အပိုင်း (၉၉၁)

112 27 0
                                    


#Unicode


ကောင်းကင်မြေတွေ။

သိပ္ပံနဲ့ နည်းပညာ ဖွံ့ဖြိုးတိုးတက် လာတာနဲ့ အမျှ တိုက်ခိုက်ရေး အင်အားတွေ အပြင် သတင်းအချက်အလက် စုဆောင်းခြင်း က ခေတ်သစ်စစ်ပွဲတွေမှာ အရမ်း အရေးကြီးတဲ့ ကိစ္စတစ်ခု အဖြစ် ဖြစ်တည်လာတယ်။

တစ်ဖက်ရဲ့ သတင်းအချက်တွေသာ အခြားတဘက်ဆိ ရောက်ရှိသွားမယ်ဆိုရင် ကျိန်သေပေါက် ပြင်းထန်တဲ ့အပြစ်ပေးခြင်းကို ခံရမှာပါ။

ဒီမိစ္ဆာကျင့်ကြံသူတွေ က သူတို့ ရခဲ့တဲ့ သတင်းအချက်အလက်တွေကို အလွန်ပဲ ယုံကြည်တယ်။ ဒါပေမဲ့ သူတို့ရရှိထားတဲ့ သတင်းတွေက ကြီးမြတ်တဲ့ စိတ်ဝိညာဉ်လိပ်ပြာ လွင့်ထားတဲ့ သတင်းအမှားတွေ ဖြစ်လိမ်မယ်လို့ မထင်မိကြပါဘူး။ ဒါက တော်တော်ကြီး ဆိုးရွားတဲ့ အခြေအနေ ပါပဲ.။

မိစ္ဆာကျင့်ကြံသူတွေ က ချူမိသားစုကို ကျုးကျော်တိုက်ခိုက်ဖို့ ပြည့်စုံလုံလောက်တဲ့ အခွင့်အရေးကို ရရချင်း တိုက်ခိုက်မှာပါ။ ဒါဆိုရင် ကြီးမြတ်တဲ့ စိတ်ဝိညာဉ်လိပ်ပြာ က သူ့သမီးကို ခေါ်လာပြီး သင်ခန်းစာ ကောင်းကောင်း ပေးမှာအပါ။

ဒါက အဆင့်ခုနှစ် ကြီးမြတ်သူ တစ်ယောက် ဆီက ရတဲ့ သင်ခန်းစာ လက်ဆောင်ပါ။ ထိုက်တန်ပါတယ်။

❄️❄️❄️

ဒီအတောအတွင်း ရူဟန် က နေ့လည်ထိ အိပ်ပျော်နေတယ်။

သူ နိုးလာချိန်မှာတော့ ရီစင့်နဲ့ မမြင်ရတဲ့ ဓားမော့ပိုးကောင်တို့က သူ့ဘေးနားမှာ မရှိတာကို တွေ့လိုက်ရတယ်။ ဒါပေမဲ့ တိုက်ခိုက်ရေး သားရဲကတော့ သူ့ညာဘက်ဘေးမှာ လဲလျောင်းနေတယ်။ ဒီပုံစံကို သားရဲက တော်တော်ကြီး အကြိုက်တွေ့နေပုံပေါ်တယ်။ သူက ရူဟန် ရဲ့ ခြေသလုံးကိုဖက်ထားတာ ဖြစ်တယ်။

ကြွက်သားတွေနဲ့ သားပိုက်ကောင် က ဒီလို အိပ်ရတာကို တကယ်ပဲ ပီတိသောမနဿ ဖြစ်နေပုံရတယ်။

အိပ်ရာ က ကျဉ်းနေတယ်လို့ ရူဟန်ကခံစားနေရတာ အံသြစရာ မဟုတ်တော့ပါဘူး။ ကြည့်ရတာ ဒီအကောင် က သူနဲ့ အတူ လိုက်အိပ်တာ ဖြစ်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Where stories live. Discover now