အပိုင်း (၉၂၄)

124 31 3
                                    


#Unicode


အိပ်နေတုန်း အိမ်မက်ကောင်းမက် ဖို့ မျှော်လင့်တာ သာမာန်ပဲ မဟုတ်လား။

ချန်လင်းက အမွှာမွေးဖွားပြိး လိုင်ချီးကိုဖြစ်တည် စေတာက ရည်ရွယ်ချက် ကြောင့် ဖြစ်လိမ့်မယ်။ ဒါဆိုရင် သူမ က ဘာလုပ်ချင်တာလဲ။ ကြည့်ရတာ သူမ ဘာလုပ်ချင်တယ် ဆိုတာ သူမရဲ့ သခင် ကောင်းကင်ဆန္ဒ အုပ်စိုးသူ နဂါးကျား ကြီးတောင်မှ သိပုံ မပေါ်ဘူး။

ဒါပေမဲ့ လိုင်ချီး ရဲ့ ဖြစ်တည်မှု က တစ်ခုဝယ် တစ်ခု လက်ဆောင်ရသလိုမျိုး မရိုးရှင်းပါဘူး။ ချန်လင်းက အပျော်သဘောမျိုး အမွှာမွေးခဲ့မှာ မဟုတ်ပါဘူး။

"တာအိုရောင်းရင်း တို့ .. တခြားမေးခွန်း ရှိသေးလား ကောင်းကင်ဆန္ဒ အုပ်စိုးသူ နဂါးကျားကြီး က လိုင်ချီးရဲ့ မေးခွန်းကို ဖြေပြိးနောက် ထပ်မေးလိုက်တယ်။

"သမီး .. .သမီး ..သမီး" ရီစင့်က ရူဟန် ကိုယ်ထဲကနေ ထွက်လာပြီး ပြောလိုက်တယ် "လိုင်ချီါ် က အမွှာထဲက တစ်ယောက်ဆိုရင် သမီးကရော.. သမီးက ဘယ်သူလဲ"

"မင်းလား.. မင်းက ချန်လင်းရဲ့ သမီးပဲ" ကောင်းကင်ဆန္ဒ အုပ်စိုးသူ နဂါးကျားကြီး က ခပ်တည်တည် နဲ့ ပြောလိုက်တယ်။

"ဒီလိုလား" ရီစင့် က ခဏလောက် စဉ်းစားလိုက်တယ်။ ပြီးနောက် ခပ်တည်တည် နဲ့ ထပ်မေးလိုက်ပြန်တယ် "စီနီယာ .. အပိုင်းဆက်တွေ နဲ့ မရှင်းပြဘဲ တခါတည်း ပြောပြပါလား။ မပူနဲ့။ အမှန်တရား က ရက်စက်တယ် ဆိုရင်တောင်မှ သမီးက ငိုမှာ မဟုတ်ဘူး။ ခံနိုင်ရည် ရှိတယ်။"

"......"ကောင်းကင်ဆန္ဒ အုပ်စိုးသူ နဂါးကျား။

"ကောင်းပြီ။ မင်းရဲ့ အခြေအနေ က နည်းနည်းထူးခြားတယ်။ အရင်တုန်းက မင်း သေခါနီးဆဲဆဲ အခြေအနေမှာ ရှိနေတယ်။ ချန်လင်း သတိဝင်လာတဲ့ အချိန်မှာ မင်းရဲ့ ဝိညာဉ်အစိတ်အပိုင်းလေးပဲ ကျန်တော့တယ်။ သာမာန်နည်းလမ်းနဲ့ မင်းကို ကယ်တင်လို့ မရတော့ဘူး။ ဒါကြောင့် ချန်လင်းက သူမရဲ ့ကိုယ်ပိုသ် အစိတ်အပိုင်းတစ်ခုကို အသုံးပြုပြီး သူမ ရဲ့ အမတ လမ်းစဉ် နဲ့အတူ မင်းကို ပြန်လည် မွေးဖွားလိုက်တာ။ သူမ က သူမရဲ့ အစိတ်အပိုင်းကို အခြေခံအဖြစ် အသုံးပြုတယ်။ ပြီးတော့ မင်းရဲ့ ဝိညာဉ်အစိတ်အပိုင်း နဲ့ ပေါင်းစပ်လိုက်တယ်။ ဒါကြောင့် မင်းက သူမ သမီးဖြစ်သလို သူမရဲ့ အစိတ်အပိုင်းလည်း ဖြစ်တယ်။ မင်းက မင်းပဲ။ ချန်လင်း က မတူညီတဲ ့မျက်နှာသွင်ပြင်ရှိတယ်လေ။" ကောင်းကင်ဆန္ဒ အုပ်စိုးသူ နဂါးကျား က ပြောလိုက်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Hikayelerin yaşadığı yer. Şimdi keşfedin