အပိုင်း (၉၈၈)

109 28 0
                                    


#Unicode


စီနီယာအဖြုူ က မင်းတို့ အားလုံးကို အားဖြည့်ပေးမယ်။

တကယ်တော့ မင်းတို့ငယ်ငယ်တုန်း က နို့သောက်ခဲ့ရဲ့လားလို့ မေးရမှာဖြစ်တယ်။ မဟုတ်သေးဘူး။ သူတို့ က ပင်လယ် မွန်းစတားတွေ ပင်လယ်ရေ သောက်ခဲ့ရဲ့လား လို့ မေးရမှာ ဖြစ်တယ်။

စီနီယာအဖြျူ က ဆယ်မီတာ ရှည်တဲ့ကား တည်နေရာ ဆီ ရောက်ရှိလာပြီးနောက် ပင်လယ်မွန်စတားသုံးကောင် တိုက်ခိုက်တာကို လက်ပိုက်ပြီး ခံယူနေတဲ့ ရူဟန် ကို မြင်လိုက်တယ်။

စီနီယာအဖြူ နဲ့ ရီစင့်တို့က လေထဲမှာ ပေါ်လာပြီး မေးလိုက်တယ်။ "အမ်.. ရူဟန်..မင်း ဘာကစားနည်း ကစားနေတာလဲ။"

"အမ်.. စီနီယာအဖြူ ပြန်လာပြီလား။ အားရှီလျှူ ကပ်ဘေးကျော်လာခဲ့ ပြီလား" ရူဟန် က မေးလိုက်တယ်။

စီနီယာအစ်မ ရီစင့် က ခေါင်းညိတ်လိုက်တယ် "ဒီကောင်မလေး က ကပ်ဘေးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီ။ ငါ့ ဖြစ်စဉ် တစ်ခုလုံးကို မှတ်တမ်းတင်ထားတယ်။ ပြီးမှာ ပြန်ပြမယ်။ ဒါပေမဲ့ မင်းအခု ဘာလုပ်နေတာလဲ"

အားရှီလျှူ ကပ်ဘေး ကျော်ဖြတ်နိုင်ခဲ့တယ် ဆိုတာကို ကြားတော့ ရူဟန် က ကြိတ်ပြီး စိတ်ချမ်းသာ သွားတယ်။ ပြီးတော့ ရှီလျှူ က တစ်ခါကျရှုံးပြီးသားလေ။ ဒီတစ်ကြိမ် ထပ်ပြီး ကျရှုံးမယ် ဆိုရင် သူမ ရဲ့ ကျင့်ကြံခြင်း ကအဆင့်သုံးမှာ ရပ်တန့်သွားနိူင်တယ်။

အနှစ်ချုပ် ပြောရမယ် ဆိုရင်သူမ ကပ်ဘေးကို အောင်အောင်မြင်မြင် နဲ့ ကျော်ဖြတ်နိုင်ခဲ့တယ် ဆိုတာ ကောင်းမွန်တဲ့ကိစ္စ တစ်ခုပါပဲ။

ပြီင်္းနောက် ရူဟန် က ပြန်ပြောလိုက်တယ် "မင်း မြင်တဲ့အတိုင်းပဲ။ အရိုက်ခံနေတာလေ"

ပင်လယ်မွန်းစတား သုံးကောင် က ဆက်လက် တိုက်ခိုက်နေတုန်းပါပဲ။ သူတို့က ကြီးမြတ်တဲ့အဖြူ နဲ့ စီနီယာအစ်မရီ တို့ကို မြင်တော့ တိုက်ခိုက်တာ အရှိန်နှေးသွားတယ်။ ချီးတဲ့မှ . လူကြီးမင်း စွန်းရူဟန် ရဲ့ တပ်ကူတွေ ရောက်လာပြီ။ ငါတို့ သုံးယောက်တွေ သွားပြီ။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Where stories live. Discover now