အပိုင်း (၈၉၈)

129 27 2
                                    


#Unicode


တုန်လှု့ပ်စရာပဲ .. မြောက်ပိုင်းမြစ်ရဲ့ ချစ်သူက သုံးဖက်မြင် ပုံရိပ်ယောင် မိန်းကလေးပဲ။

ပြောပြီးတဲ့နောက် မြောက်ပိုင်းမြစ် က လှုပ်ရှားလိုက်ပြီး ရန်သူကို သူ့ရဲ့ ဓားအစီအရင် နဲ့ ဝိုင်းပတ်လိုက်တယ်။ မတူညီတဲ့ ဂုဏ်သတ္တိရှိတဲ့ ဓားချီတွေ က ပေါက်ထွက်သွားတယ်။ ပြီးနောက် ကန့်သတ်မြို့တော် အပေါ်လေထုထဲမှာ ပြည့်နှက်သွားပြိး ထရွင်ဂန်ကို ဖျက်ဆီးဖို့ ကြိုးစားလိုက်တယ်။

မြောက်ပိုင်းမြစ် က တစ်ချက်ကလေးမှ မတွန့်ဆုတ်ပါဘူး။ တကယ်တော့ ဓားအစီအရင် က အနည်းငယ်တောင် ပိုပြီး အားကောင်းလာတယ်။

"မေမေ. .. ဒီလို ဖြစ်လို့့ မရဘူးလေ" ဓားအစီအရင် ထဲမှာတော့ ထရွင်ဂန် က ဓားချီတွေကို သူ့ရဲ့ လိပ်ခွံ ၊ နဂါးငါးကောင် တံခွန်တို့နဲ့ ကြိုးစားပြီး ကာကွယ်လိုက်တယ်။

ဒါပေမဲ့ ဓားချီတိုက်ခိုက်မှု သုံးကြိမ်မြောက် ပြီးဆုံးချိန်မှာတော့ သူ့ရဲ့ ခံစစ်က ကျိုးပျက်သွားတယ်။ သူ့ခံစစ်ကျိုးပျက်သွားပြီးတဲ့နောက် ဓားချီတွေက သူ့ခန္ဓာကိုယ်ကို ဆက်တိုက်ပဲ ထိုးဖောက်နေတယ်။ သူ့ခန္ဓာကိုယ် က သွေးတွေ နဲ့ ဖုံးလွှမ်းသွားတယ်။

"အား..." ထရွင်ဂန် က နာကျင်စွာနဲ့ အော်ဟစ်လိုက်တယ်။

မြောက်ပိုင်းမြစ် က ဒီလိုမျိုး အသဲနှလုံးမဲ့လိမ့်မယ်လို့ သူမထင်ထားမိပါဘူး။ သူ့အရင်ချစ်သူ နဲ့ ရင်ဆိုင်ရချိန်မှာတောင်မှ ညှာတာမှု မရှိဘဲ ပိုပြိး ကြမ်းတမ်းရက်စက်လာတယ်။

အခြေအနေက ဆိုးရွားနေပြီး ဒီလိုသာဆိုရင် သူက ရှုံးနိမ့်ပါတော့မယ်။

ဒီဓားအစီအရင်ထဲကနေ ထွက်ခွာဖို့ နည်းလမ်းကို သူ ရှာဖွေရမယ်။

"မြောက်ပိုင်းမြစ်အိုကြီး .. ငါမင်းကို မှားယွင်းသုံးသပ်မိခဲ့တယ်။ မင်းက ကြီးကျယ်မြင့်မြတ်တဲ့ လေးစားစရာ လူလို့ ငါထင်ထားခဲ့တာ။ အခုတော့ မင်းက ရက်စက်တဲ့ လူကြမ်းကြီး တစ်ယောက်ပဲ။ မင်းက ကိုယ့်ချစ်သူကိုတောင်မှ ဒီလို နည်းလမ်းမျိုး အသုံးပြုရက်တယ်ပေါ့။ အား... ငါ အထင်မှားခဲ့တာပဲ" ထရွင်ဂန် က နာကျင်စွာနဲ့ ငေါက်လိုက်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Donde viven las historias. Descúbrelo ahora