အပိုင်း (၉၅၂)

120 29 0
                                    

#Unicode

ကျင့်ကြံခြင်း လောကရဲ့ ခရီးသွား ဇိမ်ခံယာဉ်ကြီးလိုမျိုးပေါ့။
ရူဟန်က ကြောက်လန့်သွားတယ်။ "ဒီဓားမှာ အမိန့်ပြန်ဖျက်လို့ရတဲ့ လုပ်ဆောင်ချက် ရှိလား" ရူဟန် က မေးလိုက်တယ်။အခုခေတ်မှာ တီဗွီ ၊ ဖုန်း တွေ အားလုံးက လုပ်ဆောင်မှုကို ပြန်ဖျက်လို့ ရတဲ့ အရာမျိုး ပါဝင်လာပြီလေ။ "မရှိပုံပဲ" ရီစင့် က သေစေနိုင်တဲ့ အေးစက်ခြင်းဓား ရဲ့ လုပ်ဆောင်ပုံတွေကို စစ်ဆေးကြည့်လိုက်တယ်။ သူမ က အဲ့လို လုပ်ဆောင်ချက်ကို ရှာမတွေ့ခဲ့ပါဘူး။ စီနီယာအဖြူ က ပြောလိုက်တယ် "ရူဟန်.. ဒါလည်း မင်းလုပ်တာပဲလား""ငါက ဆောင်းနှင်းမြူ နန်းတော်ကို သိမ်းဆည်း ဆိုတဲ့လုပ်ဆောင်ချက်ကို မြင်တော့ ရွတ်ကြည့်လိုက်တာ။ ဒီလို ဖြစ်သွားခဲ့တာပဲ" ရူဟန် ရဲ့ နှုတ်ခမ်းထောင့်တွေက တုန်ရီသွားတယ်။ သူတို့ ဆွေးနွေးနေတုန်းမှာပဲ ဆောင်းနှင်းမြူ နန်းတော် က တားမြစ်နယ်မြေ ရှိ မြေပြင်နဲ့ ဝေးကွာနေပြီ ဖြစ်တယ်။ နန်းတော် အပြင် တခြားသေးငယ်တဲ့ ခန်းမဆောင်လေး တွေကပါ တွဲရက ်ပါလာတယ်။ ခုနှစ်ရောင်စဉ်တွေ က ပိုပိုပြိး တောက်ပလာတယ်။ စူးရှတဲ့ အလင်းတွေ အလယ်မှာတော့ နန်းတော် က အမြန်ဆုံးနှုန်း နဲ့ သေးငယ်လာတယ်။ မျက်စိတမှိတ်အတွင်းမှာ ပုံရိပ်အရွယ်အစား ရဲ့ တစ်ဝက်လောက်ထိ ကြုံ့ဝင်သွားတယ်။ "ဒီလိုသာ ကြုံ့ဝင်သွားမယ် ဆိုရင် ပုံစံငယ်လေး တွေလို ဖြစ်သွားလိမ့်မယ်" ရီစင့် က တီးတိုး ရေရွတ်လိုက်တယ်။ "နေအုန်း.. သိမ်းဆည်းတယ် ဆိုတဲ့ လုပ်ဆောင်ချက် ပါရင် ။ ပြန်ချမယ် ဆိုတဲ့ လုပ်ဆောင်ချက် ပါဝင်သင့်တယ် မဟုတ်လား။" ရူဟန်က ပြောလိုက်တယ်။ "ငါကြည့်ပြီးပြီ။ တခြားအရာ မရှိဘူး။ နန်းတော်ကြီး လုံးဝ ကြုံ့ဝင်သွားတဲ့ အထိ ငါတို့စောင့်မှ ဖြစ်မယ် ထင်တယ်။ ပြီးရင် ပြန်ချမယ် ဆိုတဲ့ လုပ်ဆောင်ချက် ပေါ်ရင် ပေါ်လာနိုင်တယ်" ရီစင်က ပြောလိုက်တယ်။ "ငါတို့ ပြီးတဲ့ အထိ စောင့်ရမှာပေါ့" ရူဟန်က သက်ပြင်းချလိုက်တယ်။နန်းတော်က ကြုံ့ဝင်လာသလိုပဲ စူးရှတဲ့ အလင်းတန်းတွေက ပိုမို တောက်ပစွာ ထွက်ပေါ်လာတယ်။ "စိတ်ဝင်စားစရာပဲ" စီနီယာအဖြူ က ပြုံးကာ ပြောလိုက်တယ်။ ပြီးနောက် သူက ခေါင်းမော့ ကြည့် လိုက်တယ် "ရူဟန်.. ငါ့နောက်ကို လာ"ရူဟန် နဲ့ ရီစင့် က မြန်မြန်ပဲ စီနီယာအဖြုူ ရဲ့ နောက်ကို ပြေးကပ်လိုက်တယ်။ ဒီအချိန်မှာပဲ လေထဲမှာ အမဲရောင်တွင်းပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာတယ်။ ပြီးနောက်မှာတော့ ကြီးမားတဲ့ လက်ကြီးတစ်ဖက် က ထွက်လာတယ် "အရှက်မဲ့တဲ့ ကောင်တွေ ... မင်းတို့က ငါ့ရဲ့ ဆောင်းနှင်းမြူ နန်းတော်ကို ခိုးချင်နေတာလား။ သေဖို့သာ ပြင်ထားတော့"အမဲရောင် တွင်းပေါက်ကြီးထဲက ထွက်လာပြီးတဲ့နောက် လက်ရဲ့ အရွယ်အစားကလည်း ကြီးမားလာတယ်။ မကြာမီမှာပဲ ကျောက်တုံးအလွှာတွေ နဲ့ ဖုံးကာထားတဲ့ လက်ကြီး က ရူဟန်တို့ ဆီကို ဦးတည်လာတယ်။ သူတို့သုံးယောက် ခေါင်းပေါ်ကို ရောက်ရှိလာချိန်မှာတော့ နှစ်ရာမီတာလောက် ကြီးမားတဲ့ လက်ကြီး အဖြစ် ပြောင်းလဲသွားတယ် ကြီးမားတဲ့ လက်ကြီးဆိုတာထက် အိုလံပစ် အားကစားကွင်းကြီး တစ်ခု မိုးပေါ်ကနေ ကျဆင်းလာတယ်လို့ တောင် ပြောနိုင်တယ်။ အဓိက ကမ္ဘာမှာ ဆိုရင် ဒါက ရုတ်တရက် ဖြစ်ပေါ်လာတဲ ကပ်ဘေးကြီး တစ်ခုလိုတောင် ဖြစ်သွားနိုင်တယ်။ "မင်းရဲ့ ဆောင်းနှင်းမြူ နန်းတော် ဟုတ်လား။ မဟုတ်ဘူး။ ဒါက မင်းရဲ့ နန်းတော် မဟုတ်ဘူး" စီနိယာအဖြူ က ပြုံးကာ ပြောလိုက်တယ် "မင်းက ဆောင်းနှင်းမြူ နန်းတော်ကို ထိန်းချုပ်လို့ မရတော့ဘူး။ ဒါကြောင့် မင်း ပိုင်တဲ့ အရာလို့ ပြောလို့ မရတော့ဘူးလေ"ပြောပြီးတဲ့နောက် စီနီယာအဖြူ က လက်ဝါးနဲ့ တိုက်ခိုက်လိုက်တယ်။ စီနီယာအဖြူ လက်ဝါးနဲ့ တိုက်ခိုက်လိုက်ချိန်မှာတော့ မဟူရာရောင်စွန်းအင်တွေ နဲ့ ပြည့်နှက်နေတဲ့ လက်ကြီးတစ်ဖက် က လေထဲမှ ဖြစ်တည်လာတယ်။ ပြီးနောက် ကောင်းကင်ပေါ်ရှိ မီတာနှစ်ရာလောက်ရှိတဲ့ လက်ဝါးကြီးဆီ ဦးတည်သွားတယ်။ ဒီမဟူရာ စွမ်းအင်တွေ နဲ့ လက် က အရာအားလုံးကို ဖျက်ဆိးနိုင်စွမ်းရှိတဲ့ လက်ဖြစ်ပြီး မီတာ နှစ်ရာလောက်ကြီးမားတဲ့ ကျောက်တုံးလက်ဝါးကြီးနဲ့ ထိမိခါနီးမှာတော့ ကျောက်လက်ဝါးကြီးနဲ့ အရွယ်အစား တူညီသွားတယ်။ ကျောက်တုံးလက် နဲ့ မဟူရာ စွမ်းအင်တွေ လျှံထွက်နေတဲ့ လက်တို့ ထိတွေ့မိချိန်မှာတော့ ကျောက်တုံးတွေနဲ့ ပြုလုပ်ထားတဲ့ လက်က ကျောက်တွေ ကြွေကျလာတယ်။ "အား.." အမဲရောင်တွင်းကြီးဆီမှ နာကျင်စွာ အော်ဟစ်လိုက်သံ ကထွက်ပေါ်လာတယ်။ "မင်းလာတဲ့ဆီ ပြန်စမ်း" စီနီယာအဖြူ က ရယ်ရင်း သူ့လက်ကို ရှေ့ဆီ တွန်းလွှတ်လိုက်တယ်။ ကောင်းကင်ပေါ်မှာတော့ အမဲရောင်စွမ်းအင်တွေနဲ့ လက်က ရှေ့ကို ပြေးထွက်လာပြီး ကျောက်တုံးလက်ကို အမဲရောင် တွင်းထဲ ပြန်တွန်းထည့်လိုက်တယ်။ကျောက်တုံးလက် က ဆက်တိုက်ဆိုသလိုပဲ နောက်ကို တွန်းပို့ခံလိုက်ရတယ် ။ အမဲရောင် တွင်း တစ်ဖက်ဆီမှ လူ က သွားကို တင်းတင်းစေ့ပြီး ပြောလိုက်တယ် "မင်းဘယ်သူလဲ။ မင်းနာမည် ပြောစမ်း""အဖြူ" စီနီယာအဖြူ က ပြုံးကာ ပြောလိုက်တယ်။ "ငါမင်းကို မှတ်ထားမယ်။ မင်းမှာ စွမ်းရည် ရှိတယ် ဆိုရင် တားမြစ်နယ်မြေ ရဲ့ အချက်အချာ နေရာကို လာခဲ့။ ငါတို့ အနိုင်အရှုံးကွဲပြားအောင် တိုက်ခိုက်ကြမယ်။" ကြီးမားတဲ့ ကျောက်တုံးလက် ပိုင်ရှင် က အေးစက်စက် ပြောလိုက်တယ်။ အမဲရောင်တွင်းကို ဖြတ်ပြီး တိုက်ခိုက်ချိန်မှာ သူက အနည်းငယ် အားနည်းသွားတယ်။ ဒါပေမဲ့ တားမြစ်နယ်မြေရဲ့ အဓိကနေရာမှာ တိုက်ခိုက်မယ် ဆိုရင် သူက စွမ်းအားကုန် ထုတ်သုံးလို့ရနိုင်မှာပါ။ "ကောင်းတယ်။ ငါ့ကို စောင့်နေ။ ခဏနေ လာခဲ့မယ်" စီနီယာအဖြူ က ပြုံးကာ ပြောလိုက်တယ်။ "အဲအချ်န်ရောက် မင်းရဲ့ လက်ဝါး အတွက် ဆယ်ဆ ပြန်အကြွေးတောင်းမယ်" ကျောက်တုံးလက် ပိုင်ရှင် က အေးစက်စက် ပြောလိုက်တယ်။ စီနီယာအဖြူ က အမဲရောင်စွမ်းအင်တွေ ပြည့်နှက်နေတဲ့ သူ့လက်ကို နောက်ပြန်ရုတ်ပြီး ပခုံးတွန့်လိုက်တယ် "မင်းမှာ စွမ်းရည် ရှိတယ်ဆိုရင် အဆ တစ်ရာ ပြန်ယူမယ် ဆိုလည်း အဆင်ပြေတယ်""ဟမ့်.. ငါ မင်းဆီမှာ ဆောင်းနှင်းမြူ နန်းတော်ကို ခဏထားခဲ့မယ်။ အချိန်ရောက်လာရင် ငါက ကိုယ်တိုင် ပြန်လည် ပေးဆပ်ခိုင်းမယ်" ကျောက်တုံးလက် ပိုင်ရှင် က ပြောလိုက်တယ်။ ပြီးနောက် ကောင်းကင်ပေါ် မှာ ရှိတဲ့ အမဲရောင် တွင်းကြီးက ကြုံ့ဝင်ပြီး ပျောက်ကွယ်သွားတယ်။ စီနီယာအဖြူ က ရယ် ပြီး သူ့လက်ကို ဝေ့ယမ်း နှုတ်ဆက်လိုက်တယ်။အမဲရောင် တွင်းကြီး ပျောက်ကွယ် သြွးပြီးတဲ့နောက် ဆောင်းနှင်းမြူ နန်းတော် ကလည်း ကြုံ့ဝင်တာ ရပ်တန့်သွားတယ်။ နန်းတော်က ကြုံ့ဝင်ပြီး တစ်ကျုဗ မီတာလောက်ထိရောက်ရှိသွားတယ်။ ပုံစံငယ်လေး တစ်ခု အရွယ်အစား ဖြစ်နေပြီး တောက်ပတဲ့ အလင်းရောင်တွေ ထွက်ပေါ်နေတယ်။ ရီစင့် ခန့်မှန်းထားတဲ့ အတိုင်းပဲ ဆောင်းနှင်းမြူ နန်းတော်က ကြုံ့ဝင်မှု ပြိးဆုံးသွားတဲ့နောက် ဆောင်းနှင်းမြူ နန်းတော ်ပြန်ချမယ် ဆိုတဲ့ လုပ်ဆောင်ချက် ပေါ်လာတယ်။ "ပြောရမယ် ဆိုရင် ငါတို့ ဒါကို အဓိက ကမ္ဘာဆီ ယူသွားပြီး