အပိုင်း (၁၀၁၆)

117 26 0
                                    


#Unicode


အခု ပွဲတော်တည်ဖို့ အချိန်ကျပြီ။

ဒေါင်ဖန်းခြောက် က ဆေးဆရာ ဝယ်ယူထားတဲ့ တိုက်ခန်းဆီကို ရောက်တော့ ရူဟန် က အိမ်ပြတင်းပေါက်ဝ က နေပြီး သူမ အလာကို စောင့်နေတာကို မြင်လိုက်ရတယ်။ ရူဟန် ရဲ့ မျက်နှာက ပျက်ယွင်းနေပြီး ကြီးမားတဲ့ တိုက်ခိုက်မှုကြီး တစ်ခုကို ခံယူခဲ့ရပုံ ပေါ်တယ်။

"သူငယ်ချင်းလေး ရူဟန်.. မင်း အဆင်ပြေရဲ့လား" ဒေါင်ဖန်းခြောက် က စိတ်ပူစွာနဲ့ မေးလိုက်တယ်။ ရူးနေတဲ့ ကြိုးကြာဖြူ က သူ့ကို ရိုက်နှက်ခဲ့လို့လား။

"ငါ အဆင်ပြေတယ်" ရူဟန်က နာနာကျင်ကျင် ပြုံးလိုက်တယ်။

"အစစ်အမှန် နတ်ဘုရးာ ကြိုးကြာဖြူ ဘယ်လိုလဲ" ဒေါင်ဖန်းခြောက် က မေးလိုက်တယ်။ ဒါပေမဲ ့သူမ အသံ ထွက်ပေါ်လာချင်းချင်း မှာပဲ အလင်းဘောလုံးတစ်ခုက ရုတ်တရက် ပေါ်လာပြီး သူမ မျက်နှာကို လာရောက် ထိမှန်တယ်။

နောက်တော့ သူမ က တကို်ယ်လုံး နေသာထိုင်သာ ရှိသွားတယ်လို့ ခံစားလိုက်ရတယ်။ သူမ က လန်းဆန်းသွားတယ်။

သူမ က လှမ်းကြည့်လိုက်တော့ ပထမထပ် ပြတင်းပေါက် ဆီမှ အတောင်ပံတွေကို ခတ်ရင်း ကုသခြင်း နည်းစနစ် နဲ ့တိုက်ခိုက်နေတဲ့ ကြိုးကြာဖြူကို မြင်လိုက်ရတယ်။

"......." ဒေါင်ဖန်းခြောက်။

သူမ က ဆွံ့အနေချိန်မှာပဲ ကြိုးကြာဖြူ က နောက်ထပ် ကုသခြင်း စွမ်းရည် ခြောက်ခုကို ပစ်လွှတ်လိုက်ပြန်တယ်။

တစ်ချိန်တည်းမှာပဲ ရူဟန် ဆီကိုလည်း ကုသခြငး် စွမ်းရည် ခြောက်ခုက ရောက်ရှိလာတယ်။

တစ်စက္ကန့်ကို ကုသခြင်း စွမ်းရည် ဆယ့်နှစ်ခု ၊ တစ်ယောက်ကို ခြောက်ခု ၊ ကြည့်ရတာ တော်တော်ကြီး တရားမျှတပုံရတယ်။ ကြီးမြတ်တဲ ့အင်ပါယာက လူတိုင်းကို ညီတူညီမျှ ဆက်ဆံတယ်လေ။

တစ်စက္ကန့်လောက်ကြာတော့ ဒေါင်ဖန်းခြောက် နဲ့ ရူဟန် တို့က ကုသခြင်း နည်းစနစ် ရဲ ့ရောင်စဉ်တွေထဲမှာ လုံးဝ လွှမ်းခြုံခံလိုက်ရတယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Tempat cerita menjadi hidup. Temukan sekarang