေးကို ရောက်ရှိလာတယ်။ ပြီးနောက် သစ်ကိုင်းဘောပင်ကို ယူကာ သစ်ပင်လေး ရဲ ့ခန္ဓာကိုယ်ဆီ ညွှန်လိုက်တယ်။

အင်း. ငါဘာရေးရမှာလဲ။ ဒါက ရူဟန် အတွက် ပထမဆုံး ရေးပေးရခြင်းပါ။

တာအိုနာမည်ကို ရေးလိုက်ရမလား။ ဒါပေမဲ့ သူ့မှာ တာအိုနာမည် ခြောက်ခုတောင် ရှိနေပါတယ်။ ဘာရေးရင် ကောင်းမလဲ။

သူတော်စင်စည်းမှာ ပေါ်နေတဲ့ ဗိုလ်ကျသူစွန်း ဆိုတဲ့ စာလုံးကို ပဲ ပြန်ရေးပေးလိုက်ရမလား။

ကောင်းပြီ.။ ဆုတောင်းတစ်ချို့ထည့်ရေးလိုက်တာ ပိုကောင်းမယ်။ ပြီးတော့ သစ်ပင်လေးက သူ့ကို ပထမဆုံး လက်ရေးစာ ရေးခိုင်းသူ ဖြစ်တယ်လေ

ဒါကြောင် ့ရူဟန်က မေးလိုက်တယ် "မင်း နာမည် ဘယ်လိုခေါ်လဲ"

သစ်ပင်မွန်းစတားလေး က ပျော်ရွှင်စွာ ပြောလိုက်တယ် "မိရုရု .. ငါ့ နာမည်က မိရုရု"

ဒီနာမည်မျိုးက အရှေ့တိုင်း နာမည်မျိုး မဟုတ်ဘူး။ သစ်ပင်လေး က အနောက်တိုင်းက မွန်းစတားဖြစ်မယ်။

ခဏလောက် တွေးကြည့်ြ့ပီးတဲ့နောက် ရူဟန်က ဘောပင်ကို မြောက်ပြီး ရိုးရှင်းတဲ့ ဆုတောင်းစာကို ရေးပေးလိုက်တယ်။ 'မိရုရု က ကြီးထွားရင့်သန်ပြီး သက်သာတဲ့အနာဂတ်ကို ရရှိပါစေလို့ ငါဆုတောင်းတယ်'

ပြီးတော့ သူမ က မွန်းစတား သစ်ပင်ဖြစ်တာမို့ ဒီလို ဆုတောင်းက ပိုပြီး လိုက်ဖက်တယ် ။ ဟုတ်တယ်မလား။

စာတွေ ရေးပြီးတဲ့နောက် ရူဟန်က ဘောပင်ကို မြှောက်ပြီး သူ့တာအိုနာမည်ကို ရေးပေးလိုက်ဖို့ ပြင်လိုက်တယ်။ ဒါပေမဲ့ ဒီအချိန်မှာပဲ သူ့ကိုယ်ထဲက သူတော်စင်စည်းက လက်ထဲမှာ ရုတ်တရက် ပေါ်လာတယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Donde viven las historias. Descúbrelo ahora