ကောင်းမွန်တဲ့ နေရာ တစ်ခုခုမှာ ထားလို့ ရနိုင်တယ်မလား။" ရူဟန် က ပြောလိုက်တယ်။ "အင်း.. မင်းရွေ့တဲ့ နေရာက စိတ်ဝိညာဉ် စွမ်းအင်တွေ နည်းပါးလာပြီ ဆိုရင် ပြန်ကောက်သိမ်းပြီး တခြားနေရာ သွားရှာလို့ ရနိုင်တယ်။ နေရာရွေ့ပြောင်းနိုင်တဲ့ အင်မော်တယ်ဂူ ရှိတာ အရမ်းအဆင်ပြေတယ်" ရီစင့်က ပြောလိုက်တယ်။ရူဟန်က သူ့ဘယ်လက်ဝါး ကို ညာလက်သီး နဲ့ ပုတ်လိုက်ပြီး "ချီးတဲ့မှ ... ဒါဆို ခရီသွား ဇိမ်ခံယာဉ်ကြီး တစ်စင်း ပိုင်ဆိုင်တာနဲ့ တူတူပဲပေါ့" ပြောနေတုန်းမှာပဲ ရူဟန်က ရုတ်တရက် အကြံကောင်းတစ်ခုကို စဉ်းစားမိသွားတယ်။"ရီစင့်.. စီနီယာအဖြူ .. ဆောင်းနှင်းမြူ နန်းတော်ကို ငါ့ရဲ့ အတွင်းကမ္ဘာဆီ ယူသွားပြီး နေရာ ချထားမယ် ဆိုရင် ရနိုင်မလား" ရူဟန်က ပြောလိုက်တယ်။ ရီစင့်က ပြောလိုက်တယ် "သီအိုရီ အရဆိုရင် ဖြစ်နိုင်တယ်။" "တခြားပြဿနာ မရှိလောက်ဘူး။ တကယ်တော့ ဒီအကြံက မဆိုးဘူး။ ကြိုးစားကြည့်ပါလား" စိနီယာအဖြူ ရဲ့ မျက်လုံးတွေက လင်းလက်သွားတယ်။ သူက ဒီလို အရာမျိုးကို ထပ်ရှာနိုင်ရင် သူ့ရဲ့ အိမ်အသစ်မှာ ထားနိုင်မယ် မဟုတ်လား။ တကယ့်တော့ သူက လှပတဲ့ မြင်ကွင်းနဲ့ နေရာတစ်ခုကို ရှာတွေ မယ် ဆိုရင် အဲကုန်းမြေကို တိုက်ရိုက်ပဲ ပိုင်းဖြတ်ပြီး သူ့အိမ်ဆီကို ခေါ်သွားလို့ ရနိုင်တယ်။ အခွင့်အရေးရှိမယ်ဆိုရင် အာကာသ ကို သွားပြီး လှပတဲ့ဥက္ကာခဲလေးတွေကို ကောက်ပြီး အလှဆင်လို့တောင် ရနိုင်တယ်။ စီနီယာအဖြူ က သူ့အကြံကို သူ သဘောကျသွားတယ်။ ရူဟန်က ခေါင်းညိတ်လိုက်ပြီး ရှေ့ကို လှမ်းတက်ကာ ဆောင်းနှင်းမြူ နန်းတော်ကို ကောက်ယူလိုက်တယ်။ပြီးနောက် စိတ်အမိန့်ပေးလိုက်တယ်။ ချက်ချင်းပဲ သူ၊ စီနီယာအဖြူ ၊ ရီစင့် နဲ့ ကြက်သွန်လေးတို့က အတွင်းကမ္ဘာဆီ ရောက်ရှိသွားခဲ့တယ်။"အမ်.. ဆရာ.. ပြန်လာပြီလား" ဒီအချိန်မှာပဲ ပါရမီရှင် ဗုဒ္ဓဓားမော့ ရှောင်ချိုက် က သတိမေ့နေတဲ့ ချူမိသားစု ဘိုးဘေးရဲ့ ကိုယ်ပေါ်မှာ ခြေတစ်ဖက်ကို ထောက် ခြေတစ်ဖက်ကို ဝေ့ယမ်း လှုပ်ခါနေတယ်။ "ရှောင်ချိူက် .. မင်းဘာလုပ်နေတာလဲ" ရူဟန်က စိတ်ဝင်တစား နဲ့ မေးလိုက်တယ်။ သူမ ချူမိသားစု ဘိုးဘေး ရဲ့ ဒဏ်ရာကို ကုသပေးနေတာလား။"ဟားဟား. ဒီလိုလေ။ ချိုက်က ဆရာသင်ပေးထားတဲ့ စီနီယာဘုန်းကြီးရဲ့ ခြိုးခြံခြင်း ဒိုင်ယာရီ ကို ဖတ်ပြီး ကန်ချိဂါဘ ဝိညာဉ်ပို့ဆောင်ခြင်း နည်းစနစ် နဲ့ ပေါင်းသပ်နေတနု်း။ ရုတ်တရက် စိတ်ထဲမှာ ဝိညာဉ် ပို့ဆောင်ချင်တဲ့ ဆန္ဒတွေ ဖြစ်ပေါ်လာတယ်။" "မင်း သင်ယူနိုင်ခဲ့ပြီလား။ မင်းရဲ့ ပါရမီ က မဆိုးဘူးပဲ" ရူဟန်က ဂုဏ်ပြုစကား ဆိုလိုက်တယ်။ အချစ်နာကျ နေတဲ့ ငှက်ကလေး ရဲ ပါရမီကလည်း ပေါ့သေးသေး မဟုတ်ပါလား။"ဒါပေမဲ့ မင်းအခု ချူမိသားစု ဘိုးဘေး ပေါ်ကို တက်ပြီး ဘာလုပ်နေတာလဲ။ နေပါအုနး်။ မင်း သူ့ဝိညာဉ်ကို ပို့ဆောင်ဖို့ ကြိုးစားနေတာလား" ရူဟန်က ရှောင်ချိုက်ရဲ့ ဝေ့ယမ်းနေတဲ့ ခြေတစ်ဖက်ကို ကြည့်ပြီး ခန့်မှန်းလိုက်တယ်။ပါရမီရှင် ဗုဒ္ဓဓားမော့ ရှောင်ချိုက် က ရှက်သွေးဖြာသွားတယ်။ "ဒီမှာ တခြားလူတွေလည်းမရှိဘူးးဆိုတော့ ချူမိသားစု ရဲ့ ဘိုးဘေးကို ဝိညာဉ်ပို့ဆောင်ခြင်း နည်းစနစ် နဲ့ စမ်းသပ်ကြည့်နေတာ။ စောနတုန်းက ချူမိသားစု ဘိုးဘေးက နာကျင်မှုကြောင့် အော်ဟစ်နေတာလေ။ ဒါပေမဲ့ ချိုက် သူ့ကို ဝိညာဉ်ပို့ဆောင်ခြင်း နည်းလမ်း အသုံးပြုကြည့်လိုက်တော့ သူ့အမူအရာက တည်ငြိမ်သွားတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့တယ်" ရှောင်ချိုက်က ဂုဏ်ယူစွာ ပြောလိုက်တယ်။ "........" ရူဟန်။ ချီးတဲ့မှ .. ဒီငှက်ရူးလေး က ချူမိသားစု ဘိုးဘေးရဲ့ ဝိညာဉ်ကို ပို့ဆောင်နေတာပါလား။ စီနီယာအဖြူက ဆောင့်ကြောင့်ထိုင်ပြီး ချူမိသားစု ဘိုးဘေးကို စစ်ဆေးလိုက်တယ်။ ပြိးနောက် သူက ရှောင်ချိုက်ဘက်လှည့်ပြီး ထောက်ခံသလို လက်မထောင်ပြလိုက်တယ် "ငှက်လေး..