အပိုင်း (၉၇၇)

120 28 0
                                    


#Unicode


ငါ့ပရိသတ် သူငယ်ချင်းလေး ရူဟန် ဖို့ သီချင်းအသစ်။

အမြင့်ဆုံး အသံ ဆိုတာထက် ပိုပြီး မြင့်မားစွာ ကျယ်လောင်တဲ့ အသံတစ်ခု .. ဒါက ဓမ္မဘုရင်ရဲ့ အသံ မဟုတ်လား။ သီချင်း က လည်း သူ့ရဲ့ သေခြင်း ကိုးမျိုး အသံပါ။

လ်ိုင်ချီးရဲ့ ချာချာလည် မွှေ့ရမ်းခြင်း ကြောင့် လှည်ပတ်နေချိန်မှာ သီဆိုထားတဲ့ စီင်္နီယာဓမ္မဘုရင်ရဲ့ အသံကို ရူဟန်က ကောင်းကောင်း မှတ်မိနေတယ်။ ဒါက တစ်ဖက်လူကို သေချင်စိတ် ပါ ပေါက်စေတဲ့ အသံလေ။

ဒါပေမဲ့ ဘာလို့ ကြက်သွန်လေး က ဓမ္မဘုရင်ရဲ့ သီချင်းကို နားထောင်ရတာလဲ။ ပြီးတော့ အရွယ်အစား လျော့ချခြင်း အိတ်ထဲမှာလေ။ ဒါက သေလမ်းရှာတာနဲ့ တူတူပဲ မဟုတ်လား။

ဒါပေမဲ့ အခု ဒီကိစ္စက ပြဿနာမဟုတ်ပါဘူး။ အရွယ်အစားလျော့ချခြင်း အိတ်ထဲက အသံ ထွက်ပေါ်လာတော့ နောက်ဆက်တွဲ ဖြစ်ရပ်တွေ လိုက်လာတယ်။ ဒီသီချင်း ကို နားထောင်လိုက်ရင် မူးနောက်ပြီး အန်ချင်သလို ဖြစ်စေတယ်။ သေခြင်းခုနှစ်မျိုး သီချင်းသံ ထွက်လာရင် ကိုယ်ထဲက ဝိညာဉ်ပါ လန့်ပြေးစေမှာပါ။

"ချီးတဲ့မှ .. အတွင်းကမ္ဘာကို မြန်မြန်ပြန်စို့" ရူဟန် က အာရုံစိုက်ပြီး အားလုံးကို အတွင်းကမ္ဘာဆီ ခေါ်သွားဖို့ ပြင်လိုက်တယ်။

ဒါပေမဲ့ ဒီအချိန်မှာပဲ ဓားပိုးကောင်တွေက ရီစင့်ရဲ့ အကာအကွယ်ကို တိုက်ခိုက်တာ ရပ်သွားတယ်။

"အမ်.. ရပ်သွားကြတာလား" ရီစင့် က ပြောလိုက်တယ်။

"သူတို့ ရပ်သွားပြီ။ ဖြစ်နိုင်တာက ..." ရူဟန် က အရွယ်အစား လျော့ချခြင်း အိိတ်ထဲကို ကြည့်လိုက်တယ်။

ကြက်သွန်လေး ရဲ့ သနားစဖွယ် အော်သံ က ပိုက်ဆံအိတ်ထဲက ထွက်လာတယ် "ငါ့ကို ကယ်ပါ.."

ရူဟန် က အရွယ်အစား လျော့ချခြင်း အိတ်ကို ဖွင့်ပြီး ဖုန်းကို ထုတ်ယူလိုက်တယ်။ ဓမ္မဘုရင်ရဲ့ အသံ က ပိုမိုရှင်းလင်းပြီး ကျယ်လောင်လာတယ်။

"Buzz, buzz, buzz~" အနားက ဓားပိုးကောင်တွေ ရဲ့ အသံ ထွက်ပေါ်လာတယ်။

"ဒီသီချင်းက တော်တော်စိတ်ဝင်စားစရာ စွမ်းရည်မျိုး ရှိတာပဲ" ရူဟန် က ခဏလောက် စဉ်းစားလိုက်တယ်။ ပြီးနောက် ပြောလိုက်တယ် ရီစင့် ငါတို့ရဲ့ အကြားအာရုံကို စည်းခတ်ရအောင်"

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Onde histórias criam vida. Descubra agora