အပိုင်း (၁၀၂၇)

113 26 0
                                    

#Unicode


ဒီကမ္ဘာကြီးမှာ ဘယ်သူ ငါ့ကို မသိတာလဲ။

ရူဟန် က ဇဝေဇဝါ ဖြစ်သွားတယ်။ ပထမတုန်းက သူက သေခါနီး စိတ်ကယောက်ကယက် ဖြစ်ပြီး နားကြားမှားတာ လို့ ထင်လိုက်တယ်။ ဒါပေမဲ့ ဆန်းကြယ်ကုန်သည် ဆိုတဲ့ နာမည်ကို ကြားတော့ သူ က သတိဝင်လာတယ်။

ခုနှစ်ယောက်မြောက် ကြီးမြတ်သူ သီလ က သူ့ကို ဆန်းကြယ် ကုန်သည် အကြောင်း ပြောပြခဲ့ဖူးတယ်။ အာကာသ ကို သွားတဲ့ တစ်လခရီးမှာ ကြီးမြတ်သူကြီးက ဆန်းကြယ် ကုန်သည် နဲ့ တွေ့ရင် ဝယ်နို်င်ဖို့ စိတ်ဝိညာဉ် ကျောက်တုံးတွေကို ပြင်ဆင်နေတာ သူမြင်ခဲ့ရတယ်။

ရူဟန် ရဲ့ မူလ ရည်ရွယ်ချက်က လီရင်ကျူး ကို ကုသပေးနိုင်တဲ့ ဆေးကို ဝယ်ချင်တာပါ။ ဒါကြောင့်လည်း ကြီးမြတ်တဲ့အဖြူ ဆီက စိတ်ဝိညာဉ် ကျောက်တုံးတွေ ချေးငှားခဲ့တာ ဖြစ်တယ်။ ဒီလောက်များပြားတဲ့ စိတ်ဝိညာဉ် ကျောက်တုံးတွေ နဲ ့ဆိုရင ်သူက လီရင်ကျုး အတွက် ဆေးဝယ်ဖို ့စိတ်ပူစရာ မလိုတဲ့အပြင် ပိုနေပါက စိတ်ဝင်စားစရာ ကောင်းမယ့် ပစ္စည်းတစ်ချို့ကို ဝယ်ယူနိုင်လိမ့်မယ် လို့ တွေးထားခဲ့ တယ်။

ခုနှစ်ယောက်မြောက် ကြီးမြတ်သူ သီလ က သူ့ကို မဆက်သွယ်ခဲ့တာကြောင့် တစ်ဖက်လူကို ဘယ်မှာ ရှာရမှန်းမသိ ရူဟန်က ဖြစ်ခဲ့တယ်

ဒါပေမဲ့ အခု ဆန်းကြယ်ကုန်သည်က ရူဟန် ကောင်းကင်ဘုံကပ်ဘေးနယ်မြေမှာ ရှိနေတုန်း သူ့ဘာသာ ဆက်သွယ်လာခဲ့တယ်။

ရူဟန်က သူ့ရဲ့ အတွင်းကမ္ဘာတောင်မှ ဆက်သွယ်လို့ မရချိန်မှာ ဆန်းကြယ် ကုန်သည်ကတော့ သူ့ကို ဆက်သွယ်လာတယ်။

ဒီလူက ဘယ်လိုလူမျိုးလဲ။

အဆင့်ကိုးကပ်ဘေးလွန်အဆင့် တောင်မှ ဒီလို လုပ်နိုင်မှာ မဟုတ်ပါဘူး။ တစ်ဖက်လူက အင်မော်တယ် များလား။

အတွေးတွေ က ရူဟန် စိတ်ထဲမှာ ရှုပ်ယှက်ခပ် နေတယ်။ ဒါပေမဲ့ သူက မစဉ်းစားတော့ပါဘူး။ ဖြုန်းလို့မရတဲ့ အထဲမှာ အချိန်လည်း ပါတယ်လေ။

"စီနီယာ .. ကောင်းကင်ဘုံကပ်ဘေးကို ကျော်ဖြတ်နို်င်မယ့် ရတနာတစ်ခု ငါလိုချင်တယ်" ရူဟန်က မြန်မြန်ပြောလို်က်တယ် "ဖြစ်နိုင်ရင် မြန်မြန် စီနီယာ .. မဟုတ်ရင် ငါ ကောင်းကင်ဘုံကပ်ဘေးနယ်မြေမှာ ငါသေတော့မယ်"

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Where stories live. Discover now