မင်းကောင်းကောင်းလုပ်ခဲ့ တယ်။ မင်းရဲ့ ဝိညာဉ်ပို့ဆောင်ခြင်း နည်းစနစ် အစွမ်းက တော်တော်ကောင်းတယ်" ဒီစကားကို ကြားတော့ ရူဟန်က စိတ်ပူစွာ နဲ့ ပြောလိုက်တယ် "စီနီယာ .. ချူမိသားစု ဘိုးဘေး မသေသေးဘူး မဟုတ်လား"ချူမိသားစု ဘိုးဘေးက တားမြစ်နယ်မြေ ရဲ့ အန္တရာယ်ကြီးတဲ့ နေရာမှာ မသေခဲ့ပါဘူး။ ရှောင်ချိုက်ရဲ့ ဝိညာဉ်ပို့ဆောင်ခြင်း နည်းလမ်းကြောင့် သာ သေသွားခဲ့မယ် ဆိုရင် လူကြားလို့တောင် ကြားမှာ မဟုတ်တော့ပါဘူး။ "မပူနဲ့ ချူမိသားစု ခေါင်းဆောင် က အဆင်ပြေတယ်။ ရှောင်ချိုက် က ကြင်နာတတ်တဲ့ စိတ်ထားရှိသူပဲ။ သူမ နားလည်တဲ့ ဝိညာဉ်ပို့ဆောင်ခြင်း နည်းလမ်း က သေတဲ့ လူတွေရဲ့ ဝိညာဉ်ကို ပို့ဆောင်တာထက် စိတ်နှလုံးတည်ငြိမ် အေးချမ်းမှုကို ပိုရစေတယ်။" စီနီယာအဖြူ က ပြောလိုက်တယ်။ ဒီအစွမ်းကြောင့် ချုမိသားစု ဘိုးဘေး ရဲ့ ကိုယ်ရော၊ စိတ်ပါ နာကျင်နေတဲ့ အခြေအနေ ကို ပိုကောင်းလာစေတယ်။ရှင်းပြတာကို ကြားတော့ ရူဟန်က စိတ်သက်သာရာ ရသွားတယ်။ "ဟုတ်ပြီ။ ရှောင်ချိုက် အရင်တုန်းက ဗုဒ္ဓရတနာတစ်ခုကို ပိုင်ဆိုင်ဖူးတယ် မဟုတ်လား။ သူမ ရဲ့ သဘာဝပါရမီ က ဗုဒ္ဒရတနာရဲ့ လွှမ်းမိုးမှုကို ခံလိုက်ရတာ ဖြစ်မယ်။ ဒါကြောင့် ဗုဒ္ဓနည်းစနစ် တွေကို ကျင့်ကြံချိန်မှာ အကျိုးကျေးဇူး နှစ်ဆ ရတာ" စီနီယာအဖြူ က ပြောလိုက်တယ်။ "ဗုဒ္ဒရတနာလား။ ဟုတ်တယ်။ ရှောင်ချိုက်က ဓာတ်တော်ပုလဲ နှစ်ခုကို မျိုချဖူးတယ်။ အဲ့ဓာတ်တော်ပုလဲ နဲ့ အချိန်အတော်ကြာ နေခဲ့တာ" ရူဟန်က ပြုံးကာ ပြောလိုက်တယ်။ ဒါကြောင့် သူမ က ဝိညာဉ် ပို့ဆောင်ခြင်း နည်းလမ်းကို မြန်မြန်ဆန်ဆန် သင်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရှောင်ချိုက် က ချူမိသားစု ဘိုးဘေးကို ဘာအမှားမှ မလုပ်ခဲ့ဘူး ဆိုတာကို သိပြီးတဲ့နောက် ရူဟန်က ဆောင်းနှင်းမြူ နန်းတော်ကို အောက်ချလိုက်တယ်။"ဒါကို ဘယ်နေရာမှာ ချထားရမလဲ"သူ့အတွင်းကမ္ဘာက အဆပေါင်းများစွာ ကြီးမားလာပါပြီ။ လက်ရှိမှာ ကျွန်းငယ်လေး တစ်ခု အရွယ် ဖြစ်လာတယ်။ ဒါကြောင့် ဆောင်းနှင်းမြူ နန်းတော်ကို ထားနိုင်တဲ့ နေရာ တော်တော်များများ ရှိတယ်။စီနီယာအဖြူ က ရူဟန် ရဲ့ အတွင်းကမ္ဘာကို ကြည့်ပြီး ခဏလောက်စဉ်းစားကာ ပြောလိုက်တယ် "မင်းရဲ့အတွင်းကမ္ဘာထိပ် အစပ်နားမှာထားကြည့်ပါလား"ရူဟန်ရဲ့ အတွင်းကမ္ဘာထိပ်က ရှုပ်ထွေးပွေလီ တဲ့ တည်နေရာကြီးပါ။ ဒီနေရာက ထပ်မံချဲ့ထွင်ဖို့ လိုအပ်တဲ့ နေရာတစ်ခု လည်းဖြစ်တယ်။ ဆောင်းနှင်းမြူ နန်းတော်ကို ဒီနေရာမှာ ချထားပြီး ပုံမှန်အရွယ်အစား အဖြစ် ပြန်ပြောင်းလိုက်မယ်ဆိုရင် ရူဟန်ရဲ့အတွင်းကမ္ဘာက ချဲ့ထွင်လိုက်သလို ဖြစ်သွားမှာ မဟုတ်လား။ဒါကို ကြားတော့ ရူဟန် ရဲ့ မျက်လုံးတွေက တောက်ပသွားတယ်။ ဒါကြောင့် သူက ဆောင်းနှင်းမြူ နန်းတော်ကို အတွင်းကမ္ဘာအစပ်နားမှာ ထားလိုက်တယ်။"ရီစင့်" ရူဟန်က ရီစင့်ကို ခေါင်းလှည့်ကြည့်လိုက်တယ်။ "အဆင်သင့်ပဲ" ရီစင့်က သေစေနိုင်တဲ့ အေးစက်ခြင်း ဓားကို ထုတ်ယူလိုက်တယ်။"ဆောင်းနှင်းမြူ နန်းတော် ပြန်ချ"နောက်တော့ ရှေးကောင်းကင်ဘုံမြို့ က ပိုင်ဆိုင်တဲ့ ဒီနန်းတော် က ရူဟန် ရဲ့ အတွင်းကမ္ဘာထဲမှာ စတင် ကြီးမား ချဲ့ထွင်လာခဲ့တယ်။
