အပိုင်း (၉၀၂)

124 29 1
                                    


#Unicode


ငါ ယွမ် ဒါမှမဟုတ် အမေရိကန် ဒေါ်လာ ပဲ လက်ခံတယ်။

ဒါပေမဲ့ ပိုပြီး အရေးကြီးတာက ဒီဒုစရိုက်ကြာပန်းစေ့ကို ယူပြီးတဲ့နောက် ဘာလို့ သူက ရုတ်တရက် ထစားပစ်လိုက်ရတာလဲ။

ခုချိန်မှာ ရူဟန် က ကျင့်ကြံခြင်းကမ္ဘာက ပစ္စည်းတွေနဲ့ပတ်သက်ပြီး တော်တော်ကြီး သတိရှိနေပါပြီ။ ဒါပေမဲ့ ဒုစရိုက်ကြာပန်းစေ့ကို လက်ထဲရပြီးချိ်န်မှာ သူက ဘာမှမတွေးဘဲ တစ်ခါတည်း မျိုချလိုက်မိတယ််။

သူက စီနီယာအဖြူ ကို ယုံကြည်လို့များလား။ ဒါကြောင့် ဒီစီနီယာအဖြူ နှစ် ကိုပါ ရောပြီး ယုံကြည်နေတာလား။

မဟုတ်ဘူး။ မဖြစ်နိုင်ဘူး။ စီနီယာအဖြူ က စီနီယာအဖြူ ဖြစ်ပြီး စီနီယာအဖြူနှစ် က စီနီယာအဖြူနှစ်ပါ။ ရူဟန်က ဒါကို ရှင်းလင်းပြီးသားပါ။

ဒါဆိုရင် ဒုစရိုက်ကြာပန်းစေ့ ရဲ့ မွှေးရနံ့ကြောင့်များလား။ ဒါကြောင့် အဆာငတ်နေသူ လက်ထဲကို အစာရသွားသလို ဖြစ်သွားတာနေမယ်။

ဘာပဲဖြစ်ဖြစ် သူက သတိလက်လွတ်ပြုလုပ်မိတယ်လို့ ခံစားလိုက်မိတယ်။

"ရူဟန် .. အဟင့်..အဟင့် .. မင်းအဆင်ပြေရဲ့လား။ အဟင့်..အဟင့်" ဒီအချိန်မှာပဲ စီနီယာအစ်မရီ က အားရပါးရ ထငိုလိုက်တယ်။

မိစ္ဆာကြွက်ဖြူ က ခဏတာ ဆွံ့အသွားတယ်။ တွေဝေနေတဲ့ ရူဟန်နဲ့ ရုတ်တရက် ထငိုတဲ့ ရီစင့်ကို ကြည့်လိုက်တယ်။ ပြီးနောက် စိုးရိမ်စွာနဲ့ လှမ်းမေးလိုက်မိတယ်။ "ဟေး.. မင်းအဆင်ပြေရဲ့လား

ဒုစရိုက်ကြာပန်းစေ့က တစ်ခုခု မှားနေတာလား။ ဒါကြောင့် ရူဟန် အဆိပ်မိသွားခဲ့တာလား။

"ငါအဆင်ပြေတယ်။ ဘာမှမဖြစ်ဘူး။" ရူဟန် က ပြန်ပြောလိုက်တယ်။ သူက ကြာပန်းစေ့ကို မျိုချလိုက်ချိန်မှာ ကြက်ဟင်းခါးသီးကို စားလိုက်ရသလိုပဲ တော်တော်ခါးပါတယ်။ ထပ်ပြောရရင် ဒီကြာပန်းစေ့ကို စားပြီးရင် နိုးထလာရမယ့် မိစ္ဆာနည်းစနစ် က နိုးထမလာသေးပါဘူး။

"ဒါဆိုရင် မင်းရဲ့ ခေါင်းသုံးလုံး လက်ခြောက်ဖက် နည်းစနစ်ရဲ့ ခေါင်း က ဘာဖြစ်တာလဲ။ ဘာလို့ အားရပါးရ ထငိုနေရတာလဲ" မိစ္ဆာကြွက်ဖြူ က မေးလိုက်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Kde žijí příběhy. Začni objevovat