အပိုင်း (၁၀၀၉)

108 25 0
                                    


#Unicode


ကောင်းကင်ဘုံကပ်ဘေး က ပြောင်းလဲသွားပြီ။

ရူဟန် က ဒီမြင်ကွင်းကို ကြည့်ပြီး ဘာပြောရမှန်း မသိဘူး ဖြစ်နေတယ်။

ဒီသခင်လေး ဆိုသူ က ဘယ်လိုဖြစ်ပြီး အဆင့်ငါး ထိတောင် ကျင့်ကြံလာနိုင်တာလဲ။ ပြီးတော့ သူက အဆင့်ခြောက်ကို တောင်မှ ချိုးဖျက်တော့မယ်တဲ့။ ဒီလို ရိုးရှင်းတဲ့ စိတ်ထား ရှိသူတွေ အားလုံးက မြန်မြန်ပဲ ကျင့်ကြံလို့ ရနိုင်တာလား။

ဒီအချိန်မှာပဲ ရိုးရှင်းပုံရတဲ့ အစေခံက တောက်ပစွာ ပြုံးပြိး အဝေးဆီမှ ရူဟန်ကို ကြည့်လိုက်တယ်]

ပြီးနောက် သူက ဂီတ ပညာရှင်တွေကို နောက်ဆုတ်ဖို့ ကျွမ်းကျင်စွာ ခိုင်းလိုက်တယ်။ ပြီးနောက် ပန်းနည်းစနစ် ကိုလည်း ရုတ်သိမ်းလိုက်တယ်။ ဖြစ်စဉ်တစ်ခုလုံးက အစမ်းလေ့ကျင့်ခဲ့သလိုပါပဲ။

ဒါပေမဲ့ ပြုံးနေတဲ့ ရိုးရှင်းတဲ့ မျက်နှာ နဲ့ လူက ချက်ချင်း ဆိုသလိုပဲ မျက်နှာ ပျက်သွားတယ်။

❄️❄️❄️ ]

ရူဟန်က အင်မော်တယ်လှေကို ပြန်မောင်းလိုက်တယ်။ ဒီသခင်လေး ဆိုသူက အင်မော်တယ်ဘိုင်ဇူးကို ချစ်ရေးဆိုတာ လက်လျော့ပြီး ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ဆတယ်။ ဒါက ရူဟန် အတွက် ကောင်းမွန်တဲ့ ကိစ္စပါပဲ။ သူက အင်မော်တယ်လှေကို မောင်းနှင်ပြီး တာအိုဘုန်းကြီး ဟော်ရီဇုံ ဆီ ဦးတည် နိုင်ပါပြီ။

ရူဟန် က အတွေးနက်နေတုန်းမှာပဲ ချစ်စရာ အသံတစ်ခု က ရုတ်တရက် သူ့နောက်ဆီမှ ထွက်ပေါ်လာတယ် "ငါ့လမ်းကဖယ်လိုက်။ ရှေ့က အင်မော်တယ်လှေ မြန်မြန်ဖယ်"အသံက အဝေးမှ လာတာ ဖြစ်တယ်။. ဒါပေမဲ့ ဒီအသံကို တော်တော် ရင်းနှီးနေပါတယ်။

ရူဟန် က ခေါင်းလှည့်ပြီး နောက်ကို လှည့်ကြည့်လိုက်တယ် ။ လျှပ်စစ် စကူတာ တစ်စီးက မိန်းကလေး ဘိုင်ဇူး ရဲ့ အင်မော်တယ် လှေ ဆီကို ဦးတည်သွားတယ်။

"မကောင်းတော့ဘူး" ရူဟန် က ကျောရိုးတစ်ခုလုံး ထုံကျင်သွားတယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Where stories live. Discover now