အပိုင္း (၉၅၂) က်င့္ႀကံျခင္း ေလာကရဲ့ ခရီးသြား ဇိမ္ခံယာဥ္ႀကီးလိုမ်ိဳးေပါ့။
ရူဟန္က ေၾကာက္လန္႔သြားတယ္။ "ဒီဓားမွာ အမိန္႔ျပန္ဖ်က္လို႔ရတဲ့ လုပ္ေဆာင္ခ်က္ ရွိလား" ရူဟန္ က ေမးလိုက္တယ္။အခုေခတ္မွာ တီဗြီ ၊ ဖုန္း ေတြ အားလံုးက လုပ္ေဆာင္မွဳကို ျပန္ဖ်က္လို႔ ရတဲ့ အရာမ်ိဳး ပါဝင္လာၿပီေလ။ "မရွိပံုပဲ" ရီစင့္ က ေသေစႏိုင္တဲ့ ေအးစက္ျခင္းဓား ရဲ့ လုပ္ေဆာင္ပံုေတြကို စစ္ေဆးၾကည့္လိုက္တယ္။ သူမ က အဲ့လို လုပ္ေဆာင္ခ်က္ကို ရွာမေတြ႔ခဲ့ပါဘူး။ စီနီယာအျဖဴ က ေျပာလိုက္တယ္ "ရူဟန္.. ဒါလည္း မင္းလုပ္တာပဲလား""ငါက ေဆာင္းႏွင္းျမဴ နန္းေတာ္ကို သိမ္းဆည္း ဆိုတဲ့လုပ္ေဆာင္ခ်က္ကို ျမင္ေတာ့ ရြတ္ၾကည့္လိုက္တာ။ ဒီလို ျဖစ္သြားခဲ့တာပဲ" ရူဟန္ ရဲ့ ႏွဳတ္ခမ္းေထာင့္ေတြက တုန္ရီသြားတယ္။ သူတို႔ ေဆြးေႏြးေနတုန္းမွာပဲ ေဆာင္းႏွင္းျမဴ နန္းေတာ္ က တားျမစ္နယ္ေျမ ရွိ ေျမျပင္နဲ႔ ေဝးကြာေနၿပီ ျဖစ္တယ္။ နန္းေတာ္ အျပင္ တျခားေသးငယ္တဲ့ ခန္းမေဆာင္ေလး ေတြကပါ တြဲရက ္ပါလာတယ္။ ခုႏွစ္ေရာင္စဥ္ေတြ က ပိုပိုၿပိး ေတာက္ပလာတယ္။ စူးရွတဲ့ အလင္းေတြ အလယ္မွာေတာ့ နန္းေတာ္ က အျမန္ဆံုးႏွဳန္း နဲ႔ ေသးငယ္လာတယ္။ မ်က္စိတမွိတ္အတြင္းမွာ ပံုရိပ္အရြယ္အစား ရဲ့ တစ္ဝက္ေလာက္ထိ ႀကံဳ႕ဝင္သြားတယ္။ "ဒီလိုသာ ႀကံဳ႕ဝင္သြားမယ္ ဆိုရင္ ပံုစံငယ္ေလး ေတြလို ျဖစ္သြားလိမ့္မယ္" ရီစင့္ က တီးတိုး ေရရြတ္လိုက္တယ္။ "ေနအုန္း.. သိမ္းဆည္းတယ္ ဆိုတဲ့ လုပ္ေဆာင္ခ်က္ ပါရင္ ။ ျပန္ခ်မယ္ ဆိုတဲ့ လုပ္ေဆာင္ခ်က္ ပါဝင္သင့္တယ္ မဟုတ္လား။" ရူဟန္က ေျပာလိုက္တယ္။ "ငါၾကည့္ၿပီးၿပီ။ တျခားအရာ မရွိဘူး။ နန္းေတာ္ႀကီး လံုးဝ ႀကံဳ႕ဝင္သြားတဲ့ အထိ ငါတို႔ေစာင့္မွ ျဖစ္မယ္ ထင္တယ္။ ၿပီးရင္ ျပန္ခ်မယ္ ဆိုတဲ့ လုပ္ေဆာင္ခ်က္ ေပၚရင္ ေပၚလာႏုိင္တယ္" ရီစင္က ေျပာလုိက္တယ္။ "ငါတို႔ ၿပီးတဲ့ အထိ ေစာင့္ရမွာေပါ့" ရူဟန္က သက္ျပင္းခ်လိုက္တယ္။နန္းေတာ္က ႀကံဳ႕ဝင္လာသလိုပဲ စူးရွတဲ့ အလင္းတန္းေတြက ပိုမို ေတာက္ပစြာ ထြက္ေပၚလာတယ္။ "စိတ္ဝင္စားစရာပဲ" စီနီယာအျဖဴ က ၿပံဳးကာ ေျပာလိုက္တယ္။ ၿပီးေနာက္ သူက ေခါင္းေမာ့ ၾကည့္ လိုက္တယ္ "ရူဟန္.. ငါ့ေနာက္ကို လာ"ရူဟန္ နဲ႔ ရီစင့္ က ျမန္ျမန္ပဲ စီနီယာအျဖဳဴ ရဲ့ ေနာက္ကို ေျပးကပ္လုိက္တယ္။ ဒီအခ်ိန္မွာပဲ ေလထဲမွာ အမဲေရာင္တြင္းေပါက္ႀကီးတစ္ခု ျဖစ္ေပၚလာတယ္။ ၿပီးေနာက္မွာေတာ့ ႀကီးမားတဲ့ လက္ႀကီးတစ္ဖက္ က ထြက္လာတယ္ "အရွက္မဲ့တဲ့ ေကာင္ေတြ ... မင္းတို႔က ငါ့ရဲ့ ေဆာင္းႏွင္းျမဴ နန္းေတာ္ကို ခိုးခ်င္ေနတာလား။ ေသဖို႔သာ ျပင္ထားေတာ့"အမဲေရာင္ တြင္းေပါက္ႀကီးထဲက ထြက္လာၿပီးတဲ့ေနာက္ လက္ရဲ့ အရြယ္အစားကလည္း ႀကီးမားလာတယ္။ မၾကာမီမွာပဲ ေက်ာက္တံုးအလႊာေတြ နဲ႔ ဖံုးကာထားတဲ့ လက္ႀကီး က ရူဟန္တို႔ ဆီကို ဦးတည္လာတယ္။ သူတို႔သံုးေယာက္ ေခါင္းေပၚကို ေရာက္ရွိလာခ်ိန္မွာေတာ့ ႏွစ္ရာမီတာေလာက္ ႀကီးမားတဲ့ လက္ႀကီး အျဖစ္ ေျပာင္းလဲသြားတယ္ ႀကီးမားတဲ့ လက္ႀကီးဆိုတာထက္ အိုလံပစ္ အားကစားကြင္းႀကီး တစ္ခု မိုးေပၚကေန က်ဆင္းလာတယ္လို႔ ေတာင္ ေျပာႏုိင္တယ္။ အဓိက ကမၻာမွာ ဆိုရင္ ဒါက ရုတ္တရက္ ျဖစ္ေပၚလာတဲ ကပ္ေဘးႀကီး တစ္ခုလိုေတာင္ ျဖစ္သြားႏိုင္တယ္။ "မင္းရဲ့ ေဆာင္းႏွင္းျမဴ နန္းေတာ္ ဟုတ္လား။ မဟုတ္ဘူး။ ဒါက မင္းရဲ့ နန္းေတာ္ မဟုတ္ဘူး" စီနိယာအျဖဴ က ၿပံဳးကာ ေျပာလိုက္တယ္ "မင္းက ေဆာင္းႏွင္းျမဴ နန္းေတာ္ကို ထိန္းခ်ဳပ္လို႔ မရေတာ့ဘူး။ ဒါေၾကာင့္ မင္း ပိုင္တဲ့ အရာလို႔ ေျပာလို႔ မရေတာ့ဘူးေလ"ေျပာၿပီးတဲ့ေနာက္ စီနီယာအျဖဴ က လက္ဝါးနဲ႔ တိုက္ခိုက္လိုက္တယ္။ စီနီယာအျဖဴ လက္ဝါးနဲ႔ တိုက္ခိုက္လိုက္ခ်ိန္မွာေတာ့ မဟူရာေရာင္စြန္းအင္ေတြ နဲ႔ ျပည့္ႏွက္ေနတဲ့ လက္ႀကီးတစ္ဖက္ က ေလထဲမွ ျဖစ္တည္လာတယ္။ ၿပီးေနာက္ ေကာင္းကင္ေပၚရွိ မီတာႏွစ္ရာေလာက္ရွိတဲ့ လက္ဝါးႀကီးဆီ ဦးတည္သြားတယ္။ ဒီမဟူရာ စြမ္းအင္ေတြ နဲ႔ လက္ က အရာအားလံုးကို ဖ်က္ဆိးႏိုင္စြမ္းရွိတဲ့ လက္ျဖစ္ၿပီး မီတာ ႏွစ္ရာေလာက္ႀကီးမားတဲ့ ေက်ာက္တံုးလက္ဝါးႀကီးနဲ႔ ထိမိခါနီးမွာေတာ့ ေက်ာက္လက္ဝါးႀကီးနဲ႔ အရြယ္အစား တူညီသြားတယ္။ ေက်ာက္တံုးလက္ နဲ႔ မဟူရာ စြမ္းအင္ေတြ လွ်ံထြက္ေနတဲ့ လက္တို႔ ထိေတြ႔မိခ်ိန္မွာေတာ့ ေက်ာက္တုံးေတြနဲ႔ ျပဳလုပ္ထားတဲ့ လက္က ေက်ာက္ေတြ ေၾကြက်လာတယ္။ "အား.." အမဲေရာင္တြင္းႀကီးဆီမွ နာက်င္စြာ ေအာ္ဟစ္လိုက္သံ ကထြက္ေပၚလာတယ္။ "မင္းလာတဲ့ဆီ ျပန္စမ္း" စီနီယာအျဖဴ က ရယ္ရင္း သူ႔လက္ကို ေရွ႔ဆီ တြန္းလႊတ္လိုက္တယ္။ ေကာင္းကင္ေပၚမွာေတာ့ အမဲေရာင္စြမ္းအင္ေတြနဲ႔ လက္က ေရွ႕ကို ေျပးထြက္လာၿပီး ေက်ာက္တံုးလက္ကို အမဲေရာင္ တြင္းထဲ ျပန္တြန္းထည့္လိုက္တယ္။ေက်ာက္တံုးလက္ က ဆက္တိုက္ဆိုသလိုပဲ ေနာက္ကို တြန္းပို႔ခံလိုက္ရတယ္ ။ အမဲေရာင္ တြင္း တစ္ဖက္ဆီမွ လူ က သြားကို တင္းတင္းေစ့ၿပီး ေျပာလိုက္တယ္ "မင္းဘယ္သူလဲ။ မင္းနာမည္ ေျပာစမ္း""အျဖဴ" စီနီယာအျဖဴ က ၿပံဳးကာ ေျပာလိုက္တယ္။ "ငါမင္းကို မွတ္ထားမယ္။ မင္းမွာ စြမ္းရည္ ရွိတယ္ ဆိုရင္ တားျမစ္နယ္ေျမ ရဲ့ အခ်က္အခ်ာ ေနရာကို လာခဲ့။ ငါတို႔ အႏိုင္အရံႈးကြဲျပားေအာင္ တိုက္ခိုက္ၾကမယ္။" ႀကီးမားတဲ့ ေက်ာက္တံုးလက္ ပိုင္ရွင္ က ေအးစက္စက္ ေျပာလိုက္တယ္။ အမဲေရာင္တြင္းကို ျဖတ္ၿပီး တိုက္ခိုက္ခ်ိန္မွာ သူက အနည္းငယ္ အားနည္းသြားတယ္။ ဒါေပမဲ့ တားျမစ္နယ္ေျမရဲ့ အဓိကေနရာမွာ တိုက္ခိုက္မယ္ ဆိုရင္ သူက စြမ္းအားကုန္ ထုတ္သံုးလို႔ရႏုိင္မွာပါ။ "ေကာင္းတယ္။ ငါ့ကို ေစာင့္ေန။ ခဏေန လာခဲ့မယ္" စီနီယာအျဖဴ က ၿပံဳးကာ ေျပာလုိက္တယ္။ "အဲအခ်္န္ေရာက္ မင္းရဲ့ လက္ဝါး အတြက္ ဆယ္ဆ ျပန္အေၾကြးေတာင္းမယ္" ေက်ာက္တံုးလက္ ပိုင္ရွင္ က ေအးစက္စက္ ေျပာလိုက္တယ္။ စီနီယာအျဖဴ က အမဲေရာင္စြမ္းအင္ေတြ ျပည့္ႏွက္ေနတဲ့ သူ႔လက္ကို ေနာက္ျပန္ရုတ္ၿပီး ပခံုးတြန္႔လိုက္တယ္ "မင္းမွာ စြမ္းရည္ ရွိတယ္ဆိုရင္ အဆ တစ္ရာ ျပန္ယူမယ္ ဆိုလည္း အဆင္ေျပတယ္""ဟမ့္.. ငါ မင္းဆီမွာ ေဆာင္းႏွင္းျမဴ နန္းေတာ္ကို ခဏထားခဲ့မယ္။ အခ်ိန္ေရာက္လာရင္ ငါက ကိုယ္တိုင္ ျပန္လည္ ေပးဆပ္ခိုင္းမယ္" ေက်ာက္တံုးလက္ ပိုင္ရွင္ က ေျပာလုိက္တယ္။ ၿပီးေနာက္ ေကာင္းကင္ေပၚ မွာ ရွိတဲ့ အမဲေရာင္ တြင္းႀကီးက ႀကံဳ႕ဝင္ၿပီး ေပ်ာက္ကြယ္သြားတယ္။ စီနီယာအျဖဴ က ရယ္ ၿပီး သူ႔လက္ကို ေဝ့ယမ္း ႏွဳတ္ဆက္လိုက္တယ္။အမဲေရာင္ တြင္းႀကီး ေပ်ာက္ကြယ္ သြၾးၿပီးတဲ့ေနာက္ ေဆာင္းႏွင္းျမဴ နန္းေတာ္ ကလည္း ႀကဳံ႕ဝင္တာ ရပ္တန္႔သြားတယ္။ နန္းေတာ္က ႀကံဳ႕ဝင္ၿပီး တစ္က်ဳဗ မီတာေလာက္ထိေရာက္ရွိသြားတယ္။ ပံုစံငယ္ေလး တစ္ခု အရြယ္အစား ျဖစ္ေနၿပီး ေတာက္ပတဲ့ အလင္းေရာင္ေတြ ထြက္ေပၚေနတယ္။ ရီစင့္ ခန္႔မွန္းထားတဲ့ အတိုင္းပဲ ေဆာင္းႏွင္းျမဴ နန္းေတာ္က ႀကံဳ႕ဝင္မွဳ ၿပိးဆုံးသြားတဲ့ေနာက္ ေဆာင္းႏွင္းျမဴ နန္းေတာ ္ျပန္ခ်မယ္ ဆိုတဲ့ လုပ္ေဆာင္ခ်က္ ေပၚလာတယ္။ "ေျပာရမယ္ ဆိုရင္ ငါတု႔ိ ဒါကို အဓိက ကမၻာဆီ ယူသြားၿပီး ေကာင္းမြန္တဲ့ ေနရာ တစ္ခုခုမွာ ထားလို႔ ရႏုိင္တယ္မလား။" ရူဟန္ က ေျပာလိုက္တယ္။ "အင္း.. မင္းေရြ႕တဲ့ ေနရာက