အပိုင်း (၉၈၀)

121 29 0
                                    


#Unicode


ကားဝယ်တာက အချိန်သိပ်မကုန်ပါဘူး။

ဒါပေမဲ့ စီနီယာအဖြူ က လူရှင်းတဲ့နေရာရောက်အောင် တော်တော်ဝေးဝေး ထိ မောင်းလာပြီးမှ ကားကို သူ့သိုလှောင်အိတ်ထဲ ထည့်လိုက်တာ ဖြစ်တယ်။

ပြီးနောက် လူတွေ အများကြီးမှာ ဆယ်မီတာကျော် ရှည်တဲ့ ကားကြီးကို ဖျောက်လိုက်လို့လည်း မဖြစ်ဘူးလေ။ ဒါက မျက်လှည့်ပြပွဲမှ မဟုတ်တာ။

"အခုခေတ်မှာ လူရှင်းတဲ့နေရာကို ရှာရ တော်တော်ခက်တာပဲ" ကြိးမြတ်တဲ့အဖြူ က ပြောလို်က်တယ်။ ပြီးနောက် သူက ဖုန်းကို ထုတ်လိုက်တယ်။ သူ ကားမောင်းနေစဉ်မှာ ဖုန်းက မက်ဆေ့တွေ အများကြီး ဝင်လာနေတယ်။

ဖုန်းကို ဖွင့်လိုက်တော့ ရူဟန်က ကိုးစီရင်စု ကို စာပို့ပြီး အကူအညီတောင်းထားတာကို မြင်လိုက်ရတယ်။

"အမ်.. တကယ်လား။ ငါထွက်သွားတာ ခဏပဲ ရှိသေးတယ်။ သူငယ်ချင်းလေး ရူဟန် က ဓားပိုးကောင်တွေ အုပ်လိုက်ကြီး တိုက်ခိုက်တာကို ခံနေရတယ် ပေါ့။ သူ့ကံ တော်တော်ဆိုးတာပဲ" ကြီးမြတ်တဲ့အဖြူ က ဖုန်းပေါ်က အချိန်ကို ကြည့်ပြီး ပြောလိုက်တယ်။

အင်း.. သူ အချိန်တော်တော် ကြာသွားခဲ့တာပဲ။

ပြဿနာ က လူရှင်းတဲ့ နေရာဆီကို မောင်းလာရင်း အချိန်တော်တော်များများ ဖြုန်းတီးခဲ့ သလို ဖြစ်ခဲ့ တယ်။

ပြီးတော့ သူ့ရတနာအိမ်ကလည်း တော်တော်ကြီးတာကြောင့် ပစ္စည်းရှာရတာ သိပ်မလွယ်ဘူး။

သူအားတဲ့အချိန်မှာ ရတနာအိမ်ကို စီမံဖို့ ရုပ်သေး ကိုယ်ပွားတစ်ချို ထားဖို့ စဉ်းစားလိုက်မိတယ်။ ခေတ်သစ် သိုလှောင်ရုံ စီမံခန့်ခွဲမှု စနစ် အတိုင်း ပစ္စည်းတစ်ခုချင်းစီရဲ့ နေရာ ကို တစ်ခုချင်း မှတ်တမ်းတင်ထားမယ်။ ဒါမှ နောက်တစ်ခါ ရှာရင် လွယ်ကူသွားမှာပါ။

"နေပါအုန်း.. အခု က ရတနာအိမ်ကို ပြန်စီစဉ်ဖို့ စဉ်းစားရမယ့် အချိန်မဟုတ်သေးပါဘူး။ ငါ ရူဟန် ကို အရင် သွားကယ်ရမယ်။" ကြီးမြတ်တဲ့အဖြူ က ဖုန်းကို သိမ်းလိုက်တယ်။ ပြီးနောက် တည်နေရာစွမ်းအားကို အသက်သွင်းလိုက်တယ်။ ချက်ချင်းပဲ သူရှိတဲ့ နေရာကနေ ပျောက်ကွယ်သွားပြီး တားမြစ်နယ်မြေဆီ ဦးတည်သွားနေတယ်။

ကျင့်ကြံသူတို့ စကားဝိုင်း အတွဲ (၂)Waar verhalen tot leven komen. Ontdek het nu