အပိုင်း (၉၆၅)

115 24 2
                                    


#Unicode


လုံးဝ စိတ်ဒုက္ခရောက်သွားစေတယ်။

ကြီးမြတ်တဲ့အဖြူ က မြေပေါ်ကို ကျဆင်းနေစဉ်မှာ စည်းတွေကို စတင်ချိုးဖျက်လိုက်တယ်။

သူ့ခန္ဓာကိုယ်ပေါ်မှာ ရှိတဲ့ စည်းတွေက စုပေါင်းပြီးတော ့စစ်တပ်ကြီး တစ်ခုလို ခိုင်မာတယ်။ သူက တစ်ခုကို ချိုးဖျက်ဖို့ ကြိုးစားစဉ်မှာ တခြားသော ၉၉ ခု က ပါ တုံ့ပြန်နေတယ်။

စည်းချိုးဖျက်ရတဲ ့ဖြစ်စဉ်က တကယ်ပဲ ခက်ခဲပြီး ရှုပ်ထွေးတယ်။ သာမာန်အခြေအနေမှာ ဒီအဆင့် စည်းတွေ အားလုံးက ပြန့်ကျဲနေမယ်ဆိုရင် အဆင့်ခုနှစ် ကြီးမြတ်သူ တစ်ယောက် အနေနဲ့ ချိုးဖျက်ဖို့ အချိန် ဆယ်မိနစ်လောက် လိုအပ်ပါတယ်။ အခု စည်းပေါင်းတစ်ရာ က စုဖွဲ့ပြီး စစ်တပ်ကြီး တစ်ခုလို ဖြစ်တည်နေတာ ကြောင့် ခက်ခဲမှု အဆင့်က ဆယ်ဆလောက် တိုးသွားခဲ့တယ်။

တစ်ချိန်တည်းမှာပဲ စီနီယာအဖြူ ရဲ့ ကျဆင်းမှု အရှိန်နှုန်း က မြေဆွဲအားအပြင် စည်းထဲမှာ ဖုံးကွယ်ထားတဲ့ အမြန်နှုန်း တိုးတက်စေသော နည်းစနစ် တွေကြောင့် ပိုပြီး မြန်ဆန်လာတယ်။

ဂိမ်းစတင်ကတည်း က အခုချိန်ထိ ကြီးမြတ်တဲ့အဖြူ က စည်းတစ်ခုကိုပဲ ဖြေရပါသေးတယ်။ ဒါကိုတောင်မှ သူက အနည်းငယ် အားစိုက်ထုတ်နေရတယ်။

ဒီလိုသာဆိုရင် အမြင့်ပေ မီတာခြောက်သောင်းကနေ ကျဆင်းလာချိန်မှာ စည်းတစ်ရာ ကို ဖြေဖို့ က အရမ်းခက်ခဲသွားလိမ့်မယ်။ ဒီစည်းတွေကို ဖြေဖို့ အမြန်ဆုံးနည်းလမ်းကို ငါစဉ်းစားရမယ်။ ကြီးမြတ်တဲ ့အဖြူ က တွေးလိုက်တယ်။

ဒီအချိန်မှာတော့ ကြီးမြတ်တဲ့အဖြူ နဲ့ ကျောင်းတော်သား အိုကြီး တို့က ဇောက်ထိုးကြီး ဆင်းသက်လာကြတာဖြစ်ပါတယ်။ ဒီပုံစံ အတိုင်းသာ ဆက်လက်ကျဆင်း သွားမယ် ဆိုရင် မြေပြင် ကို အာဘွား ရှလူး ရမှာ သေချာတယ်။

ဒါကြောင့် စည်းတွေကို ဖြေနေစဉ်မှာပဲ ကြီးမြတ်တဲ့အဖြူ က သူ့ရဲ့ ခန္ဓာကိုယ် ပုံသဏ္ဍာန်ကို အနည်းငယ် ပြောင်းလဲလိုက်တယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Tempat cerita menjadi hidup. Temukan sekarang