စိတ္ဝိညာဥ္ စြမ္းအင္ေတြ နည္းပါးလာၿပီ ဆုိရင္ ျပန္ေကာက္သိမ္းၿပီး တျခားေနရာ သြားရွာလို႔ ရႏိုင္တယ္။ ေနရာေရြ႕ေျပာင္းႏိုင္တဲ့ အင္ေမာ္တယ္ဂူ ရွိတာ အရမ္းအဆင္ေျပတယ္" ရီစင့္က ေျပာလိုက္တယ္။ရူဟန္က သူ႔ဘယ္လက္ဝါး ကို ညာလက္သီး နဲ႔ ပုတ္လိုက္ၿပီး "ခ်ီးတဲ့မွ ... ဒါဆို ခရီသြား ဇိမ္ခံယာဥ္ႀကီး တစ္စင္း ပိုင္ဆိုင္တာနဲ႔ တူတူပဲေပါ့" ေျပာေနတုန္းမွာပဲ ရူဟန္က ရုတ္တရက္ အႀကံေကာင္းတစ္ခုကို စဥ္းစားမိသြားတယ္။"ရီစင့္.. စီနီယာအျဖဴ .. ေဆာင္းႏွင္းျမဴ နန္းေတာ္ကို ငါ့ရဲ့ အတြင္းကမၻာဆီ ယူသြားၿပီး ေနရာ ခ်ထားမယ္ ဆိုရင္ ရႏုိင္မလား" ရူဟန္က ေျပာလိုက္တယ္။ ရီစင့္က ေျပာလိုက္တယ္ "သီအိုရီ အရဆိုရင္ ျဖစ္ႏိုင္တယ္။" "တျခားျပႆနာ မရွိေလာက္ဘူး။ တကယ္ေတာ့ ဒီအႀကံက မဆိုးဘူး။ ႀကိဳးစားၾကည့္ပါလား" စိနီယာအျဖဴ ရဲ့ မ်က္လံုးေတြက လင္းလက္သြားတယ္။ သူက ဒီလို အရာမ်ိဳးကို ထပ္ရွာႏုိင္ရင္ သူ႕ရဲ့ အိမ္အသစ္မွာ ထားႏိုင္မယ္ မဟုတ္လား။ တကယ့္ေတာ့ သူက လွပတဲ့ ျမင္ကြင္းနဲ႔ ေနရာတစ္ခုကို ရွာေတြ မယ္ ဆိုရင္ အဲကုန္းေျမကုိ တိုက္ရိုက္ပဲ ပိုင္းျဖတ္ၿပီး သူ႔အိမ္ဆီကို ေခၚသြားလို႔ ရႏိုင္တယ္။ အခြင့္အေရးရွိမယ္ဆိုရင္ အာကာသ ကို သြားၿပီး လွပတဲ့ဥကၠာခဲေလးေတြကို ေကာက္ၿပီး အလွဆင္လို႔ေတာင္ ရႏိုင္တယ္။ စီနီယာအျဖဴ က သူ႔အႀကံကို သူ သေဘာက်သြားတယ္။ ရူဟန္က ေခါင္းညိတ္လိုက္ၿပီး ေရွ႕ကို လွမ္းတက္ကာ ေဆာင္းႏွင္းျမူ နန္းေတာ္ကုိ ေကာက္ယူလိုက္တယ္။ၿပီးေနာက္ စိတ္အမိန္႔ေပးလိုက္တယ္။ ခ်က္ခ်င္းပဲ သူ၊ စီနီယာအျဖဴ ၊ ရီစင့္ နဲ႔ ၾကက္သြန္ေလးတို႔က အတြင္းကမၻာဆီ ေရာက္ရွိသြားခဲ့တယ္။"အမ္.. ဆရာ.. ျပန္လာၿပီလား" ဒီအခ်ိန္မွာပဲ ပါရမီရွင္ ဗုဒၶဓားေမာ့ ေရွာင္ခ်ိဳက္ က သတိေမ့ေနတဲ့ ခ်ဴမိသားစု ဘိုးေဘးရဲ့ ကိုယ္ေပၚမွာ ေျခတစ္ဖက္ကို ေထာက္ ေျခတစ္ဖက္ကို ေဝ့ယမ္း လွဳပ္ခါေနတယ္။ "ေရွာင္ခ်ိဴက္ .. မင္းဘာလုပ္ေနတာလဲ" ရူဟန္က စိတ္ဝင္တစား နဲ႔ ေမးလိုက္တယ္။ သူမ ခ်ဴမိသားစု ဘိုးေဘး ရဲ့ ဒဏ္ရာကို ကုသေပးေနတာလား။"ဟားဟား. ဒီလိုေလ။ ခ်ိဳက္က ဆရာသင္ေပးထားတဲ့ စီနီယာဘုန္းႀကီးရဲ့ ၿခိဳးၿခံျခင္း ဒိုင္ယာရီ ကို ဖတ္ၿပီး ကန္ခ်ိဂါဘ ဝိညာဥ္ပို႔ေဆာင္ျခင္း နည္းစနစ္ နဲ႔ ေပါင္းသပ္ေနတနု္း။ ရုတ္တရက္ စိတ္ထဲမွာ ဝိညာဥ္ ပို႔ေဆာင္ခ်င္တဲ့ ဆႏၵေတြ ျဖစ္ေပၚလာတယ္။" "မင္း သင္ယူႏိုင္ခဲ့ၿပီလား။ မင္းရဲ့ ပါရမီ က မဆိုးဘူးပဲ" ရူဟန္က ဂုဏ္ျပဳစကား ဆိုလိုက္တယ္။ အခ်စ္နာက် ေနတဲ့ ငွက္ကေလး ရဲ ပါရမီကလည္း ေပါ့ေသးေသး မဟုတ္ပါလား။"ဒါေပမဲ့ မင္းအခု ခ်ဴမိသားစု ဘိုးေဘး ေပၚကို တက္ၿပီး ဘာလုပ္ေနတာလဲ။ ေနပါအုနး္။ မင္း သူ႔ဝိညာဥ္ကို ပို႔ေဆာင္ဖို႔ ႀကိဳးစားေနတာလား" ရူဟန္က ေရွာင္ခ်ိဳက္ရဲ့ ေဝ့ယမ္းေနတဲ့ ေျခတစ္ဖက္ကို ၾကည့္ၿပီး ခန္႔မွန္းလိုက္တယ္။ပါရမီရွင္ ဗုဒၶဓားေမာ့ ေရွာင္ခ်ိဳက္ က ရွက္ေသြးျဖာသြားတယ္။ "ဒီမွာ တျခားလူေတြလည္းမရွိဘူးးဆိုေတာ့ ခ်ဴမိသားစု ရဲ့ ဘိုးေဘးကို ဝိညာဥ္ပို႔ေဆာင္ျခင္း နည္းစနစ္ နဲ႔ စမ္းသပ္ၾကည့္ေနတာ။ ေစာနတုန္းက ခ်ဴမိသားစု ဘိုးေဘးက နာက်င္မွဳေၾကာင့္ ေအာ္ဟစ္ေနတာေလ။ ဒါေပမဲ့ ခ်ဳိက္ သူ႔ကို ဝိညာဥ္ပို႔ေဆာင္ျခင္း နည္းလမ္း အသံုးျပဳၾကည့္လိုက္ေတာ့ သူ႔အမူအရာက တည္ၿငိမ္သြားတယ္။ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္သြားခဲ့တယ္" ေရွာင္ခ်ိဳက္က ဂုဏ္ယူစြာ ေျပာလိုက္တယ္။ "........" ရူဟန္။ ခ်ီးတဲ့မွ .. ဒီငွက္ရူးေလး က ခ်ဴမိသားစု ဘိုးေဘးရဲ့ ဝိညာဥ္ကို ပို႔ေဆာင္ေနတာပါလား။ စီနီယာအျဖဴက ေဆာင့္ေၾကာင့္ထိုင္ၿပီး ခ်ဴမိသားစု ဘိုးေဘးကို စစ္ေဆးလိုက္တယ္။ ၿပိးေနာက္ သူက ေရွာင္ခ်ိဳက္ဘက္လွည့္ၿပီး ေထာက္ခံသလို လက္မေထာင္ျပလိုက္တယ္ "ငွက္ေလး..မင္းေကာင္းေကာင္းလုပ္ခဲ့ တယ္။ မင္းရဲ့ ဝိညာဥ္ပို႔ေဆာင္ျခင္း နည္းစနစ္ အစြမ္းက ေတာ္ေတာ္ေကာင္းတယ္" ဒီစကားကို ၾကားေတာ့ ရူဟန္က စိတ္ပူစြာ နဲ႔ ေျပာလိုက္တယ္ "စီနီယာ .. ခ်ဴမိသားစု ဘိုးေဘး မေသေသးဘူး မဟုတ္လား"ခ်ဴမိသားစု ဘိုးေဘးက တားျမစ္နယ္ေျမ ရဲ့ အႏၱရာယ္ႀကီးတဲ့ ေနရာမွာ မေသခဲ့ပါဘူး။ ေရွာင္ခ်ိဳက္ရဲ့ ဝိညာဥ္ပို႔ေဆာင္ျခင္း နည္းလမ္းေၾကာင့္ သာ ေသသြားခဲ့မယ္ ဆိုရင္ လူၾကားလို႔ေတာင္ ၾကားမွာ မဟုတ္ေတာ့ပါဘူး။ "မပူနဲ႔ ခ်ဴမိသားစု ေခါင္းေဆာင္ က အဆင္ေျပတယ္။ ေရွာင္ခ်ဳိက္ က ၾကင္နာတတ္တဲ့ စိတ္ထားရွိသူပဲ။ သူမ နားလည္တဲ့ ဝိညာဥ္ပို႔ေဆာင္ျခင္း နည္းလမ္း က ေသတဲ့ လူေတြရဲ့ ဝိညာဥ္ကို ပို႔ေဆာင္တာထက္ စိတ္ႏွလံုးတည္ၿငိမ္ ေအးခ်မ္းမွဳကို ပိုရေစတယ္။" စီနီယာအျဖဴ က ေျပာလိုက္တယ္။ ဒီအစြမ္းေၾကာင့္ ခ်ဳမိသားစု ဘိုးေဘး ရဲ့ ကိုယ္ေရာ၊ စိတ္ပါ နာက်င္ေနတဲ့ အေျခအေန ကို ပိုေကာင္းလာေစတယ္။ရွင္းျပတာကို ၾကားေတာ့ ရူဟန္က စိတ္သက္သာရာ ရသြားတယ္။ "ဟုတ္ၿပီ။ ေရွာင္ခ်ိဳက္ အရင္တုန္းက ဗုဒၶရတနာတစ္ခုကို ပိုင္ဆိုင္ဖူးတယ္ မဟုတ္လား။ သူမ ရဲ့ သဘာဝပါရမီ က ဗုဒၵရတနာရဲ့ လႊမ္းမိုးမွဳကို ခံလိုက္ရတာ ျဖစ္မယ္။ ဒါေၾကာင့္ ဗုဒၶနည္းစနစ္ ေတြကို က်င့္ႀကံခ်ိန္မွာ အက်ိဳးေက်းဇူး ႏွစ္ဆ ရတာ" စီနီယာအျဖဴ က ေျပာလိုက္တယ္။ "ဗုဒၵရတနာလား။ ဟုတ္တယ္။ ေရွာင္ခ်ိဳက္က ဓာတ္ေတာ္ပုလဲ ႏွစ္ခုကို မ်ိဳခ်ဖူးတယ္။ အဲ့ဓာတ္ေတာ္ပုလဲ နဲ႔ အခ်ိန္အေတာ္ၾကာ ေနခဲ့တာ" ရူဟန္က ၿပံဳးကာ ေျပာလိုက္တယ္။ ဒါေၾကာင့္ သူမ က ဝိညာဥ္ ပို႔ေဆာင္ျခင္း နည္းလမ္းကို ျမန္ျမန္ဆန္ဆန္ သင္ယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ေရွာင္ခ်ိဳက္ က ခ်ဴမိသားစု ဘိုးေဘးကို ဘာအမွားမွ မလုပ္ခဲ့ဘူး ဆိုတာကို သိၿပီးတဲ့ေနာက္ ရူဟန္က ေဆာင္းႏွင္းျမဴ နန္းေတာ္ကို ေအာက္ခ်လိုက္တယ္။"ဒါကို ဘယ္ေနရာမွာ ခ်ထားရမလဲ"သူ႔အတြင္းကမၻာက အဆေပါင္းမ်ားစြာ ႀကီးမားလာပါၿပီ။ လက္ရွိမွာ ကၽြန္းငယ္ေလး တစ္ခု အရြယ္ ျဖစ္လာတယ္။ ဒါေၾကာင့္ ေဆာင္းႏွင္းျမဴ နန္းေတာ္ကို ထားႏိုင္တဲ့ ေနရာ ေတာ္ေတာ္မ်ားမ်ား ရွိတယ္။စီနီယာအျဖဴ က ရူဟန္ ရဲ့ အတြင္းကမၻာကို ၾကည့္ၿပီး ခဏေလာက္စဥ္းစားကာ ေျပာလိုက္တယ္ "မင္းရဲ့အတြင္းကမၻာထိပ္ အစပ္နားမွာထားၾကည့္ပါလား"ရူဟန္ရဲ့ အတြင္းကမၻာထိပ္က ရႈပ္ေထြးေပြလီ တဲ့ တည္ေနရာႀကီးပါ။ ဒီေနရာက ထပ္မံခ်ဲ႔ထြင္ဖို႔ လိုအပ္တဲ့ ေနရာတစ္ခု လည္းျဖစ္တယ္။ ေဆာင္းႏွင္းျမဴ နန္းေတာ္ကို ဒီေနရာမွာ ခ်ထားၿပီး ပံုမွန္အရြယ္အစား အျဖစ္ ျပန္ေျပာင္းလိုက္မယ္ဆိုရင္ ရူဟန္ရဲ့အတြင္းကမၻာက ခ်ဲ႔ထြင္လိုက္သလို ျဖစ္သြားမွာ မဟုတ္လား။ဒါကို ၾကားေတာ့ ရူဟန္ ရဲ့ မ်က္လံုးေတြက ေတာက္ပသြားတယ္။ ဒါေၾကာင့္ သူက ေဆာင္းႏွင္းျမဴ နန္းေတာ္ကို အတြင္းကမၻာအစပ္နားမွာ ထားလိုက္တယ္။"ရီစင့္" ရူဟန္က ရီစင့္ကို ေခါင္းလွည့္ၾကည့္လိုက္တယ္။ "အဆင္သင့္ပဲ" ရီစင့္က ေသေစႏိုင္တဲ့ ေအးစက္ျခင္း ဓားကို ထုတ္ယူလိုက္တယ္။"ေဆာင္းႏွင္းျမဴ နန္းေတာ္ ျပန္ခ်"ေနာက္ေတာ့ ေရွးေကာင္းကင္ဘံုၿမိဳ႕ က ပိုင္ဆိုင္တဲ့ ဒီနန္းေတာ္ က ရူဟန္ ရဲ့ အတြင္းကမၻာထဲမွာ စတင္ ႀကီးမား ခ်ဲ႕ထြင္လာခဲ့တယ္။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Donde viven las historias. Descúbrelo ahora